ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၀ အမှတ် ၂ စာ. ၄-၅
  • လူတချို့ ယုံကြည်ရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူတချို့ ယုံကြည်ရာ
  • နိုးလော့!—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဟိန္ဒူ
  • မွတ်စလင်
  • ဂျူး
  • ဗုဒ္ဓ
  • ကွန်ဖြူးရှပ်
  • မျိုးနွယ်စုတချို့ရဲ့ ဘာသာရေး
  • ခရစ်ယာန်
  • သမ္မာကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • မေးခွန်း ၃– ကျွန်ုပ်ကို ဘာဖြစ်လို့ ဆင်းရဲဒုက္ခတွေ ခံစားစေတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဖန်ဆင်းရှင် ဂရုစိုက်စောင့်ရှောက်ရိုးမှန်လျှင် အဘယ်ကြောင့် ဆင်းရဲဒုက္ခ ဤမျှများပြားရသနည်း
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • ဆင်းရဲခက်ခဲမှုတွေ ဘာကြောင့် ဒီလောက်တောင် များနေတာလဲ
    နိုးလော့!—၂၀၁၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၀
န၂၀ အမှတ် ၂ စာ. ၄-၅
ဗုဒ္ဓ၊ ဟိန္ဒူ၊ မျိုးနွယ်စုတွေရဲ့ ဘာသာရေး၊ ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ကွန်ဖြူးရှပ် ဘာသာရေး အမှတ်အသားများ။

လူတချို့ ယုံကြည်ရာ

ဟိန္ဒူ

ဟိန္ဒူဘာသာရေး အမှတ်အသား။

ဟိန္ဒူတွေက ဆင်းရဲဒုက္ခဆိုတာ လက်ရှိဘဝ ဒါမှမဟုတ် အတိတ်ဘဝက မကောင်းမှုတွေကြောင့် ဖြစ်တာလို့ ယူဆကြတယ်။ လောကီရေးရာ အနှောင်အဖွဲ့တွေနဲ့ ကင်းတဲ့ စိတ်အခြေအနေကို ရမှသာ ဘဝသံသရာကနေ လွတ်နိုင်မယ်။

မွတ်စလင်

အစ္စလာမ် ဘာသာရေး အမှတ်အသား။

မွတ်စလင်တွေက ဆင်းရဲဒုက္ခဆိုတာ ပြစ်ဒဏ်ခံရတာ၊ ယုံကြည်ခြင်း စမ်းသပ်ခံရတာ ဖြစ်တယ်လို့ ယူဆကြတယ်။ “ဘုရားရဲ့ ကောင်းချီးတွေကို ကျေးဇူးတင်နေဖို့၊ လိုအပ်သူတွေကို ထောက်မရမယ်ဆိုတဲ့ အသိဝင်ဖို့” အဖြစ်ဆိုးတွေက သတိပေးချက် ဖြစ်တယ်လို့ မြောက်အမေရိက အစ္စလာမ် အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဆရစ် ဆီရက် ပြောတယ်။

ဂျူး

ဂျူး ဘာသာရေး အမှတ်အသား။

ဂျူးတွေက ဆင်းရဲဒုက္ခဆိုတာ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ပဲလို့ ယူဆကြတယ်။ ရှင်ပြန်ထမြောက်ခြင်း ရှိမယ်၊ ပြီးနောက် ဒုက္ခခံခဲ့ရတဲ့ အပြစ်မဲ့သူတွေအတွက် တရားစီရင်ခြင်း ရှိမယ်လို့ ဂျူးတချို့ ယုံကြည်ကြတယ်။ ကာဘာလာ ဂျူးဘာသာရေးကတော့ ပြန်ဝင်စားခြင်းက လူတစ်ယောက်ရဲ့ အပြစ်တွေကို ကျေအောင်လုပ်ဖို့ အခွင့်အရေး ရစေတယ်လို့ သွန်သင်ပေးတယ်။

ဗုဒ္ဓ

ဗုဒ္ဓ ဘာသာရဲ့ အမှတ်အသား။

ဗုဒ္ဓဘာသာဝင်တွေက ဆင်းရဲဒုက္ခဆိုတာ လူတစ်ယောက်ရဲ့ မကောင်းတဲ့ စရိုက်၊ စိတ်၊ တပ်မက်မှုတွေ ချုပ်ငြိမ်းမသွားခင်အထိ သံသရာ အဆက်ဆက် ကြုံရမယ့်အရာ ဖြစ်တယ်လို့ ယူဆကြတယ်။ တရားအားထုတ်ခြင်း၊ ကောင်းမှုကုသိုလ် လုပ်ခြင်း၊ စိတ်ကို ထိန်းချုပ်ခြင်းအားဖြင့် ဒုက္ခအပေါင်း ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရောက်နိုင်မယ်လို့ ယူဆကြတယ်။

ကွန်ဖြူးရှပ်

ကွန်ဖြူးရှပ်ဝါဒီတွေရဲ့ အမှတ်အသား။

ကွန်ဖြူးရှပ်ရဲ့ နောက်လိုက်တွေက ဆင်းရဲဒုက္ခအများစုဟာ “လူသားတွေရဲ့ အမှားကြောင့်” ဖြစ်တယ်လို့ ယူဆကြတယ်ဆိုပြီး အဘိဓာန်တစ်အုပ် (A Dictionary of Comparative Religion) မှာ ဖော်ပြထားတယ်။ ကိုယ်ကျင့်တရား ကောင်းတာက ဆင်းရဲဒုက္ခတွေကို လျော့နည်းစေပေမဲ့ ဒုက္ခအများစုကတော့ “လူသားတွေထက် ပိုတန်ခိုးကြီးတဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေကြောင့် ဖြစ်တာ။ ဒါကြောင့် သူတို့ရဲ့ အဆုံးအဖြတ်ကို လက်ခံရုံပဲ ရှိတယ်” လို့ ယူဆကြတယ်။

မျိုးနွယ်စုတချို့ရဲ့ ဘာသာရေး

မျိုးနွယ်စု ဘာသာရေးတွေရဲ့ အမှတ်အသား။

မျိုးနွယ်စုတချို့က ဆင်းရဲဒုက္ခဟာ စုန်းကဝေတွေကြောင့် ဖြစ်တယ်လို့ ယူဆကြတယ်။ သူတို့က လူတွေကို ကံကောင်းအောင်၊ ဒုက္ခရောက်အောင် လုပ်နိုင်တယ်။ သူတို့ဒုက္ခပေးတာကို ရိုးရာဓလေ့ထုံးတမ်း အမျိုးမျိုးနဲ့ လျော့နည်းအောင် လုပ်နိုင်တယ်။ စုန်းကဝေ ပြုစားလို့ လူတစ်ယောက် ဖျားနာတဲ့အခါ ရိုးရာဓလေ့ထုံးတမ်းနဲ့ ပယောဂဆရာတွေရဲ့ ဆေးဝါးတွေက ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ကြတယ်။

ခရစ်ယာန်

ခရစ်ယာန် ဘာသာရေး အမှတ်အသား။

ခရစ်ယာန်တွေက ဆင်းရဲဒုက္ခတွေဟာ ကမ္ဘာဦးကျမ်းပါ ပထမလူသားမောင်နှံရဲ့ အပြစ်ကြောင့်လို့ ယူဆကြတယ်။ ဒါပေမဲ့ ဂိုဏ်းဂဏများစွာက အဲဒီအယူအဆကို သူတို့ရဲ့ အတွေးအခေါ်တွေနဲ့ ရောလိုက်ကြတယ်။ ဥပမာ၊ ကိုယ့်ဆင်းရဲဒုက္ခကို သုံးပြီး ချာ့ချ်ကို ကောင်းချီးပေးဖို့၊ တခြားတစ်ယောက်ကို ကယ်တင်ပေးဖို့ ‘ဘုရားဆီ အသနားခံ’ နိုင်တယ်လို့ ကက်သလစ်တချို့ ပြောကြတယ်။

ထပ်သိချင်ရင်

ဘာသာတရားအားလုံးကို ဘုရားသခင် လက်ခံသလား ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ