ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၁၅ စာ. ၁၂-၁၃
  • သည်းခံခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သည်းခံခြင်း
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပိုပြီးသည်းခံတတ်စေတဲ့ အဓိကသော့ချက်က ဘာလဲ
  • သည်းခံတာကို ဘာကြောင့် ကန့်သတ်ထားရမလဲ
  • ဆိုးညစ်မှုတွေကို ဘုရားသခင် အမြဲတမ်း သည်းခံနေမှာလား
  • ကျမ်းစာက သဘောထားကြီးအောင်၊ သည်းခံစိတ်မွေးနိုင်အောင် ကူညီပေးသလား
    ထပ်ဆင့် အကြောင်းအရာများ
  • သင်သည် အမှန်ပင်သည်းခံတတ်သူလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အဘယ်မျှကာလပတ်လုံး ဆိုးသွမ်းသူရှိဦးမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါကို ယုံကြည်ကိုးစားပြီး အသက်ရှင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၈/၁၅ စာ. ၁၂-၁၃

သမ္မာကျမ်းစာရှုထောင့် | သည်းခံခြင်း

သည်းခံခြင်း

အသိအမှတ်ပြုလက်ခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ သည်းခံခြင်းတို့က သင့်မြတ်တဲ့ဆက်ဆံရေးကို ဖြစ်ပေါ်စေတယ်။ ဘယ်အပြုအမူကိုမဆို သည်းခံသင့်တယ်လို့ ဆိုလိုသလား။

ပိုပြီးသည်းခံတတ်စေတဲ့ အဓိကသော့ချက်က ဘာလဲ

လက်ရှိ အခြေအနေမှန်–

လူမျိုးရေး၊ နိုင်ငံရေး တစ်ဖက်သတ်အစွဲရှိခြင်းနဲ့ ဘာသာရေးအစွန်းရောက်လွန်းခြင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ လူအတော်များများဟာ သည်းခံလိုစိတ် လျော့နည်းလာကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

ယေရှုဟာ တစ်ဖက်သတ်အစွဲရှိသူတွေကြားမှာ အမှုဆောင်ခဲ့တယ်။ ဂျူးလူမျိုးနဲ့ ရှမာရိလူမျိုးဟာ တစ်ဖက်နဲ့တစ်ဖက် မုန်းတီးနေကြတယ်။ (ယောဟန် ၄:၉) အမျိုးသမီးတွေကို အမျိုးသားတွေထက် နိမ့်ကျတယ်လို့ ရှုမြင်ကြတယ်။ ဂျူးဘာသာရေးခေါင်းဆောင်တွေက သာမန်လူတွေကို မတူမတန်သလို ဆက်ဆံကြတယ်။ (ယောဟန် ၇:၄၉) ယေရှုခရစ်ကတော့ သူတို့လို မဟုတ်တာကြောင့် ဆန့်ကျင်သူတွေက ယေရှုကို “ဤလူသည် အပြစ်သားတို့ကို လက်ခံ၍ သူတို့နှင့်အတူ စားသောက်ပါသည်တကား” လို့ ပြောကြတယ်။ (လုကာ ၁၅:၂) ယေရှုက လူတွေကို တရားစီရင်ဖို့မဟုတ်ဘဲ၊ ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းပြန်ရှိလာအောင် လုပ်ဆောင်ပေးဖို့ ကြွလာတာကြောင့် လူတွေကို ကြင်နာတယ်၊ စိတ်ရှည်တယ်၊ သည်းခံတယ်။ ချစ်ခြင်းမေတ္တာက အဲဒီလိုလုပ်ဖို့ ယေရှုကို လှုံ့ဆော်ပေးတယ်။—ယောဟန် ၃:၁၇; ၁၃:၃၄။

ယောက်ျား၊ မိန်းမနဲ့ ကလေးတွေ ယေရှုရဲ့စကားကို နားထောင်နေကြ

သည်းခံရာမှာ စံနမူနာပြခဲ့သူ ယေရှုဟာ လူတွေကို တရားစီရင်ဖို့မဟုတ်ဘဲ၊ ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းပြန်ရှိလာအောင် လုပ်ဆောင်ပေးဖို့ ကြွလာခဲ့

အပြစ်အနာအဆာနဲ့ အကျင့်စရိုက်အမျိုးမျိုးရှိနေသူတွေကို လက်ခံတတ်အောင်၊ ပိုပြီးသည်းခံတတ်အောင် ကူညီပေးတဲ့ အဓိကသော့ချက်ကတော့ ချစ်ခြင်းမေတ္တာပါပဲ။ “တစ်ဦးနှင့် တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့” လို့ ကောလောသဲ ၃:၁၃ မှာ ပြောထားတယ်။

“အရာအားလုံးတို့ထက် အချင်းချင်းအားကြီးသောမေတ္တာဖြင့် ချစ်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။”—၁ ပေတရု ၄:၈။

သည်းခံတာကို ဘာကြောင့် ကန့်သတ်ထားရမလဲ

အခြေအနေမှန်–

လူအဖွဲ့အစည်း အများစုက ဥပဒေနဲ့ စည်းမျဉ်းကို လိုက်နာစောင့်ထိန်းဖို့ ကြိုးစားကြတယ်။ ဒါကြောင့် တချို့သောအပြုအမူတွေကို ခွင့်မပြုကြဘူး။

သမ္မာကျမ်းစာပြောဆိုရာ–

မေတ္တာသည် “မလျောက်ပတ်စွာ မကျင့်တတ်။” (၁ ကောရိန္သု ၁၃:၅) ယေရှုဟာ သည်းခံရာမှာ စံနမူနာပြခဲ့တယ်။ ဒါပေမဲ့ မလျောက်ပတ်တာ၊ ဟန်ဆောင်တာနဲ့ တခြားဆိုးညစ်ရာတွေကို သည်းမခံခဲ့ဘဲ အဲဒီလိုလုပ်သူတွေကို ရဲရဲဝံ့ဝံ့ ပြစ်တင်ပြောဆိုခဲ့တယ်။ (မဿဲ ၂၃:၁၃) “ဆိုးညစ်သောအကျင့်ကို ကျင့်သောသူသည် [အမှန်တရား] အလင်းကို မုန်း” ကြတယ်လို့ ယေရှု ပြောခဲ့တယ်။—ယောဟန် ၃:၂၀။

တမန်တော် ပေါလုက “ဆိုးညစ်သောအရာကို စက်ဆုပ်ရွံရှာ ကြလော့။ ကောင်းသောအရာကို မှီဝဲဆည်းကပ်ကြလော့” လို့ ရေးသားခဲ့သလို အဲဒီစကားအတိုင်းလည်း နေထိုင်ခဲ့တယ်။ (ရောမ ၁၂:၉) ဥပမာ၊ ဂျူးခရစ်ယာန်တွေက ခရစ်ယာန်ဖြစ်လာသူလူမျိုးခြားတွေကို ခွဲခြားခွဲခြား လုပ်တဲ့အခါ ဂျူးဖြစ်တဲ့ တမန်တော် ပေါလုဟာ ကြင်နာစွာ၊ ခိုင်မာပြတ်သားစွာ သူတို့ကို ပြစ်တင်ပြောဆိုခဲ့တယ်။ (ဂလာတိ ၂:၁၁-၁၄) အကြောင်းကတော့၊ “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း၊” ကိုယ်တော့်ကို ကိုးကွယ်ဝတ်ပြုသူတွေကြားမှာ လူမျိုးရေး ခွဲခြားတာကို သည်းခံမှာမဟုတ်ကြောင်း ပေါလု သိထားတာကြောင့်ပါ။—တမန်တော် ၁၀:၃၄။

ယေဟောဝါသက်သေတွေဟာ ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်ချက်တွေကို သမ္မာကျမ်းစာမှာ ရှာဖွေကြပြီး ဆိုးညစ်မှုတွေကို သည်းမခံကြဘူး။ (ဟေရှာယ ၃၃:၂၂) ဘုရားသခင်ချမှတ်ထားတဲ့ စံနှုန်းအတိုင်းမနေထိုင်သူတွေကြောင့် သန့်ရှင်းတဲ့ ခရစ်ယာန်အသင်းတော်ကို ထိခိုက်မခံဘူး။ “ဆိုးညစ်သူတို့ကို သင်တို့အထဲမှ နှင်ထုတ်ကြလော့” ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို ယေဟောဝါသက်သေ ခရစ်ယာန်တွေ လိုက်နာကျင့်သုံးကြတယ်။—၁ ကောရိန္သု ၅:၁၁-၁၃။

“[ယေဟောဝါ] ဘုရားကိုချစ်သောသူတို့ မကောင်းသောအမှုကိုရွံရှာကြလော့။”—ဆာလံ ၉၇:၁၀။

ဆိုးညစ်မှုတွေကို ဘုရားသခင် အမြဲတမ်း သည်းခံနေမှာလား

လူအများယုံကြည်လက်ခံရာ–

ဆိုးညစ်တာဟာ လူ့သဘာဝပဲ။ လူတွေရှိနေသရွေ့ ဆက်ရှိနေမှာပဲ။

သမ္မာကျမ်းစာပြောဆိုရာ–

“ဖိနှိပ်မှုကို ကိုယ်တော် ဘာကြောင့် သည်းခံနေတာလဲ။ အကြမ်းဖက်ဖျက်ဆီးမှုတွေက ကျွန်တော့်ရှေ့မှာ ဘာကြောင့်ရှိနေတာလဲ။ ငြင်းခုံရန်ဖြစ်တာတွေ ဘာကြောင့် ဒီလောက်များနေတာလဲ” ဆိုပြီး ကြိုဟောသူ ဟဗက္ကုတ်က ယေဟောဝါ ဘုရားသခင်ကို မေးခဲ့တယ်။ (ဟဗက္ကုတ် ၁:၃၊ ကဘ) ဘုရားသခင်က စိုးရိမ်ပူပန်နေတဲ့ ဟဗက္ကုတ်ကို ဆိုးညစ်သူတွေကို စစ်ကြောစီရင်မယ်လို့ ပြောပြခြင်းဖြင့် သံသယစိတ် ကင်းစင်စေခဲ့တယ်။ ‘ကျိန်းသေပြည့်စုံလာမယ်၊ နောက်ကျမှာမဟုတ်ဘူး’ လို့ သူ့ကို ကတိပေးခဲ့တယ်။—ဟဗက္ကုတ် ၂:၃၊ ကဘ။

ဆိုးညစ်သူတွေဟာ ဆိုးညစ်တဲ့လမ်းစဉ်ကို စွန့်လွှတ်ဖို့ အခုအချိန်မှာ အခွင့်အရေးရရှိထားကြပါတယ်။ ‘လူဆိုးတစ်ယောက်သေတာကို ငါဝမ်းသာပါ့မလား။ သူ့လမ်းစဉ်တွေကို ကျောခိုင်းပြီး အသက်ဆက်ရှင်တာကိုပဲ ငါနှစ်သက်တယ်မဟုတ်လား’ လို့ အချုပ်အခြာအာဏာရှင်ယေဟောဝါ ပြောတယ်။ (ယေဇကျေလ ၁၈:၂၃၊ ကဘ) ဆိုးညစ်တဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး ယေဟောဝါကိုရှာဖွေသူတွေဟာ ယုံကြည်စိတ်ချစရာ အနာဂတ်မျှော်လင့်ချက်ရှိလာတယ်။ “ငါ့စကားကို နာခံသောသူမူကား စိုးရိမ်ခြင်းကင်းလျက် ဘေးရန်ကို မကြောက်ဘဲ ငြိမ်သက်စွာနေရလိမ့်မည်” လို့ သုတ္တံ ၁:၃၃ [သမ] မှာ ဖော်ပြထားတယ်။

“ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” —ဆာလံ ၃၇:၁၀၊ ၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ