နိဒါန်း
ခုခေတ် လူတွေဟာ သိပ်အလုပ်များကြတယ်။ တစ်ခါတလေ ဆက်ဆံရေးနှောင်ကြိုးတွေ၊ မိသားစုတွေကို ထိခိုက်တဲ့ အထိပဲ။
အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးပြုနိုင်သလဲ။
“လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်” လို့ ပညာရှိတစ်ဦး ရေးခဲ့တယ်။—ဒေသနာ ၄:၆။
ဘာကို ဦးစားထားရမလဲ၊ အချိန်ကို ဘယ်လို ပညာရှိရှိ အသုံးပြုရမလဲ ဆိုတာနဲ့ပတ်သက်ပြီး လက်တွေ့ကျ အကြံပြုချက်တွေကို ဒီ “နိုးလော့!” မှာ ဖော်ပြထားတယ်။