ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၁ အမှတ် ၂ စာ. ၄-၆
  • နည်းပညာက ခင်မင်ရင်းနှီးမှုကို ထိခိုက်စေနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နည်းပညာက ခင်မင်ရင်းနှီးမှုကို ထိခိုက်စေနိုင်
  • နိုးလော့!—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်တဲ့ အချက်များ
  • လုပ်ဆောင်နိုင်တဲ့ အချက်များ
  • မိတ်ဆွေကောင်း ဖွဲ့နိုင်ပုံ
    နိုးလော့!—၂၀၁၆
  • လူမှုမီဒီယာက ငါ့ကို ဘယ်လိုထိခိုက်နေသလဲ
    လူငယ်များအမေး
  • သားသမီးနဲ့ လူမှုမီဒီယာ—အပိုင်း ၁။ ကလေးတွေကို လူမှုမီဒီယာ ပေးသုံးသင့်သလား
    မိသားစုအတွက် အကူအညီ
  • မိဘတွေ လူမှုမီဒီယာ ပေးမသုံးရင်ကော
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၁
န၂၁ အမှတ် ၂ စာ. ၄-၆
နေထိုင်တဲ့ ဒေသမတူတဲ့ သူငယ်ချင်းတွေ ဗီဒီယိုနဲ့ ချိတ်ဆက်ပြီး စကားပြောနေကြစဉ်။

နည်းပညာက ခင်မင်ရင်းနှီးမှုကို ထိခိုက်စေနိုင်

လူနှစ်ဦးဟာ ရေခြားမြေခြား ဝေးကွာနေရင်တောင် စာတို၊ အီးမေးလ်၊ ဗီဒီယို ခေါ်ဆိုမှုနဲ့ လူမှုမီဒီယာကနေတစ်ဆင့် အလွယ်တကူ ဆက်သွယ်နိုင်တယ်။ သူတို့အတွက် နည်းပညာဟာ အကျိုးရှိတယ်။

ဒါပေမဲ့ အဲဒါကိုပဲ အဓိကသုံးပြီး ဆက်သွယ်မယ်ဆိုရင်

  • မိတ်ဆွေတွေကို ကိုယ်ချင်းစာနာစိတ် နည်းပါးလာမယ်။

  • အထီးကျန်စိတ် ဝင်လာမယ်။

  • ကိုယ့်အရေးကိုပဲ အဓိက ထားလာမယ်။

သိထားသင့်တဲ့ အချက်များ

ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် ညဉ့်နက်တဲ့အထိ လူမှုမီဒီယာ ကြည့်နေစဉ်။ သူ ကြည့်နေတဲ့အရာကို ဝင်ရောက်ကြည့်ရှုသူ ၇၂၃,၀၀၀ ရှိတယ်။

ကိုယ်ချင်းစာနာခြင်း

တစ်ယောက်ယောက်ကို ကိုယ်ချင်းစာနာဖို့ဆိုရင် သူ့အကြောင်း အချိန်ယူ စဉ်းစားဖို့ လိုတယ်။ စာတိုတွေ ဖတ်ဖို့၊ စာပြန်ဖို့၊ လူမှုမီဒီယာ သုံးဖို့နဲ့ပဲ အလုပ်များနေရင် အဲဒီလိုလုပ်ဖို့ ခက်ပါလိမ့်မယ်။

စာတွေ အများကြီး ဝင်နေတယ်ဆိုရင် စာအားလုံးကို ပြီးအောင် ပြန်ဖို့လောက်ပဲ အာရုံစိုက်နေလို့ အကူအညီ လိုနေတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ စာကို သတိမထားမိဘဲ ဖြစ်သွားနိုင်တယ်။

စဉ်းစားကြည့်ပါ– မိတ်ဆွေတွေကို နည်းပညာ သုံးပြီး ဆက်သွယ်တဲ့အခါ “ကိုယ်ချင်းစာ” ကြောင်း ဘယ်လို ပြနိုင်သလဲ။—၁ ပေတရု ၃:၈။

အထီးကျန်ခြင်း

လူမှုမီဒီယာကို အချိန်အကြာကြီး ကြည့်သူတွေဟာ ပိုပြီး အထီးကျန်သူတွေ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုတယ်။ တခြားသူတွေရဲ့ ဓာတ်ပုံတွေ၊ လုပ်နေတာတွေကို လိုက်ကြည့်တဲ့သူဟာ “အရည်မရ အဖတ်မရ အချိန်ဖြုန်းနေတာ” လို့ ခံစားမိနိုင်တယ်ဆိုပြီး ပြောတယ်။

ဒါ့အပြင် တခြားသူတွေရဲ့ စိတ်လှုပ်ရှားစရာ ဓာတ်ပုံတွေကို ကြည့်တဲ့အခါ ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်ပြီး အပျက်သဘောတွေ ဝင်လာနိုင်တယ်။ တခြားသူတွေရဲ့ ဘဝက သာယာစိုပြည်နေပြီး ကိုယ့်ဘဝကတော့ ငြီးငွေ့စရာ ကောင်းတယ်လို့ မြင်လာနိုင်တယ်။

စဉ်းစားကြည့်ပါ– လူမှုမီဒီယာ သုံးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး အပျက်သဘော မဝင်လာအောင် ဘာလုပ်နိုင်သလဲ။—ဂလာတိ ၆:၄။

ကိုယ့်အရေးကိုပဲ အဓိကထားခြင်း

ကျောင်းသားတချို့ဟာ ကိုယ့်အတွက်ပဲ တွေးပြီး “ငါ့ဘက် ဘယ်သူ ပါသလဲ” ဆိုတာကိုပဲ စဉ်းစားကြတာကို ဆရာတစ်ယောက် သတိထားမိတယ်။ သူငယ်ချင်းတွေကို လိုရင် ဖွင့်ပြီး မလိုရင် ပိတ်လို့ ရတဲ့ ကွန်ပြူတာ/ဖုန်းလိုပဲ သဘောထားတော့တယ်။

စဉ်းစားကြည့်ပါ– အွန်လိုင်းမှာ ကိုယ်တင်လိုက်တဲ့ အရာတွေက အပြိုင်အဆိုင် သဘောထား ရှိကြောင်း၊ အာရုံစိုက်ခံချင်ကြောင်း ပြနေသလား။ —ဂလာတိ ၅:၂၆။

လုပ်ဆောင်နိုင်တဲ့ အချက်များ

နည်းပညာ အသုံးပြုပုံကို ဆန်းစစ်ပါ

နည်းပညာကို အကျိုးရှိရှိ အသုံးပြုနေတယ်ဆိုရင် မိတ်ဆွေတွေနဲ့ အမြဲ ဆက်သွယ်နိုင်မယ်၊ ပိုရင်းနှီးစေမယ်။

ကျမ်းစာ အခြေခံမူ– “မေတ္တာဟာ . . . ကိုယ်ကျိုး မရှာတတ်ဘူး။”—၁ ကောရိန္သု ၁၃:၄၊ ၅။

ကိုယ်ကြိုးစားချင်တဲ့ အချက်တွေ မှတ်သားပါ။ စိတ်ကူးထားတဲ့ အချက်တွေ ချရေးပါ။

  • စကားပြောဖို့ ကြိုးစားပါ (စာတို ပြန်တာ၊ အီးမေးလ် ပို့တာပဲ မလုပ်ပါနဲ့)

  • တခြားသူတွေနဲ့ စကားပြောနေချိန်မှာ ဖုန်းကို အဝေးမှာ ထားပါ (အသံ ပိတ်ထားပါ)

  • လူမှုမီဒီယာ သုံးမယ့် အချိန်ကို ကန့်သတ်ထားပါ

  • အာရုံစိုက် နားထောင်တတ်သူ ဖြစ်ပါ

  • အခက်အခဲ ကြုံနေတဲ့ မိတ်ဆွေကို ဆက်သွယ်ပါ

ကိုယ့်ကိုယ်ကိုယ် မေးပါ

  • ငါ ဂရုစိုက်တဲ့သူ၊ ငါ့ကို ဂရုစိုက်တဲ့သူနဲ့ ခင်မင်ရင်းနှီးမှု နှောင်ကြိုး တကယ် ရှိသလား။

  • မိတ်ဆွေတစ်ယောက်နဲ့ စကားပြောနေချိန်မှာ ဖုန်း၊ စာတို ဘယ်နှခါလောက် ပြန်ဖြေနေသလဲ။

  • လူမှုမီဒီယာမှာ ငါတင်တဲ့ ဓာတ်ပုံတွေ၊ မှတ်ချက်တွေက ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်တဲ့ပုံ ပေါက်နေသလား။

  • လူမှုမီဒီယာမှာ အချိန်အတော်ကြာ ရှာဖွေ ကြည့်ရှုပြီးနောက် ဘယ်လို ခံစားရသလဲ။

  • မိတ်ဆွေဖွဲ့ဖို့ အချိန်ရအောင် နည်းပညာ သုံးတဲ့ အချိန်တွေကို ကန့်သတ်ဖို့ ဘာအပြောင်းအလဲတွေ လုပ်ဖို့ လိုသလဲ။

    ကျမ်းစာ အခြေခံမူ– “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”—ဖိလိပ္ပိ ၂:၄။

အမ်မလီ။

“မိတ်ဆွေစစ်ဖွဲ့ဖို့ အချိန်နဲ့ ကြိုးစားအားထုတ်မှု လိုတယ်။ ဒါကြောင့် ရင်းနှီးတဲ့ မိတ်ဆွေ နည်းနည်းပဲ ရှိနိုင်တယ်။ အွန်လိုင်းမှာ သူငယ်ချင်း အများကြီး ရှိဖို့ထက် မိတ်ဆွေစစ် နည်းနည်း ရှိဖို့က ပိုအရေးကြီးတယ်။ မိတ်ဆွေစစ်က ကိုယ့်အရေးကို စိတ်ဝင်စားတယ်၊ ကိုယ်လည်း သူ့အရေးကို စိတ်ဝင်စားတယ်။”—အမ်မလီ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ