ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၂ စာ. ၆
  • ၃ လေးစားခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၃ လေးစားခြင်း
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုလိုရင်း
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • ရိုသေလေးစားမှု ပြနိုင်ပုံ
    နိုးလော့!—၂၀၁၆
  • အသက်ကြီးမှ ကွာရှင်းတဲ့အဖြစ် မရောက်ရလေအောင်
    မိသားစုအတွက် အကူအညီ
  • ပြန်လည်သင့်မြတ်ခြင်းသည် ဖြစ်နိုင်မည်လော
    နိုးလော့!—၂၀၀၁
  • အပြန်အလှန် စေ့စပ်ညှိနှိုင်းနိုင်ပုံ
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၂ စာ. ၆
ဇနီးမောင်နှံနှစ်ယောက် အင်္ဂတေ သုံးပြီး အုတ်စီနေစဉ်

တလေးတစား ပြောဆိုခြင်းက အင်္ဂတေနဲ့ တူတယ်။ အိမ်ထောင်ကို ခိုင်မြဲစေတယ်။

ဇနီးမောင်နှံများအတွက်

၃ လေးစားခြင်း

ဆိုလိုရင်း

လေးစားတတ်တဲ့ အိမ်ထောင်ဖက်တွေဟာ သဘာထား ကွဲလွဲချိန်မှာတောင် အချင်းချင်း ဂရုစိုက်ကြတယ်။ “ဒီလိုအိမ်ထောင်ဖက်တွေဟာ အလျှော့မပေးဘဲ တင်းခံနေတာမျိုး မရှိကြဘူး။ သဘောထားကွဲလွဲမှုကို အပြန်အလှန် ဆွေးနွေးကြတယ်။ တစ်ဖက်သားရဲ့ သဘောထားကို တလေးတစား နားထောင်ပေးတယ်။ နှစ်ဦးနှစ်ဖက် အလျှော့ပေးကြတယ်” လို့ Ten Lessons to Transform Your Marriage စာအုပ်မှာ ဖော်ပြထားတယ်။

ကျမ်းစာ အခြေခံမူ။ “မေတ္တာဟာ . . . ကိုယ်ကျိုး မရှာတတ်ဘူး။” —၁ ကောရိန္သု ၁၃:၄၊ ၅။

“ကျွန်တော့်ဇနီးကို လေးစားတယ်ဆိုတာ သူ့ကို တန်ဖိုးထားတာပါ။ ကိုယ့်ဇနီးနဲ့ အိမ်ထောင်ကို ထိခိုက်စေမယ့်အရာ မှန်သမျှ မလုပ်ချင်ဘူး။”—မိုက်ခါ။

ဘာကြောင့် အရေးကြီးသလဲ

လေးစားမှု မရှိရင် အိမ်ထောင်ဖက် အချင်းချင်း အပြစ်တင်ခြင်း၊ ခနဲ့ခြင်း၊ အထင်သေးခြင်း ဖြစ်လာနိုင်တယ်။ ဒါတွေဟာ ကွာရှင်းဖို့ အစပျိုးတာလို့ သုတေသီတွေ ဆိုကြတယ်။

“ကိုယ့်ဇနီးကို စောင်းမြောင်းပြောမယ်၊ နောက်ပြောင်မယ်၊ ဟာသလုပ်မယ်ဆိုရင် သူ့ကိုယ်သူ ယုံကြည်မှု၊ ကိုယ့်အပေါ် ယုံကြည်မှု မရှိတော့ဘူး။ အိမ်ထောင်ရေး ထိခိုက်သွားမယ်။”—ဘရိုင်ယန်။

လုပ်ဆောင်နိုင်ရာ

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ

တစ်ပတ်တာအတွင်း ကိုယ့်အပြောအဆို၊ လုပ်ရပ်တွေကို သတိထားကြည့်ပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မေးပါ–

  • ‘ငါ့အိမ်ထောင်ဖက်ကို ဘယ်နှစ်ကြိမ် အပြစ်တင်ဝေဖန်ခဲ့သလဲ၊ ဘယ်နှစ်ကြိမ် ချီးမွမ်းခဲ့သလဲ။’

  • ‘အိမ်ထောင်ဖက်ကို လေးစားကြောင်း ဘယ်နည်းတွေနဲ့ ပြခဲ့သလဲ။’

အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပါ

  • ဘယ်လုပ်ရပ်၊ ဘယ်အပြောအဆိုတွေက လေးစားခံရတယ်လို့ ခံစားရစေသလဲ။

  • ဘယ်လုပ်ရပ်၊ ဘယ်အပြောအဆိုတွေက လေးစားမခံရဘူးလို့ ခံစားရစေသလဲ။

အကြံပြုချက်များ

  • လေးစားမှု ရချင်တဲ့ကဏ္ဍသုံးခုကို ချရေးပါ။ အိမ်ထောင်ဖက်ကိုလည်း ချရေးစေပါ။ စာရွက် အပြန်အလှန် လဲလှယ်ပြီး ရေးထားတဲ့ကဏ္ဍတွေမှာ လေးစားမှုပြဖို့ ကြိုးစားပါ။

  • အိမ်ထောင်ဖက်ကို လေးစားရတဲ့အချက်တွေကို ချရေးပါ။ အဲဒီအချက်တွေကို တန်ဖိုးထားကြောင်း အိမ်ထောင်ဖက်ကို ပြောပြပါ။

“ကျွန်မခင်ပွန်းကို လေးစားတယ်ဆိုတာ သူ့ကို တန်ဖိုးထားတယ်၊ ပျော်ရွှင်စေချင်တယ်ဆိုတာ လုပ်ရပ်နဲ့ ပြတာပါ။ ကြီးကြီးမားမား အမြဲ ဖြစ်စရာ မလိုပါဘူး။ တစ်ခါတလေ သေးငယ်တဲ့ လုပ်ရပ်လေးတွေနဲ့ တကယ်လေးစားကြောင်း ပြနိုင်ပါတယ်။”—မေဂန်။

ငါ လေးစားမှုပြနေတာပဲလို့ ထင်နေတာက အရေးမကြီးဘူး။ လေးစားခံရတယ်လို့ အိမ်ထောင်ဖက် ခံစားရ၊ မရ ဆိုတာက အရေးကြီးတယ်။

ကျမ်းစာ အခြေခံမူ။ “ချစ်ခင်စာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြပါ။” —ကောလောသဲ ၃:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ