ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၁၅ စာ. ၁၆
  • ကြောင်နှုတ်ခမ်းမွေး အသုံးဝင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြောင်နှုတ်ခမ်းမွေး အသုံးဝင်ပုံ
  • နိုးလော့!—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြောင်များ တောဝင်သွားချိန်ဝယ်
    နိုးလော့!—၂၀၀၄
  • မာတိကာ
    နိုးလော့!—၂၀၁၅
  • တွေ့ရခဲတဲ့ ကန္တာရတောကြောင်
    နိုးလော့!—၂၀၁၃
  • ကြောင်လျှာ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၄/၁၅ စာ. ၁၆
ကြောင်တစ်ကောင်

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ကြောင်နှုတ်ခမ်းမွေး အသုံးဝင်ပုံ

ကြောင်တွေဟာ ညအချိန်မှာ ကျက်စားလေ့ရှိတယ်။ သူတို့ရဲ့ နှုတ်ခမ်းမွေးတွေဟာ အနီးဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေကို ခွဲခြားရာမှာ၊ အထူးသဖြင့် ညအမှောင်ထဲ သားကောင်ရှာရာမှာ အကူအညီပေးပုံရတယ်။

စဉ်းစားကြည့်ပါ– ကြောင်နှုတ်ခမ်းမွေးပေါက်တဲ့နေရာမှာ အာရုံကြောတွေ အများကြီး ရှိတယ်။ အဲဒီအာရုံကြောတွေဟာ အညင်သာဆုံး လေလှုပ်ရှားမှုကိုတောင် သိနိုင်တယ်။ ဒါကြောင့် ကြောင်တွေဟာ အနားမှာရှိတဲ့ အရာဝတ္ထုတွေကို မမြင်ရပေမဲ့လည်း ခွဲခြားသိမြင်နိုင်တဲ့အတွက် အမှောင်ထဲမှာဆိုရင် ဒါက အားသာချက်ပဲ။

ကြောင်နှုတ်ခမ်းမွေးရဲ့ အာရုံခံနိုင်စွမ်း အရမ်းကောင်းတဲ့အတွက် ကြောင်တွေဟာ အရာဝတ္ထု၊ သားကောင်ရှိတဲ့ နေရာနဲ့ လှုပ်ရှားမှုကို ခန့်မှန်းနိုင်ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းမွေးဟာ ဝင်ပေါက်ထွက်ပေါက်ကို မဖြတ်ခင် အဝအကျယ်ကို တိုင်းတာရာမှာလည်း ကူညီပေးတယ်။ “နှုတ်ခမ်းမွေးတွေရဲ့ အသုံးဝင်ပုံကို အနည်းငယ်လောက်ပဲ နားလည်ထားပါတယ်၊ ဒါပေမဲ့ အဲဒါကို ညှပ်ပစ်လိုက်ရင် သူတို့ရဲ့ စွမ်းဆောင်ရည် ခဏတာ ကျဆင်းသွားတယ်” ဆိုတာကို ဗြိတိန်နီကာစွယ်စုံကျမ်းမှာ အသိအမှတ်ပြု၊ ဖော်ပြထားတယ်။

အတားအဆီးတွေကို စက်ရုပ်တွေ ရှောင်ကွင်းသွားနိုင်အောင် ကြောင်နှုတ်ခမ်းမွေးလို အာရုံခံနိုင်တဲ့ ကိရိယာတွေကို တပ်ဆင်ပေးဖို့ သိပ္ပံပညာရှင်တွေ တီထွင်နေကြတယ်။ အီးဝစ်စ်ကာ (e-whiskers) လို့ ခေါ်ကြတဲ့ အဲဒီအာရုံခံ ကိရိယာကို “နောက်ထပ် ထုတ်လုပ်မယ့် စက်ရုပ်တွေမှာ၊ လူတွေအသုံးပြုတဲ့ ပစ္စည်းကိရိယာတွေမှာ၊ ကျန်းမာရေး အသုံးအဆောင်ပစ္စည်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်အသုံးပြုသင့်တယ်” လို့ ဘာကလေမြို့မှာရှိတဲ့ ကယ်လီဖိုး နီးယားတက္ကသိုလ်က သိပ္ပံပညာရှင် အလီ ဂျာဗေး ကပြောပြတယ်။

သင် ဘယ်လို ထင်ပါသလဲ။ အသုံးဝင်လှတဲ့ ကြောင် နှုတ်ခမ်းမွေးဟာ အလိုလို ဖြစ်လာတာလား၊ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ