ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၁၅ စာ. ၁၀-၁၁
  • သေခြင်းအကြောင်း ကလေး မေးလာတဲ့အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေခြင်းအကြောင်း ကလေး မေးလာတဲ့အခါ
  • နိုးလော့!—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်နိုင်ရန် သင့်ကလေးအား ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ကလေးများကို နို့စို့အရွယ်မှ စလေ့ကျင့်ပေးခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • သင့်သားသမီးများအား ကာကွယ်ပေးနိုင်ပုံ
    နိုးလော့!—၂၀၀၇
  • သားသမီးတစ်ယောက် အသက်ဆက်ရှင်ချင်စိတ် မရှိတော့တဲ့အခါ
    မိသားစုအတွက် အကူအညီ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၂/၁၅ စာ. ၁၀-၁၁
သားအဖနှစ်ယောက် စကားပြောနေ

မိသားစုအတွက်အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

သေခြင်းအကြောင်း ကလေး မေးလာတဲ့အခါ

အခက်အခဲ

ခြောက်နှစ်သား ကလေးက သင့်ကို “အဖေ၊ အဖေ တစ်နေ့ သေမှာလား” လို့ မေးလိုက်တဲ့အခါ ထိတ်လန့်သွားပြီး ‘ငါ့သားလေးက ရှင်းပြရင် နားလည်နိုင်တဲ့ အရွယ်ရောက်ပြီလား။ သေခြင်းအကြောင်း ငါ ဘယ်လို ပြောပြရင် ကောင်းမလဲ’ ဆိုပြီး သင် စဉ်းစားမိနိုင်တယ်။a

သိသင့်သိထိုက်ရာ

ကလေးတွေလည်း သေခြင်းအကြောင်း စဉ်းစားတတ်ပါတယ်။ တချို့ဆိုရင် သေချင်ယောင်ဆောင်တဲ့ ကစားနည်းတွေ ကစားကြတယ်။ ဒါကြောင့် သေခြင်းအကြောင်းပြောတာဟာ အမင်္ဂလာပဲဆိုပြီး မပြောဘဲ မနေသင့်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ကလေးသိချင်တာကို ပြောပြသင့်တယ်။ သေခြင်းအကြောင်း ကလေးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားတယ်ဆိုရင် ချစ်ရတဲ့သူတစ်ယောက် သေသွားတဲ့အခါ ကိုယ့်ရဲ့ ကလေးက ယူကျုံးမရ ဖြစ်မနေတော့ဘူး။

သေခြင်းအကြောင်း ပြောပြထားရင် သင့်ကလေးက စိတ်ချောက်ချားမှာ မဟုတ်တော့ဘူး။ ကြောက်စိတ်တွေလည်း ဝင်လာမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ တစ်ခါတလေ သူတို့ ထင်ယောင်ထင်မှားဖြစ်နေတာတွေကို နားလည်အောင် ရှင်းပြပေးဖို့ လိုကောင်းလိုမယ်။ ဥပမာ၊ ခြောက်နှစ်အောက်ကလေးငယ်တွေက သေခြင်းကို ဘဝရဲ့အဆုံးလို့ မသတ်မှတ်ကြဘူးဆိုပြီး ပညာရှင်တချို့က ပြောတယ်။ သူတို့ဆော့ကစားတဲ့အခါ ခဏလောက်ပဲ သေဟန်ဆောင်ပြီး ခဏကြာရင် ပြန်ရှင်လာကြတယ်။

ကလေးအသက်နည်းနည်းကြီးလာတဲ့အခါ သေခြင်းဆိုတာက သူထင်ထားသလောက်ပဲ မဟုတ်ဘူးလို့ သိလာတယ်။ အထူးသဖြင့် သူချစ်ရတဲ့သူတစ်ဦး သေဆုံးသွားတဲ့အခါ သူတို့မှာ မေးခွန်းတွေ၊ စိုးရိမ်စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေ ပေါ်လာမှာပဲ။ ဒါ့ကြောင့် သူတို့နဲ့ ဒီအကြောင်းဆွေးနွေးပြောဆိုဖို့ လိုတယ်။ “သေခြင်းအကြောင်းကို အိမ်မှာပြောခွင့်မပေးဘူးဆိုရင် ကလေးက စိုးရိမ်စိတ်ပိုများလာမယ်” ဆိုပြီး စိတ်ကျန်းမာရေးပညာရှင် မာရီယွန် အာဇာက ဖော်ပြခဲ့တယ်။

ဘာပြောရမလဲဆိုပြီး စိုးရိမ်နေစရာမလိုပါဘူး။ လေ့လာမှုတစ်ခုအရ ကလေးတွေဟာ “အမှန်ကို အမှန်အတိုင်း ကြင်ကြင်နာနာ ရှင်းပြရင် ကျေနပ်ကြတယ်” လို့ သိရတယ်။ ကလေးတွေ မေးခွန်းမေးတာက သိချင်ကြလို့ပါ။

လုပ်ဆောင်နိုင်ရာ

သေခြင်းအကြောင်း ဆွေးနွေးပြောဆိုဖို့ အခွင့်ကောင်းရှာပါ။ လမ်းသွားနေရင်း ငှက်သေတစ်ကောင်ကို ကလေးတွေ့ရင် ဒါမှမဟုတ် ချစ်ရတဲ့အိမ်မွေးတိရစ္ဆာန် သေသွားရင် ကိုယ့်ရဲ့ကလေး စကားပြောလာအောင် မေးခွန်းရိုးရိုးလေးတွေ မေးပါ။ ဥပမာ၊ သင် ဒီလိုမေးနိုင်တယ်– “သေသွားတဲ့တိရစ္ဆာန်က ဆင်းရဲဒုက္ခခံနေရသလား။ ချမ်းနေမလား၊ ဗိုက်ကောဆာနေမလား။ လူတစ်ယောက် ဒါမှမဟုတ် တိရစ္ဆာန်တစ်ကောင်သေသွားတယ်ဆိုတာကို ဘယ်လို သိနိုင်သလဲ။”—ကျမ်းစာအကြံပြုချက်– ဒေသနာ ၃:၁၊ ၇။

အဖြစ်မှန်ကို ဖုံးကွယ်မထားပါနဲ့။ အသိတစ်ယောက် ဒါမှမဟုတ် ဆွေမျိုးတစ်ယောက် သေသွားတဲ့အခါ “သူ အဝေးကြီးကို ထွက်သွားတယ်” ဆိုပြီး သွယ်ဝိုက်မပြောပါနဲ့။ ဒီလိုပြောရင် သေသွားသူဟာ မကြာခင် ပြန်လာမယ်လို့ ကလေး ထင်သွားနိုင်တယ်။ အဲဒီအစား ရိုးရှင်းပြီး တိုက်ရိုက်ကျတဲ့ ဒီလိုစကားမျိုး ပြောနိုင်တယ်– “အဘွားသေသွားတာနဲ့ သူ့ခန္ဓာကိုယ်က အလုပ်မလုပ်တော့ဘူး။ သူ့ကို စကားပြောလို့မရနိုင်တော့ဘူး။ ဒါပေမဲ့ သူ့ကိုတော့ အမြဲတမ်း သတိရနေမယ်။”—ကျမ်းစာအကြံပြုချက်– ဧဖက် ၄:၂၅။

သေတာက ကူးစက်တတ်တယ်လို့ ကလေး ထင်တတ်တာကြောင့် အဲဒီလိုမဟုတ်ဘူးဆိုတာကို ရှင်းပြပါ

ကလေးစိတ်အေးသွားအောင် အားပေးပါ။ သူ့လုပ်ရပ်၊ သူ့အတွေးကြောင့် သေသွားတယ်လို့ ကလေးက ထင်မိနိုင်တယ်။ “သေသွားတာ သားကြောင့်မဟုတ်ပါဘူး၊ ဘာကြောင့် အဲဒီလို ထင်ရတာလဲ” ဆိုပြီး မေးနိုင်တယ်။ သူ ဖြေတာကို ကောင်းကောင်း နားထောင်ပေးလိုက်ပါ၊ ပြစ်တင်ဝေဖန်တာမျိုး မလုပ်ပါနဲ့။ ပြီးတော့ သေတာက ကူးစက်တတ်တယ်လို့လည်း ကလေး ထင်တတ်တာကြောင့် အဲဒီလိုမဟုတ်ဘူးဆိုတာ ရှင်းပြပါ။

အလိမ္မာသုံးပြီး ကလေး စိတ်ထဲရှိတာကို ဖွင့်ပြောလာအောင် လုပ်ပါ။ သင့်ကလေး တစ်ခါမှမမြင်ဖူးတဲ့ ဆွေမျိုးတွေအပါအဝင် ချစ်ရတဲ့သေဆုံးသွားသူတွေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။ ဦးလေး၊ အဒေါ်၊ အဘိုးအဘွားတွေနဲ့ပတ်သက်ပြီး သတိရစရာအကြောင်းလေးတွေကို ပြောပြနိုင်တယ်။ သူတို့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုပေးတာက သူတို့အကြောင်း စဉ်းစားနိုင်တယ်၊ ပြောဆိုနိုင်တယ်ဆိုတာ ကလေးကို နားလည်စေတယ်။ တစ်ချိန်တည်းမှာ သေခြင်းအကြောင်း ကလေး မပြော၊ ပြောရအောင် အတင်းဖိအားပေးတာမျိုးတော့ မလုပ်ပါနဲ့။ သင့်တော်တဲ့အချိန် တစ်ချိန်ချိန်မှာ အဲဒီအကြောင်းကို ပြန်ပြောဆိုနိုင်ကြပါတယ်။ —ကျမ်းစာအကြံပြုချက်– သုတ္တံ ၂၀:၅။

ကြီးမြတ်သောဆရာထံမှ သင်ယူပါ စာအုပ်ရဲ့ အခန်း ၃၄ နဲ့ ၃၅ ဟာ သေခြင်းနဲ့ ပတ်သက်ပြီး ကျမ်းစာဘာပြောသလဲ ဆိုတာကို သင့်ကလေးနားလည်အောင် ကူညီပေးနိုင်ပါတယ်။ စာအုပ်စာပေများ > စာအုပ်ကြီးနဲ့ စာစောင်များ ဆိုတဲ့အပိုင်းမှာ ကြည့်ပါ။

a ဒီဆောင်းပါးက ကလေးငယ်အားလုံးအတွက် ဖြစ်ပါတယ်။

ကျမ်းစာအကြံပြုချက်များ

  • “တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ၏။”—ဒေသနာ ၃:၁၊ ၇။

  • “မှန်သောစကားကိုသာ ပြောဆိုကြလော့။”—ဧဖက် ၄:၂၅။

  • “လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့်တူသော်လည်း ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။”—သုတ္တံ ၂၀:၅။

ပြောပြထားရမယ့် အရေးကြီးတဲ့ အကြောင်းအရာများ

ချစ်ရတဲ့သူတစ်ယောက် သေဆုံးသွားတဲ့အခါ ကလေးငယ်မှာ ကြောက်စိတ် မရှိရအောင် အောက်ဖော်ပြပါအကြောင်းအရာတွေကို ရှင်းပြပေးပါ။

  • ချစ်ရတဲ့သူတစ်ယောက် သေဆုံးသွားလို့ သူလည်း သေမယ်ဆိုတာ မဟုတ်ပါဘူး။

  • အဖေသာ တစ်ခုခုဖြစ်ခဲ့ရင် သားကို ဆွေမျိုးတွေက ဝိုင်းကြည့်ပေးမှာပါ၊ ပစ်မထားပါဘူး။

  • လူသေသွားရင် ဘာမှမခံစားရတော့ဘူး။

  • သေသွားတဲ့သူကို မေ့သွားမှာမဟုတ်ဘူး။ “အခု အဘွား သေသွားလို့ သူ့ကို နောက်မတွေ့နိုင်တော့ပေမဲ့ အဘွားကို အမြဲသတိရနေမှာပါ” ဆိုပြီး ရှင်းပြနိုင်တယ်။

ကလေးကို ဘာမှမရှင်းပြထားရင် သူ စိုးရိမ်နေလိမ့်မယ်၊ ပြီးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကိုပဲ လျှောက်တွေး နေလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ