ယနေ့ခေတ်အတွက် ရှေးကျတဲ့ စာအုပ်
ကျမ်းစာကို ဘာသာရေး အထွတ်အမြတ်စာအုပ်အဖြစ် လူတွေ ရိုသေလေးစားကြတယ်။ ဒါပေမဲ့ ကျမ်းစာဟာ ဘာသာရေး လမ်းညွှန်ချက် ပေးရုံပဲ မဟုတ်ဘူး။ နေ့စဉ် ဘဝအတွက် လက်တွေ့ကျတဲ့ အကြံပြုချက်တွေလည်း ပါတယ်။
ကျမ်းစာကို ဖတ်ရှုလေ့လာပြီး ကျမ်းစာအကြံပြုချက်တွေကို လက်တွေ့ကျင့်သုံးခြင်းကြောင့် ဘယ်လို အကျိုးခံစားခဲ့ရကြောင်း လူတချို့ ပြောပြတာကို သုံးသပ်ကြည့်ပါ။
“ကျွန်မဘဝ ပိုတည်ငြိမ်လာတယ်။ သဘောထားနဲ့ ခံစားချက်တွေ တိုးတက်ကောင်းမွန်လာတယ်။ အပြုသဘောထား ပိုရှိလာတယ်။”—ဖီအိုနာ။
“ကျမ်းစာကို လေ့လာတဲ့အတွက် ကျွန်မဘဝ အဓိပ္ပာယ်၊ ရည်ရွယ်ချက် ရှိလာတယ်။”—နစ်ကို။
“ကျွန်တော့်ဘဝ ပိုအဆင်ပြေလာတယ်။ ရိုးရှင်းတဲ့ဘဝနဲ့ မိသားစုကို အချိန်ပိုပေးလာနိုင်ပြီ။”—အင်ဒရူး။
ဒါတွေဟာ အတွေ့အကြုံတချို့ပဲ ရှိသေးတယ်။ ကျမ်းစာမှာ နေ့စဉ်ဘဝအတွက် လက်တွေ့ကျတဲ့ လမ်းညွှန်တွေ ပါရှိကြောင်း လူများစွာ သိလာကြပြီ။
ကျမ်းစာက အောက်ပါကဏ္ဍတွေမှာ တိုးတက်စေနိုင်ပုံအကြောင်း သုံးသပ်ကြရအောင်။
ခန္ဓာကျန်းမာရေး
စိတ်ကျန်းမာရေး
မိသားစုဘဝနဲ့ မိတ်ဆွေအသိုင်းအဝိုင်း
ငွေရေးကြေးရေး
ဘုရားနဲ့ ဆက်ဆံရေး
ကျမ်းစာဟာ အထွတ်အမြတ်စာအုပ် ဖြစ်ရုံမက သင့်ဘဝကို နည်းမျိုးစုံနဲ့ အကျိုးပြုကြောင်း နောက်ဆောင်းပါးတွေမှာ ဖော်ပြသွားပါမယ်။