ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၁၅ စာ. ၆
  • အခက်အခဲ– အပျက်သဘော ခံစားချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခက်အခဲ– အပျက်သဘော ခံစားချက်များ
  • နိုးလော့!—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိုးရိမ်စရာ ရှိသမျှကို ယေဟောဝါဆီ ပုံအပ်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အပျက်သဘောထားတွေကို ဘယ်လို တွန်းလှန်နိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ငါ့ရဲ့စိတ်လှုပ်ရှားမှုကို ငါဘယ်လို ထိန်းချုပ်နိုင်မလဲ
    နိုးလော့!—၂၀၀၅
  • စိုးရိမ်ပူပန်စိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၇/၁၅ စာ. ၆
သဘာဝရှုခင်းကို ကြည့်ရှုနေသူ ဂရယ်ဂရီ

မျက်နှာဖုံးအကြောင်းအရာ | ဘဝအခြေအနေနောက် ရေစုန်မျောလိုက်တာ ဖြေရှင်းနည်းလား

အခက်အခဲ– အပျက်သဘော ခံစားချက်များ

တစ်ချိန်လုံးနီးပါး ဝမ်းနည်းနေသလား ဒါမှမဟုတ် ဒေါသထွက်နေသလား။ အဲဒီလိုဖြစ်နေတယ်ဆိုရင် တကယ်အရေးကြီးတာတွေလုပ်ဖို့ သင့်မှာ အချိန်၊ ခွန်အားတွေ ရှိတော့မှာမဟုတ်ဘူး။ ဒါကို ဘယ်လိုကိုင်တွယ်နိုင်သလဲ။a

ကျမ်းစာပုံနမူနာ– ဒါဝိဒ်

ဘုရင်ဒါဝိဒ်ဟာ စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းမှုစတဲ့ စိတ်ခံစားချက်အမျိုးမျိုးကို ခံစားခဲ့ရတယ်။ သူ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သလဲ။ သူ့ပြဿနာတွေကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်တယ်။ (၁ ဓမ္မရာဇဝင် ၂၄:၁၂၊ ၁၅) သူ့ခံစားချက်တွေကို ချရေးခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်သူဖြစ်တဲ့အတွက် ခဏခဏ ဆုတောင်းခဲ့တယ်။b

ဂရယ်ဂရီ လုပ်ဆောင်ရာ

ရှေ့ဆောင်းပါးမှာဖော်ပြခဲ့တဲ့ ဂရယ်ဂရီဟာ စိုးရိမ်ပူပန်စိတ်လွန်ကဲတဲ့ ဝေဒနာ ခံစားနေရသူဖြစ်တယ်။ “တစ်ချိန်လုံး စိုးရိမ်ပူပန်နေပြီး ဘယ်လိုမှလည်း မထိန်းချုပ်နိုင်ဘူး” လို့သူပြောတယ်။ သူဘယ်လို လုပ်ခဲ့သလဲ။ “ကျွန်တော့်စိတ်ကို ထိန်းနိုင်ဖို့ ကျွန်တော့်ဇနီးနဲ့ မိတ်ဆွေတွေရဲ့ အကူအညီယူရတယ်။ ဆရာဝန်နဲ့လည်းပြတဲ့အတွက် ကျွန်တော့်အခြေအနေမှန်ကို သိလာတယ်။ စားသောက်နေထိုင်မှုပုံစံတချို့ ပြောင်းလိုက်ပြီးတဲ့နောက် စိုးရိမ်ပူပန်စိတ်ကို ထိန်းလာနိုင်တယ်။ စိုးရိမ်ပူပန်စိတ်ကတော့ ရှိနေတုန်းပဲ။ ဒါပေမဲ့ ဘာကြောင့်ဖြစ်သလဲဆိုတာ သိနေတဲ့အတွက် ဘယ်လိုသက်သာအောင် လုပ်ရမလဲ ဆိုတာလည်း သိနေပြီ။”

“စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။”—သုတ္တံ ၁၇:၂၂။

လုပ်ဆောင်နိုင်ရာ

အပျက်သဘော ခံစားချက်တွေနဲ့ လုံးလည်လိုက်နေတယ်ဆိုရင် အောက်ပါအချက်တွေကို စမ်းကြည့်နိုင်တယ်–

  • သင့်ရဲ့ခံစားချက်တွေကို နေ့စဉ်မှတ်တမ်းမှာ ချရေးပါ။

  • ဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ကို ရင်ဖွင့်ပါ။

  • သင့်ခံစားချက်ကို ပြန်ဆန်းစစ်ကြည့်ပါ။ ဥပမာ၊ ‘ငါဒီလိုခံစားနေရတာ ခိုင်လုံတဲ့ အကြောင်းရင်းရှိလို့လား” လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။

  • ကိုယ့်ရဲ့စိတ်ကို စိုးရိမ်ပူပန်စိတ်၊ ဒေါသစိတ်နဲ့ ဖြည့်ထားမယ့်အစား အကျိုးဖြစ်စေတဲ့အရာတစ်ခုခုနဲ့ ဖြည့်ထားပါ။c

အဓိကအချက်– အပျက်သဘော ခံစားချက်တွေဟာ များသောအားဖြင့် ကိုယ့်ရဲ့အခြေအနေကြောင့်မဟုတ်ဘဲ၊ အဲဒီအခြေအနေအပေါ် ကိုယ့်ရဲ့ရှုမြင်ပုံကြောင့်ဖြစ်တယ်။

a တချို့သော အပျက်သဘော ခံစားချက်တွေဟာ ဆေးကုသဖို့လိုတဲ့ ကျန်းမာရေးပြဿနာ ဖြစ်နိုင်တယ်။ နိုးလော့! က ဆေးကုထုံးတစ်ခုခုကို ထောက်ခံခြင်းမျိုးမရှိပါ။ သေချာဆန်းစစ်ပြီးမှ ဘယ်ကုထုံးကို ရွေးချယ်မလဲဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်သင့်ပါတယ်။

b သမ္မာကျမ်းစာထဲက ဆာလံကျမ်း အပိုင်းအတော်များများဟာ ဒါဝိဒ်ချရေးခဲ့တဲ့ ဆုတောင်းချက်တွေဖြစ်တယ်။

c ထပ်ဆင့်အချက်အလက်တွေကို ဇူလိုင် ၁၊ ၂၀၁၅ ကင်းမျှော်စင် မှာပါတဲ့ မျက်နှာဖုံးဆောင်းပါး “စိုးရိမ်ပူပန်မှုတွေ ဘယ်လိုပြေပျောက်နိုင်မလဲ” ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ