ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၉ အမှတ် ၃ စာ. ၁၀-၁၁
  • ငွေရေးကြေးရေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငွေရေးကြေးရေး
  • နိုးလော့!—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းမွန်စွာ စီစဉ်ပါ
  • လုပ်ဆောင်နိုင်ရာ–
  • အကျင့်ဆိုးတွေ သတိထားပါ
  • လုပ်ဆောင်နိုင်ရာ–
  • တခြား ကျမ်းစာ အခြေခံမူများ
  • ငွေရေးကြေးရေးပြဿနာတွေ ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ငွေကြေးစီမံခန့်ခွဲနည်း
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • ကိုယ့်ဝင်ငွေအလိုက် နေထိုင်ပါ—နေထိုင်နိုင်တဲ့ နည်းလမ်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ၂ | ကိုယ့်ပိုင်ဆိုင်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ပါ
    နိုးလော့!—၂၀၂၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၉
န၁၉ အမှတ် ၃ စာ. ၁၀-၁၁
လက်သမားဆိုင်က အလုပ်သမားများ

ငွေရေးကြေးရေး

ကျမ်းစာအခြေခံမူတွေကို ကျင့်သုံးတဲ့သူတွေဟာ ငွေကြေးပြဿနာ အဖြစ်နည်းကြတယ်။

ကောင်းမွန်စွာ စီစဉ်ပါ

ကျမ်းစာ အခြေခံမူ။ “ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။ အလျင်စလိုလုပ်တဲ့သူကတော့ ကျိန်းသေ ဆင်းရဲလိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅။

အဓိပ္ပာယ်။ စီစဉ်ထားတဲ့အတိုင်း သုံးစွဲခြင်းက အောင်မြင်မှု ရစေတယ်။ ဒါကြောင့် မသုံးခင် ကြိုတင်စီစဉ်ပါ။ လိုချင်သမျှ ဝယ်လို့ မရဘူးဆိုတာ သတိရပါ။ ဒါကြောင့် ငွေကို ပညာရှိရှိ သုံးစွဲပါ။

လုပ်ဆောင်နိုင်ရာ–

  • ဘတ်ဂျက်အတိုင်း သုံးစွဲပါ။ အသုံးစရိတ်အားလုံးကို အမျိုးအစား ခွဲပြီး ရေးမှတ်ပါ။ တစ်မျိုးစီအတွက် ငွေဘယ်လောက် သုံးမယ်ဆိုတာ ဆုံးဖြတ်ပါ။ တစ်မျိုးအတွက် ငွေပိုသုံးမိရင် နောက်တစ်မျိုးကနေ ယူသုံးပါ။ ဥပမာ၊ ကားဆီဖိုးအတွက် ပိုသုံးမိရင် အပြင်မှာ ဝယ်စားဖို့ ဖယ်ထားတဲ့စရိတ်ကနေ ယူသုံးပါ။

  • မလိုအပ်ဘဲ အကြွေးမတင်ပါစေနဲ့။ အတတ်နိုင်ဆုံး အကြွေးမယူမိအောင် နေပါ။ လိုအပ်တာတွေ ဝယ်ဖို့ ငွေစုပါ။ အကြွေးဝယ်ကတ် သုံးရင် အတိုးမပေးရအောင် လကုန်တာနဲ့ ဆပ်ပါ။ အကြွေးတင်မယ်ဆိုရင် ပြန်ဆပ်ဖို့ အစီအစဉ် ဆွဲပြီး လိုက်နာပါ။

    အကြွေးဝယ်ကတ် သုံးတဲ့သူတွေဟာ ငွေပိုသုံးလေ့ရှိကြောင်း လေ့လာမှုတစ်ခုက ဖော်ပြတယ်။ ဒါကြောင့် အကြွေးဝယ်ကတ် ရှိမယ်ဆိုရင် ဂရုတစိုက် သုံးစွဲပါ။

အကျင့်ဆိုးတွေ သတိထားပါ

ကျမ်းစာ အခြေခံမူ။ “လူပျင်းက ဆောင်းရာသီမှာ လယ်မထွန်ဘူး။ ဒါကြောင့် ရိတ်သိမ်းချိန် ရောက်တဲ့အခါ ဘာမှမရှိတဲ့အတွက် တောင်းစားရလိမ့်မယ်။”—ပညာအလိမ္မာ ၂၀:၄။

အဓိပ္ပာယ်။ ပျင်းရိခြင်းက ဆင်းရဲစေနိုင်တယ်။ ဒါကြောင့် ဝီရိယရှိပါ။ အနာဂတ်အတွက် အတတ်နိုင်ဆုံး စုဆောင်းပါ။

လုပ်ဆောင်နိုင်ရာ–

  • အလုပ်ကြိုးစားပါ။ အလုပ်ကြိုးစားမယ်၊ အားကိုးရသူ ဖြစ်မယ်ဆိုရင် အလုပ်မြဲမယ်။

  • ရိုးသားပါ။ အလုပ်ရှင်ဆီက မခိုးပါနဲ့။ မရိုးသားခြင်းက နာမည် ပျက်စေတယ်။ နောက်ပိုင်း အလုပ်ရှာတွေ့ဖို့ ခက်စေတယ်။

  • လောဘ မကြီးပါနဲ့။ မတော်လောဘရှိခြင်းက ကျန်းမာရေး ထိခိုက်စေနိုင်တယ်။ တခြားသူတွေနဲ့ မိတ်ပျက်စေနိုင်တယ်။ ငွေထက် အသက်က အရေးကြီးတယ်ဆိုတာ သတိရပါ။

တခြား ကျမ်းစာ အခြေခံမူများ

အမျိုးသားတစ်ယောက် အွန်လိုင်းမှာ ကျမ်းစာ ဖတ်နေစဉ်

ကျမ်းစာကို အွန်လိုင်းမှာ ဖတ်ပါ။ jw.org မှာ ဘာသာစကား ရာနဲ့ချီ ရနိုင်ပါတယ်။

အကျင့်ဆိုးတွေအတွက် အချိန်နဲ့ ငွေ မဖြုန်းနဲ့။

“အရက်သမားတွေ၊ စားကြူးသူတွေဟာ ဆင်းရဲသွားလိမ့်မယ်။ ငိုက်မျဉ်းနေသူတွေဟာ အဝတ်စုတ်ပဲ ဝတ်ရလိမ့်မယ်။”—ပညာအလိမ္မာ ၂၃:၂၁။

ငွေအတွက် အစိုးရိမ်မလွန်ပါနဲ့။

“အသက်ရှင်ရေးအတွက် ဘာစားရမလဲ၊ ဘာသောက်ရမလဲ ဆိုပြီး မစိုးရိမ်ကြနဲ့တော့။ ခန္ဓာကိုယ်အတွက် ဘာဝတ်ရမလဲ ဆိုပြီး မစိုးရိမ်ကြနဲ့တော့။”—မဿဲ ၆:၂၅။

မနာလိုမဖြစ်နဲ့။

“မနာလိုတတ်သူက ချမ်းသာကြွယ်ဝဖို့ စိတ်ပြင်းပြတယ်။ ဆင်းရဲသွားမှာကိုတော့ သူ မသိဘူး။”—ပညာအလိမ္မာ ၂၈:၂၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ