ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၅ စာ. ၁၀-၁၁
  • အံ့ဩစရာကောင်းတဲ့ ဒြပ်စင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အံ့ဩစရာကောင်းတဲ့ ဒြပ်စင်
  • နိုးလော့!—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • သက်ရှိအတွက် သံသရာများ
    နိုးလော့!—၂၀၀၉
  • သစ်တောအကျိုးဆောင်လုပ်ငန်းများ—မည်မျှ အကျိုးရှိသနည်း
    နိုးလော့!—၂၀၀၄
  • အံ့မခန်းဖွယ် သွေးဆဲလ်နီများ
    နိုးလော့!—၂၀၀၆
  • စိန် အဘယ်ကြောင့် ဤမျှတန်ဖိုးကြီးမားရသနည်း
    နိုးလော့!—၁၉၉၈
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၅ စာ. ၁၀-၁၁

အံ့ဩစရာကောင်းတဲ့ ဒြပ်စင်

ကာဗွန်အက်တမ်

ဒြပ်စင်တွေအကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ် (Nature’s Building Blocks) မှာ “သက်ရှိတွေအတွက် ကာဗွန်ဒြပ်စင်လောက် အရေးပါတဲ့ဒြပ်စင် မရှိဘူး” လို့ ဖော်ပြထားတယ်။ ကာဗွန်ဒြပ်စင်ဟာ အချင်းချင်း ပေါင်းစပ်နိုင်သလို တခြားဒြပ်စင်တွေနဲ့လည်း အလွယ်တကူ ပေါင်းစပ်နိုင်တယ်။ အဲဒါကြောင့် သန်းနဲ့ချီတဲ့ ဒြပ်ပေါင်းအမျိုးမျိုး ဖြစ်ပေါ်လာသလို စမ်းသပ်မှုတွေအရ ဒြပ်ပေါင်းအသစ်တွေကိုလည်း ရှာဖွေတွေ့ရှိနေဆဲ ဖြစ်တယ်။

ကာဗွန်အက်တမ်တွေဟာ အောက်မှာပြထားတဲ့ နမူနာတွေအတိုင်း ချိန်းကြိုးပုံ၊ ပိရမစ်ပုံ၊ အကွင်းပုံ၊ အပြားချပ်ပုံနဲ့ လေးထောင့်ပုံစတဲ့ ပုံဆောင်ခဲ အမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်တယ်။ ကာဗွန်ဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ဒြပ်စင်ပါပဲ။

စိန်

စိန်

ကာဗွန်အက်တမ်တွေ ပေါင်းစပ်ပြီး တက်ထရာဟက်ဒရွန်လို့ခေါ်တဲ့ ပိရမစ်ပုံ ဖြစ်လာတယ်။ သူ့ရဲ့တည်ဆောက်ပုံက အလွန်ကျစ်လစ်တဲ့အတွက် တွေ့ရှိသမျှ ဒြပ်ဝတ္ထုတွေထဲမှာ စိန်ဟာ အမာကြောဆုံးပဲ။ အရည်အသွေး အကောင်းဆုံး စိန်ဟာ ကာဗွန်အက်တမ် တစ်မျိုးတည်း ပေါင်းစပ်ဖွဲ့စည်းထားတယ်။

ဂရက်ဖိုက်

ခဲဆန်

ကျစ်လစ်တဲ့ ကာဗွန်အက်တမ်တွေဟာ တစ်ခုနဲ့တစ်ခု အလွှာလိုက် ပေါင်းစပ်တဲ့အခါမှာတော့ မခိုင်မြဲကြပဲ စက္ကူအချပ်လိုက် ထပ်ထားသလိုဖြစ်နေပြီး အလွယ်တကူ ကွာသွားတတ်တယ်။ ထူးခြားတဲ့ ဒီလက္ခဏာကြောင့် ဂရက်ဖိုက်ကို အလွန်ကောင်းတဲ့ ချောဆီနဲ့ ခဲဆန်ပြုလုပ်ရာမှာ အဓိကဒြပ်ပေါင်းအဖြစ် အသုံးပြုကြတယ်။a

ဂရက်ဖင်း

ခဲခြစ်ရာ

ခြောက်မြှောင့်ပုံစံ ဒါမှမဟုတ် မှန်ကူကွက်ပုံစံ ဖွဲ့စည်းနေတဲ့ ကာဗွန်အက်တမ်အလွှာ ဖြစ်တယ်။ စတီးလ်ထက် အဆပေါင်းများစွာ ဆန့်ဒဏ်ခံနိုင်အား ရှိတယ်။ ခဲဆန်ထဲမှာ ဂရက်ဖင်းဟာ တစ်လွှာတည်း ဒါမှမဟုတ် အလွှာပေါင်းများစွာ ပါဝင်နေတတ်တယ်။

ဖူးလရမ့်

ဖူးလရမ့်

ဒီအခေါင်းပွပုံ ကာဗွန်မော်လီကျူးတွေဟာ အလွန်သေးငယ်တဲ့ ဘောလုံးပုံနဲ့ ပြွန်ပုံစံရှိပြီး နာနိုပြွန် (nanotubes) လို့ခေါ်တယ်။ အဲဒါကို နာနိုမီတာ (တစ်မီတာရဲ့ သန်းတစ်ထောင်ပုံတစ်ပုံ) နဲ့ တိုင်းတာတယ်။

သက်ရှိများ

ကာဗွန်ပါဝင်တဲ့ သက်ရှိဆဲလ်များ

အပင်၊ တိရစ္ဆာန်နဲ့ လူတွေမှာရှိတဲ့ ဆဲလ်တွေဟာ ကာဗွန်ဒြပ်စင်နဲ့ အခြေခံဖွဲ့စည်းထားတာဖြစ်ပြီး ဒီဒြပ်စင်ကို ကာဗိုဟိုက်ဒရိတ်၊ အဆီတွေနဲ့ အမိုင်နိုအက်စစ်တွေမှာ တွေ့နိုင်တယ်။

“ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် . . . မျက်မြင်မရ သော ဘုရားသခင်၏ ဂုဏ်ရည်တော် များသည် . . . ထင်ရှား စွာ သိမြင်ရ၏။”—ရောမ ၁:၂၀။

a ၂၀၀၇၊ ဇူလိုင်လထုတ် နိုးလော့! [အင်္ဂလိပ်] မှာပါတဲ့ “တစ်ယောက်ယောက်မှာ ခဲတံရှိသလား” ဆောင်းပါးကို ကြည့်ပါ။

ကြယ်

ကြယ်တွေထဲမှာ အလွန်တိကျစွာ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ကာဗွန်

ကာဗွန်ဟာ ဟီလီယံ နယူးကလီယပ်စ် ၃ ခုပေါင်းစပ်ထားတာ ဖြစ်တယ်။ ဟီလီယံ တွေဟာ ကြယ်နီကြီးတွေရဲ့ အတွင်းပိုင်းမှာရှိတယ်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်ကြတယ်။ ဟီလီယံတွေ ပေါင်းစပ်နိုင်ဖို့ဆိုရင် သတ်သတ်မှတ်မှတ် အခြေအနေတချို့ အတိအကျဖြစ်ဖို့ လိုအပ်တယ်။ အဲဒါနဲ့ပတ်သက်ပြီး ရူပဗေဒပညာရှင် ပေါလ်ဒေးဗစ်က “[ရူပဗေဒနည်းအရ] အခြေအနေမဆိုစလောက်လေး ပြောင်းလဲသွားမယ်ဆိုရင် အသက်နဲ့ စကြဝဠာအပြင် လူသားတွေဆိုတာ ရှိလာမှာမဟုတ်ဘူး” လို့ပြောတယ်။ အဲဒီလောက် တိကျလွန်းတဲ့ ပေါင်းစပ်မှုနဲ့ပတ်သက်ပြီး ဘယ်လို ကောက်ချက်ချမလဲ။ တချို့က ဒါဟာ သူ့ဘာသာဖြစ်လာတာလို့ ယူဆတယ်။ တချို့ကျတော့ ဉာဏ်ပညာကြီးမားတဲ့ ဖန်ဆင်းရှင်တစ်ဦး ရှိတယ်ဆိုတဲ့ အထောက်အထားပဲလို့ ယူဆတယ်။ ဘယ်ယူဆချက်က သင့်အတွက် ပိုယုတ္တိရှိသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ