ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၅ စာ. ၁၂-၁၃
  • ကျေးဇူးသိတတ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျေးဇူးသိတတ်ခြင်း
  • နိုးလော့!—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျေးဇူးသိတတ်တာက ဘယ်လိုကောင်းကျိုးတွေ သက်ရောက်သလဲ
  • ကျေးဇူးသိတတ်တဲ့စိတ်က တခြားသူတွေနဲ့ ဆက်ဆံရေးကို ဘယ်လိုတိုးတက်စေနိုင်သလဲ
  • ကျေးဇူးသိတတ်တဲ့စိတ်ကို ဘယ်လိုမွေးမြူနိုင်မလဲ
  • “အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • အခွင့်အရေးကို အမိအရဆုပ်ကိုင်မလား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • သားသမီးတွေကို ကျေးဇူးသိတတ်ဖို့ သင်ပေးပါ
    မိသားစုအတွက် အကူအညီ
  • ကျေးဇူးသိတတ်သောစိတ် မွေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၅ စာ. ၁၂-၁၃
ကားပြင်နေတဲ့သူကို အအေးတိုက်နေတဲ့ လူတစ်ယောက်

သမ္မာကျမ်းစာရှုထောင့် | ကျေးဇူးသိတတ်ခြင်း

ကျေးဇူးသိတတ်ခြင်း

ကျေးဇူးသိတတ်ကြောင်းပြတာက လူတစ်ယောက်ရဲ့ ကာယပိုင်း၊ စိတ်ပိုင်းနဲ့ ခံစားချက်အပေါ် အကျိုးအများကြီး ဖြစ်စေတယ်။ ဒါကြောင့် နေ့စဉ်အသက်တာမှာ လူတိုင်းပြသသင့်တဲ့ အရည်အသွေးကောင်း တစ်ခုပါပဲ။

ကျေးဇူးသိတတ်တာက ဘယ်လိုကောင်းကျိုးတွေ သက်ရောက်သလဲ

ဆေးသိပ္ပံပညာပြောဆိုရာ–

ဟားဗတ် စိတ်ကျန်းမာရေးစာစောင်မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်မှာ အခုလိုဖော်ပြထားတယ်– “ကျေးဇူးသိတတ်တာက ပျော်ရွှင်မှုနဲ့ အမြဲဆက်နွယ်နေတယ်။ လူတွေမှာ အပြုသဘောထား ပိုရှိလာအောင်၊ အတွေ့အကြုံကောင်းတွေ ပိုရှိလာအောင် ကျေးဇူးသိတတ်တဲ့စိတ်က ကူညီပေးတယ်။ ဒါ့အပြင် ကျန်းမာရေး ပိုကောင်းလာအောင်၊ အခက်အခဲတွေကို ဖြေရှင်းတတ်အောင်၊ ခိုင်မြဲတဲ့ဆက်ဆံရေး တည်ဆောက်တတ်အောင်လည်း ကူညီပေးတယ်။”

သမ္မာကျမ်းစာပြောဆိုရာ–

ကျေးဇူးသိတတ်တဲ့စိတ်ကို မွေးမြူဖို့ ကျမ်းစာမှာ အားပေးထားတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုယ်တိုင်စံနမူနာကောင်းပြခဲ့တဲ့ တမန်တော်ပေါလုက “ကျေးဇူးသိတတ်ကြလော့” လို့ရေးခဲ့တယ်။ ဥပမာ၊ သတင်းကောင်းကို တခြားသူတွေ ကောင်းကောင်းတုံ့ပြန်တဲ့အခါ ပေါလုက ‘ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းခဲ့တယ်။’ (ကောလောသဲ ၃:၁၅; ၁ သက်သာလောနိတ် ၂:၁၃) တည်မြဲတဲ့ပျော်ရွှင်မှု ရဖို့ဆိုရင် ကျေးဇူးတင်ပါတယ်လို့ ပြောရုံနဲ့ မလုံလောက် ဘူး၊ ကျေးဇူး သိတတ်တဲ့ စိတ်ထားရှိရမယ်။ အကြောင်းကတော့ လူတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပျက်ပြားစေနိုင်ပြီး ပျော်ရွှင်မှု ပျောက်ဆုံးစေနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်၊ မနာလိုစိတ်၊ နာကြည်းစိတ်တွေ မဝင်လာအောင် ကျေးဇူးသိတတ်တဲ့စိတ်က ကာကွယ်ပေးလို့ပဲ။

ဖန်ဆင်းရှင် ကိုယ်တိုင်က လူသားတွေနဲ့ ဆက်ဆံတဲ့အခါမှာတောင် ကျေးဇူးသိတတ်ကြောင်း ပြခြင်းအားဖြင့် စံနမူနာကောင်းပြခဲ့တယ်။ “ဘုရားသခင်သည် သင်တို့၏လုပ်ရပ်များနှင့် နာမတော်အတွက် သင်တို့ပြသောမေတ္တာကို မေ့လျော့တော်မူသည်တိုင်အောင် မဖြောင့်မတ်သည်မဟုတ်” လို့ ဟေဗြဲ ၆:၁၀ မှာ ဖော်ပြထားတယ်။ မှန်ပါတယ်၊ ဖန်ဆင်းရှင်ဟာ ကျေးဇူးသိတတ်ကြောင်းပြဖို့ ပျက်ကွက်လောက်တဲ့အထိ မဖြောင့်မတ်တဲ့ဘုရား မဟုတ်ဘူး။

“အစဉ်သဖြင့် ဝမ်းမြောက်နေကြလော့။ အရာရာ အတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။”—၁ သက်သာလောနိတ် ၅:၁၆၊ ၁၈။

ကျေးဇူးသိတတ်တဲ့စိတ်က တခြားသူတွေနဲ့ ဆက်ဆံရေးကို ဘယ်လိုတိုးတက်စေနိုင်သလဲ

အတွေ့အကြုံကနေ သိရှိလာရာ–

လက်ဆောင်တစ်ခု၊ ကြင်နာ တဲ့စကားတစ်ခွန်း ဒါမှမဟုတ် လက်တွေ့ကျ အကူအညီတစ်ခုအတွက် ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ကြောင်းပြတဲ့အခါ အဲဒါက လက်ဆောင်ပေးသူကို တန်ဖိုးထားကြောင်း၊ ကျေးဇူးသိတတ်ကြောင်း ပြသရာရောက်တယ်။ သူစိမ်းတွေတောင် သူတို့ရဲ့လုပ်ဆောင်ပေးမှုအတွက် တခြားသူတွေက ကျေးဇူးတင်ကြောင်း စိတ်ရင်းမှန်နဲ့ ပြောတဲ့အခါ လှိုက်လှိုက်လှဲလှဲ တုံ့ပြန်တတ်ကြတယ်။ ဥပမာ၊ တံခါးဖွင့်ပေးတာလိုမျိုးပေါ့။

သမ္မာကျမ်းစာပြောဆိုရာ–

“ပေးကမ်းခြင်းကို ကျင့်ယူကြ လော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်။ ကိုယ်ချိန် ပေးသည့်ပမာဏအတိုင်း ရမည့်အပြင် ဖိသိပ်လှုပ်ခါပြည့်လျှံလျက် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်” လို့ ယေရှုခရစ် ပြောခဲ့ တယ်။ (လုကာ ၆:၃၈) တောင်ပစိဖိတ်ဒေသက ဗာနူဝါတူးကျွန်းမှာ နေထိုင်တဲ့ ဆွံ့အ,နားမကြားသူလေး ရို့စ်ရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။

ရို့စ်ဟာ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို တက်ရောက်နေပေမဲ့ သူကိုယ်တိုင်နဲ့ အသင်းတော်မှာရှိတဲ့ တခြားသူတွေက လက်သင်္ကေတပြဘာသာစကားကို မတတ်တာမို့ အစည်းအဝေးတွေကနေ သိပ်အကျိုးမရခဲ့ဘူး။ အသင်းတော်ကို လက်သင်္ကေတပြဘာသာစကား တတ်ကျွမ်းတဲ့ မောင်နှံတစ်စုံ အလည်လာတဲ့အခါ ဒီအဖြစ်ကို မြင်သွားပြီး လက်သင်္ကေတပြဘာသာစကား သင်တန်းကို ပို့ချပေးခဲ့တယ်။ ဒါကို ရို့စ် သိပ်ကျေးဇူးတင်တယ်။ “ကျွန်မကိုချစ်တဲ့ မိတ်ဆွေတွေ အများကြီးရှိလို့ သိပ်ပျော်တာပဲ” လို့ သူပြောတယ်။ ဒီလို ကျေးဇူးသိတတ်တဲ့စိတ်နဲ့ အစည်းအဝေးတွေမှာ သူပိုပါဝင်လာတာကို မြင်ရတာဟာ မောင်နှံစုံအတွက်တော့ ဘာနဲ့မှမလဲနိုင်တဲ့ ဆုတစ်ခုပါပဲ။ ရို့စ်လည်း သူနဲ့ဆက်သွယ်နိုင်ဖို့ လက်သင်္ကေတ ပြဘာသာစကားကို သင်ကြတဲ့ တခြားသူတွေရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် သိပ်ကျေးဇူးတင်တယ်။—တမန်တော် ၂၀:၃၅။

“ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူသည် ငါ [ဘုရားသခင်] ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။”—ဆာလံ ၅၀:၂၃။

ကျေးဇူးသိတတ်တဲ့စိတ်ကို ဘယ်လိုမွေးမြူနိုင်မလဲ

သမ္မာကျမ်းစာပြောဆိုရာ–

ကျွန်တော်တို့ရဲ့ ခံစားချက်တွေဟာ စဉ်းစားတွေးခေါ်ပုံနဲ့ ဆက်စပ်နေတယ်။ ကျမ်းရေးသူဒါဝိဒ်က ဘုရားဆီဆုတောင်းတဲ့အခါ “အလုံးစုံသော အမှုတော်တို့ကိုလည်းကောင်း၊ လက်တော်နှင့်ပြုပြင်သော အရာများ ကိုလည်းကောင်း ဆင်ခြင်ပါ၏” လို့ပြောခဲ့တယ်။ (ဆာလံ ၁၄၃:၅) မှန်ပါတယ်၊ ဒါဝိဒ်ဟာ အာရုံစူးစိုက်မှုမရှိတဲ့ ပေါ့ပျက်ပျက်လူတစ်ယောက် မဟုတ်ဘူး။ သူ့ဘဝတစ်လျှောက်လုံး ဘုရားရဲ့ နည်းလမ်းတော်တွေအကြောင်း လေးလေးနက်နက် အမြဲတွေးတောဆင်ခြင်ခြင်းအားဖြင့် ကျေးဇူးသိတတ်တဲ့စိတ်ကို မွေးမြူခဲ့တယ်။—ဆာလံ ၇၁:၅၊ ၁၇။

ကျမ်းစာပါ သိပ်ကောင်းတဲ့ အကြံပြုချက်ကတော့ “စင်ကြယ် သောအရာရှိသမျှ၊ ချစ်ဖွယ်သောအရာရှိသမျှ၊ အသရေရှိသောအရာရှိသမျှ၊ မွန်မြတ်သောအရာရှိသမျှ၊ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို ဆက်၍ဆင်ခြင်သုံးသပ်ကြလော့” ဆိုတဲ့ စကားပါပဲ။ (ဖိလိပ္ပိ ၄:၈) “ဆက်၍ဆင်ခြင်သုံးသပ်” ဆိုတဲ့ စကားလုံးက ကျွန်တော်တို့မှာ ကျေးဇူးသိတတ်တဲ့စိတ် ရှိလာစေဖို့ ကူညီပေးမယ့် အတွေးတွေကို အမြဲတွေးတောဆင်ခြင်ဖို့လိုမှန်း ဖော်ပြတယ်။

“ငါ့နှလုံးသည် ဉာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်။”—ဆာလံ ၄၉:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ