ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၅ စာ. ၁၆
  • ပိုးဖလံရဲ့ ထူးခြားလှတဲ့ အကြားအာရုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပိုးဖလံရဲ့ ထူးခြားလှတဲ့ အကြားအာရုံ
  • နိုးလော့!—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • လှပသော ပိုးဖလံ
    နိုးလော့!—၂၀၀၂
  • မာတိကာ
    နိုးလော့!—၂၀၁၅
  • မာတိကာ
    နိုးလော့!—၂၀၀၂
  • သင့်အကြားအာရုံကို ကာကွယ်လော့!
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၃/၁၅ စာ. ၁၆
ပိုးဖလံ

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ပိုးဖလံရဲ့ ထူးခြားလှတဲ့ အကြားအာရုံ

ပိုးဖလံဟာ တခြားသတ္တဝါတွေထက် အမြင့်သံတွေကို ပိုပြီး ကြားနိုင်တယ်။ ဖွဲ့စည်းထားပုံ ရိုးရှင်းတဲ့ သူတို့ရဲ့နားဟာ ပင်အပ်ထိပ်ဖျားလောက်သာ ရှိတယ်။

သုံးသပ်ကြည့်ပါ– ပိုးဖလံရဲ့ အကြားအာရုံနဲ့ပတ်သက်ပြီး လေ့လာမှု လုပ်ခဲ့ကြတာကြာပြီ။ စကော့တလန်နိုင်ငံ၊ စထရက်ခလိုက် တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ မကြာခင်ကမှ ပိုးဖလံရဲ့ အနိမ့်သံ၊ အမြင့်သံကြားနိုင်တာနဲ့ပတ်သက်ပြီး စမ်းသပ်လေ့လာခဲ့တယ်။ နားစည်ရဲ့တုန်ခါမှုကို တိုင်းတာခဲ့ကြတယ်။ ပြီးတော့ အကြား အာရုံကြောတွေရဲ့ လုပ်ဆောင်ချက်တွေကို မှတ်သားထားကြတယ်။ ပိုးဖလံရဲ့ “နားစည်” ဟာ ကြိမ်နှုန်း ကီလိုဟာ့ဇ် ၃၀၀ ရှိတဲ့ အသံကိုတောင် ကြားနိုင်တယ်။ ပဲ့တင်ထပ်သံကြားနိုင်နှုန်းကို နှိုင်းယှဉ်ကြည့်တဲ့အခါ လင်းနို့ဆိုရင် ၂၁၂ ကီလိုဟာ့ဇ်၊ လင်းပိုင်ကျတော့ ၁၆၀ ကီလိုဟာ့ဇ်အထိ အသီးသီး ကြားနိုင်ကြတယ်။ လူတွေကျပြန်တော့ ၂၀ ကီလိုဟာ့ဇ်ထက်ကျော်ရင် မကြားနိုင်တော့ဘူး။

သုတေသီတွေက ပိုးဖလံရဲ့ ထူးခြားလှတဲ့ ကြားနိုင်စွမ်းကို နည်းပညာသစ်ရဲ့အခြေခံအဖြစ် အသုံးပြုချင်ကြတယ်။ ပိုးဖလံရဲ့ ထူးခြားလှတဲ့ ကြားနိုင်စွမ်းဟာ ပိုသေးငယ်ပြီး အရည်အသွေးကောင်းတဲ့ မိုက်တွေတီထွင်ဖို့ အကူအညီ ဖြစ်စေနိုင်မယ်လို့ ယူဆကြတယ်။ ပြီးတော့ လက်ကိုင်ဖုန်း၊ အကြားအာရုံ အထောက်အကူပြု နားကြပ်လို ပစ္စည်း ကိရိယာတွေမှာ ထည့်သွင်းပေးနိုင်မယ်လို့ စထရက်ခလိုက် တက္ကသိုလ်က ပါမောက္ခ ဂျိမ်း ဝီန်မေးလ်က ပြောပြတယ်။

သင် ဘယ်လို ထင်ပါသလဲ။ ပိုးဖလံရဲ့ ထူးခြားလှတဲ့ အကြားအာရုံဟာ အလိုအလျောက် ဖြစ်လာနိုင်ပါ့မလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ဖန်တီးပေးထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ