ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၂ စာ. ၇
  • ပျားတွေ ပျံသန်းဆင်းသက်တဲ့ နည်းဗျူဟာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျားတွေ ပျံသန်းဆင်းသက်တဲ့ နည်းဗျူဟာ
  • နိုးလော့!—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၁၇
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၁၉၉၇
  • အရေးပေါ် ဆင်းသက်ခြင်း!
    နိုးလော့!—၂၀၀၄
  • သက်ရှိတွေထုတ်လွှတ်တဲ့ အလင်း
    အလိုလို ဖြစ်လာနိုင်ပါ့မလား
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၂ စာ. ၇
ပန်းပွင့်ပေါ်နားနေတဲ့ ပျား

ဒါဟာ သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ပျားတွေ ပျံသန်းဆင်းသက်တဲ့ နည်းဗျူဟာ

ပျားတွေဟာ ထောင့်ပေါင်းစုံကနေ အခက်အခဲမရှိဆင်းသက် နိုင်တယ်။ ဒါကို သူတို့ ဘယ်လိုလုပ်ဆောင်ကြသလဲ။

သုံးသပ်ကြည့်ပါ– ပျားတွေဟာ အခက်အခဲမရှိ ဆင်းသက်နိုင်အောင် တစ်ခုခုအပေါ် မနားခင်မှာ ပျံသန်းဆင်းသက်လာတဲ့အရှိန်ကို သုညနီးပါး လျှော့ချဖို့လိုတယ်။ အဲဒီလိုလုပ်နိုင်ဖို့ လက်တွေ့ကျ နည်းတစ်ခုကတော့ နားမယ့်အရာဆီ ပျံသန်းတဲ့အရှိန်၊ နားမယ့်အရာနဲ့ အကွာအဝေးဆိုတဲ့ အချက်နှစ်ချက်ကို ချိန်ဆပြီး အရှိန်ကို အလိုက်သင့်လျှော့ခြင်း ဖြစ်တယ်။ ဒါပေမဲ့ အင်းဆက်အများစုအတွက် ဒီနည်းဟာ မလွယ်ဘူး။ အကြောင်းရင်းကတော့ အင်းဆက်အများစုရဲ့ မျက်လုံးဟာ လှည့်လို့မရ၊ အသေဖြစ်နေလို့ အကွာအဝေးကို အတိအကျ မချိန်ဆနိုင်ဘူး။

လူတွေရဲ့အမြင်အာရုံဟာ အရာဝတ္ထုနဲ့အကွာအဝေးကို တွက်ချက်လို့ရတယ်။ ပျားတွေရဲ့အမြင်အာရုံကတော့ အဲဒီလိုမဟုတ်ဘူး။ အရာဝတ္ထုတစ်ခုနဲ့ နီးလာလေ ပိုပြီး ကြီးကြီးမြင်ရလေဆိုတဲ့အချက်ကို ပျားတွေ အသုံးပြုပုံရတယ်။ အရာဝတ္ထုနဲ့ နီးလာတာနဲ့အမျှ အရာဝတ္ထုရဲ့အရွယ်အစားဟာ ပိုကြီးလာပုံရတယ်။ ဩစတြေးလျအမျိုးသားတက္ကသိုလ်မှာ ပြုလုပ်တဲ့ စမ်းသပ်မှုတွေအရ ပျားတွေ ပျံသန်းတဲ့အရှိန် လျှော့ချတာဟာ အရာဝတ္ထုရဲ့အရွယ်အစားကြီးနှုန်း တစ်သမတ်တည်း ရှိစေဖို့ဖြစ်မှန်း သိရတယ်။ နားမယ့်နေရာကိုလည်း ရောက်ရော သုညနီးပါး အရှိန်လျှော့ချပြီးဖြစ်တဲ့အတွက် အခက်အခဲမရှိဘဲ အဆင်ပြေပြေ ဆင်းသက်နိုင်တယ်။

“ပျံနိုင်တဲ့စက်ရုပ်တွေအတွက် လမ်းပြစနစ်တပ်ဆင်ရာမှာ ရိုးရှင်းတဲ့ ဒီဆင်းသက်နည်းကို . . . စံအဖြစ်ထားကြတယ်” လို့ သိပ္ပံဂျာနယ်တစ်စောင် (Proceedings of the National Academy of Sciences) က ဖော်ပြတယ်။

သင် ဘယ်လိုထင်ပါသလဲ။ ပျားတွေ ပျံသန်းဆင်းသက်တဲ့နည်းဟာ သူ့အလိုလို ဖြစ်လာတာလား။ တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ