ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၀ အမှတ် ၂ စာ. ၈-၉
  • ဆင်းရဲဒုက္ခတွေဟာ လူတွေကြောင့်လား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင်းရဲဒုက္ခတွေဟာ လူတွေကြောင့်လား
  • နိုးလော့!—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဲဒီအချက်ကို ဘာကြောင့် သိဖို့ လိုသလဲ
  • စဉ်းစားကြည့်ပါ
  • ကျမ်းစာ သွန်သင်ရာ
  • သမ္မာကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • မာတိကာ
    နိုးလော့!—၂၀၂၀
  • မေးခွန်း ၃– ကျွန်ုပ်ကို ဘာဖြစ်လို့ ဆင်းရဲဒုက္ခတွေ ခံစားစေတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်းရဲခက်ခဲမှုတွေ ဘာကြောင့် ဒီလောက်တောင် များနေတာလဲ
    နိုးလော့!—၂၀၁၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၀
န၂၀ အမှတ် ၂ စာ. ၈-၉
လူတစ်ယောက် လက်တစ်ဖက်မှာ ဆေးလိပ်၊ နောက်လက်တစ်ဖက်မှာ အဖုံးဖွင့်ထားတဲ့ ဘီယာပုလင်း ကိုင်ပြီး ဧည့်ခန်းမှာ ထိုင်နေ။

၂။ ဆင်းရဲဒုက္ခတွေဟာ လူတွေကြောင့်လား

အဲဒီအချက်ကို ဘာကြောင့် သိဖို့ လိုသလဲ

ဆင်းရဲဒုက္ခတွေဟာ တကယ်ပဲ လူတွေကြောင့်ဆိုရင် လူတွေ ဖြေရှင်းနိုင်ရမယ်။

စဉ်းစားကြည့်ပါ

အောက်ပါ အကြောင်းရင်းတွေမှာ လူသားတွေ ဘယ်လောက် တာဝန်ရှိသလဲ။

  • လက်သီး ဆုပ်ထားတဲ့ ပုံ၊ မတရားနှိပ်စက်တာကို ကိုယ်စားပြု။

    မတရားနှိပ်စက်ခြင်း။

    ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့ ခန့်မှန်းချက်အရ အရွယ်ရောက်ပြီးသူ ၄ ယောက်မှာ ၁ ယောက်ဟာ ကလေးဘဝမှာ ကိုယ်ထိလက်ရောက် မတရား နှိပ်စက်ခံရတယ်။ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်ဟာ ကာယပိုင်းဖြစ်စေ၊ လိင်ပိုင်းဖြစ်စေ မတရား စော်ကားခံနေရတယ်။

  • အုတ်ဂူ ပုံ၊ သင်္ချိုင်းကို ကိုယ်စားပြု။

    ဝမ်းနည်းပူဆွေးမှု။

    “၂၀၁၆ မှာ ကမ္ဘာတစ်ဝန်း လူသတ်မှု ၄၇၇,၀၀၀ ခန့် ရှိခဲ့တယ်” လို့ WHO က ထုတ်တဲ့ ၂၀၁၈ ကမ္ဘာ့ကျန်းမာရေး စစ်တမ်း မှာ ဖော်ပြတယ်။ ဒါတောင် အဲဒီနှစ်အတွင်း စစ်ပွဲတွေမှာ သေဆုံးတဲ့ အရေအတွက် ၁၈၀,၀၀၀ မပါသေးဘူး။

  • နှလုံးခုန်နှုန်း မျဉ်းကြောင်း ဖော်ပြထားတဲ့ နှလုံး ပုံ၊ ကျန်းမာရေး ပြဿနာကို ကိုယ်စားပြု။

    ကျန်းမာရေး ပြဿနာ။

    မဂ္ဂဇင်းတစ်စောင် (National Geographic) မှာ စာရေးဆရာ ဖရန်စမစ်က “လူသန်းတစ်ထောင်ကျော် ဆေးလိပ်သောက်ကြတယ်။ နှလုံးရောဂါ၊ လေဖြတ်တာ၊ အသက်ရှူလမ်းကြောင်း ရောဂါ၊ နာတာရှည် အဆုတ်ရောဂါနဲ့ အဆုတ်ကင်ဆာစတဲ့ သေဆုံးမှု အများဆုံး ရောဂါ ငါးခုဟာ ဆေးလိပ်ကြောင့် ဖြစ်တယ်” လို့ ဖော်ပြတယ်။

  • လျှာမညီတဲ့ ချိန်ခွင်၊ အဆင့်အတန်း မညီမျှမှုကို ကိုယ်စားပြု။

    အဆင့်အတန်း ခွဲခြားမှု။

    “ဆင်းရဲမွဲတေမှု၊ အဆင့်အတန်း ကွာဟမှု၊ လူမျိုးရေးနဲ့ ကျားမ ခွဲခြားဆက်ဆံမှု၊ ရွှေ့ပြောင်းခံရမှု၊ အပြိုင်အဆိုင်များတဲ့ ဝန်းကျင်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ခံစားကြရတယ်” လို့ စိတ်ပညာရှင် ဂျေဝပ် ပြောတယ်။

    ထပ်သိချင်ရင်

    ကမ္ဘာကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့တာလဲ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

ကျမ်းစာ သွန်သင်ရာ

အစောပိုင်းပုံထဲက လူဟာ ဆေးရုံခုတင်ပေါ် လဲလျောင်းနေ။ သူ့ရဲ့ ကျန်းမာရေး ပြဿနာအကြောင်း ဆရာဝန် ပြောနေချိန်မှာ ဇနီးဖြစ်သူ လှည့်ထွက်သွား။

ဒုက္ခအများစုဟာ လူတွေကြောင့် ဖြစ်တယ်။

ဒုက္ခအများစုဟာ ဖိနှိပ်တတ်တဲ့ အစိုးရတွေကြောင့် ဖြစ်တယ်။ သူတို့က ပြည်သူတွေကို အကျိုးပြုမယ့်အစား ပိုအခက်တွေ့အောင် လုပ်နေကြတယ်။

“လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်။”—ဒေသနာ ၈:၉။

ဆင်းရဲဒုက္ခ လျော့နည်းအောင် လုပ်နိုင်တယ်။

ကျမ်းစာ သွန်သင်ချက်တွေက ကျန်းမာရေး ပိုကောင်းစေပြီး တခြားသူတွေနဲ့ ဆက်ဆံရေး ပိုကောင်းစေတယ်။

“တည်ငြိမ်တဲ့စိတ်ဟာ ကိုယ်ခန္ဓာကို ကျန်းမာစေတယ်။ မနာလိုစိတ်ကတော့ အရိုးတွေကို ဆွေးမြေ့စေတယ်။”—ပညာအလိမ္မာ ၁၄:၃၀။

“အမျိုးမျိုးသော နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းနဲ့ မကောင်းမှုရှိသမျှကို ဖယ်ရှားကြပါ။”—ဧဖက် ၄:၃၁။

ဆင်းရဲဒုက္ခတွေဟာ လူတွေကြောင့်လား

“လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (ဂလာတိ ၆:၇) ဒုက္ခတချို့က ကိုယ့်ရွေးချယ်မှုကြောင့် ဖြစ်တာ။ ဒါကြောင့်လည်း ဆရာဝန်တွေက အာဟာရရှိတဲ့ အစာတွေ စားဖို့၊ လေ့ကျင့်ခန်း လုပ်ဖို့၊ ဆေးလိပ်သောက်တာလိုမျိုး အန္တရာယ်ရှိတဲ့ အကျင့်တွေကို ရှောင်ဖို့ တိုက်တွန်းကြတာ ဖြစ်တယ်။ ဒါပေမဲ့ ဒုက္ခအားလုံး လူတွေကြောင့်ပဲတော့ မဟုတ်ဘူး။ အပြစ်မဲ့သူများစွာဟာ မတော်တဆမှု၊ သဘာဝဘေးနဲ့ တခြားအဖြစ်ဆိုးတွေရဲ့ သားကောင် ဖြစ်ရရှာတယ်။

လူကောင်းတွေ ဘာကြောင့် ဒုက္ခရောက်ရသလဲ

မေးခွန်း ၃ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ