ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၁ အမှတ် ၂ စာ. ၇-၉
  • နည်းပညာက သားသမီးကို ထိခိုက်စေနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နည်းပညာက သားသမီးကို ထိခိုက်စေနိုင်
  • နိုးလော့!—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်တဲ့ အချက်များ
  • လုပ်ဆောင်နိုင်တဲ့ အချက်များ
  • သင့်ကလေး အင်တာနက် အသုံးပြုနေသလော
    နိုးလော့!—၂၀၀၈
  • သားသမီးနဲ့ စမတ်ဖုန်း—အပိုင်း ၁။ သားသမီးကို စမတ်ဖုန်း ပေးသုံးသင့်သလား
    မိသားစုအတွက် အကူအညီ
  • ညစ်ညမ်းရုပ်ပုံစာပေကနေ သားသမီးကို ကာကွယ်ပါ
    မိသားစုအတွက် အကူအညီ
  • သားသမီးနဲ့ စမတ်ဖုန်း—အပိုင်း ၂။ စမတ်ဖုန်းကို ချင့်ချိန်မှုရှိရှိ သုံးတတ်အောင် သားသမီးတွေကို သင်ပေးပါ
    မိသားစုအတွက် အကူအညီ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၁
န၂၁ အမှတ် ၂ စာ. ၇-၉
အသက်အရွယ် အမျိုးမျိုးရှိတဲ့ ကလေးတွေက အရုပ်တွေနဲ့ မကစားဘဲ၊ အားကစား မလုပ်ဘဲ အီလက်ထရောနစ် ကိရိယာတွေကို အသုံးပြုနေကြစဉ်။

နည်းပညာက သားသမီးကို ထိခိုက်စေနိုင်

နည်းပညာနဲ့ပတ်သက်လာရင် ကလေးတွေက အတတ်မြန်ပြီး လူကြီးတွေကတော့ ခက်ခက်ခဲခဲ သင်ယူရတယ်။

အွန်လိုင်းမှာပဲ အချိန်ကုန်နေတဲ့ လူငယ်တချို့ဟာ

  • ဖုန်း/တက်ဘလက်တွေကို မသုံးရ မနေနိုင် ဖြစ်သွားတယ်။

  • အွန်လိုင်းပေါ်မှာ တခြားသူကို အနိုင်ကျင့်တာ၊ ကိုယ်တိုင် အနိုင်ကျင့်ခံရတာ ဖြစ်နိုင်တယ်။

  • မရည်ရွယ်ဘဲ ညစ်ညမ်းရုပ်ပုံစာပေနဲ့ ထိတွေ့မိနိုင်တယ်။

သိထားသင့်တဲ့ အချက်များ

ယောက်ျားလေးတစ်ယောက်က အခန်းရှေ့ကနေ မိခင် ဖြတ်လျှောက်သွားတဲ့အခါ ဖုန်းကို ကိုင်ထားပြီး စိုးရိမ်တကြီးနဲ့ အခန်းတံခါးကို ပိတ်လိုက်စဉ်။

စွဲလမ်းခြင်း

ဂိမ်းကစားတာလိုမျိုး အွန်လိုင်းပေါ်မှာ လုပ်ဆောင်ရတာတွေဟာ စွဲနိုင်တယ်။ ဖြတ်ဖို့ ခက်တယ်။ “ဖုန်းမှာ ပါတဲ့ အက်ပ်တွေက ဖုန်းကို လက်က မချချင်အောင် လုပ်ထားတယ်” လို့ စာအုပ်တစ်အုပ်က ဆိုတယ်။ စီးပွားရေးနဲ့ဆိုင်တဲ့ အက်ပ်တွေကို ကျွန်တော်တို့ ကြည့်လေ သူတို့ အကျိုးအမြတ် များလေပဲ။

စဉ်းစားကြည့်ပါ– သင့်ကလေးက ဖုန်း/တက်ဘလက်ကို အလွန်အကျွံ သုံးနေတဲ့ပုံ ပေါက်နေသလား။ အချိန်ကို အကျိုးရှိရှိ သုံးတတ်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။—ဧဖက် ၅:၁၅၊ ၁၆။

အနိုင်ကျင့်ခြင်း

တချို့သူတွေက အွန်လိုင်းပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတတ်တယ်။ အဲဒီလို လူတွေက တခြားသူတွေကို အနိုင်ကျင့်တတ်တယ်။

တချို့သူတွေ လူမှုမီဒီယာပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတာက အာရုံစိုက်ခံချင်လို့၊ ထင်ပေါ်ချင်လို့ပါ။ တချို့ကျတော့ ပါတီပွဲ တက်ဖို့ ဖိတ်ခေါ်မခံရတဲ့အခါ ကိုယ့်ကို အနိုင်ကျင့်တယ်လို့ ခံစားရနိုင်တယ်။

စဉ်းစားကြည့်ပါ– သင့်ကလေးတွေ အွန်လိုင်းပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေသလား။ (ဧဖက် ၄:၃၁) ဒါမှမဟုတ် ဖယ်ကြဉ်ခံရတယ်လို့ ခံစားနေရသလား။

ညစ်ညမ်းရုပ်ပုံစာပေ

အကျင့်ပျက် ညစ်ညမ်းတာတွေကို အင်တာနက်ပေါ်မှာ အလွယ်တကူ မြင်တွေ့နိုင်တယ်။ အဲဒါတွေကို မမြင်အောင် ပိတ်ထားနိုင်တဲ့ ဆော့ဝဲလ်တွေ ရှိပေမဲ့ ကလေးတွေ လုံးဝ မမြင်အောင်တော့ အပြည့်အဝ မကာကွယ်ပေးနိုင်ဘူး။

ဖုန်းကနေ ညစ်ညမ်းရုပ်ပုံတွေ၊ ညစ်ညမ်းစကားတွေ ပို့တာ၊ လက်ခံတာက တရားဥပဒေနဲ့ မညီဘူး။ ကိုယ့်ဒေသရဲ့ ဥပဒေနဲ့ အသက်အရွယ်အရ အဲဒါတွေနဲ့ ပတ်သက်မိသူတွေဟာ ကလေး ညစ်ညမ်းရုပ်ပုံ ဖြန့်တဲ့ ဥပဒေနဲ့ တရားစွဲခံရနိုင်တယ်။

စဉ်းစားကြည့်ပါ– အွန်လိုင်းပေါ်ကနေ ညစ်ညမ်းရုပ်ပုံတွေ ကြည့်တဲ့၊ ပို့တဲ့ ထောင်ချောက်ထဲ မကျအောင် သားသမီးတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။—ဧဖက် ၅:၃၊ ၄။

လုပ်ဆောင်နိုင်တဲ့ အချက်များ

သားသမီးတွေကို လေ့ကျင့်ပေးပါ

နည်းပညာနဲ့ပတ်သက်လာရင် ကလေးတွေက တတ်လွယ်ပေမဲ့ ထိန်းပေးဖို့တော့ လိုတယ်။ ဖုန်းကို ဘယ်လို အကျိုးရှိရှိ သုံးရမယ်ဆိုတာ မသိတဲ့ ကလေးကို ဖုန်းပေးလိုက်တာက “ရေမကူးတတ်တဲ့ ကလေးကို တာဝန်မဲ့စွာနဲ့ ရေကန်ထဲ ဒိုင်ဗင်ထိုးခိုင်းတာနဲ့ တူတယ်” လို့ စာအုပ်တစ်အုပ်က ဆိုတယ်။

ကျမ်းစာ အခြေခံမူ– “ကလေးကို သူ သွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။ အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူ စွန့်ခွာမှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၂:၆။

ကိုယ်ကြိုးစားချင်တဲ့ အချက်တွေ မှတ်သားပါ။ စိတ်ကူးထားတဲ့အချက်တွေ ချရေးပါ။

  • အွန်လိုင်း သုံးတဲ့အခါ ရှိရမယ့် အမူအကျင့်ကောင်းတွေကို သားသမီးတွေနဲ့ ဆွေးနွေးမယ်။

  • ဖယ်ကြဉ်ခံရတယ်ဆိုတဲ့ ခံစားချက် မဝင်အောင် ကူညီပေးမယ်။

  • မသင့်တော်တာတွေ မပေါ်လာအောင် အတတ်နိုင်ဆုံး ပိတ်ထားပေးမယ်။

  • ကလေးရဲ့ ဖုန်းကို မကြာခဏ စစ်ဆေးမယ်။

  • တစ်ရက်ကို အချိန်ဘယ်လောက်ပဲ သုံးရမယ်ဆိုတာ ကန့်သတ်ပေးမယ်။

  • ကလေးတစ်ယောက်တည်း ရှိတဲ့အချိန်၊ အထူးသဖြင့် အိပ်ချိန်မှာ ကလေး ဖုန်းသုံးတာကို တားမြစ်မယ်။

  • ထမင်းဝိုင်းမှာ ဖုန်းမသုံးဖို့ တားမြစ်မယ်။

မိဘတွေ စဉ်းစားရမယ့်အချက်

  • ကလေး ငြိမ်အောင်ဆိုပြီး ဖုန်း/တက်ဘလက် ပေးထားသလား။

  • ကလေးကို အင်တာနက် ချိတ်ဆက်ထားတဲ့ ဖုန်း ပေးသင့်သလား။ ပေးသင့်တယ်ဆိုရင် ဘာကြောင့်လဲ။

  • ကလေးကို အင်တာနက် ချိတ်ဆက်ထားတဲ့ ဖုန်း ဝယ်ပေးနိုင်တဲ့ အခြေအနေ ရှိသလား။

  • ငါ့ကလေးက ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်သလား။

  • ငါ့ကလေးဟာ ဖုန်းသုံးတဲ့နေရာမှာ ရိုးသားသလား။

  • ဘာစည်းမျဉ်းတွေ ချမှတ်သင့်သလဲ။

  • ဖုန်းသုံးတာနဲ့ တခြား လုပ်ဆောင်မှုတွေမှာ မျှမျှတတ ရှိအောင် ကလေးကို ဘယ်လို ကူညီနိုင်သလဲ။

    ကျမ်းစာ အခြေခံမူ– “ရင့်ကျက်သူ . . . ဟာ ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲ အသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထားတယ်။”—ဟီဘရူး ၅:၁၄။

လော်ရက်တာနဲ့ ခင်ပွန်း ဒေးဗစ်။

“ကလေးက ဘာကြောင့် ဖုန်း လိုချင်သလဲ။ ဖုန်းကို သူ ဘယ်လို သုံးသလဲ။ ဘယ်ဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်သလဲ။ ဘယ်ဂိမ်းတွေ ကစားသလဲ။ ဘယ်လောက်ကြာကြာ သုံးသလဲ။ ကလေးကို ဖုန်း/တက်ဘလက် မပေးခင် သူ ရင့်ကျက်နေပြီလား၊ သူ့ကိုယ်သူ ထိန်းချုပ်နိုင်သလားဆိုတာ စမ်းကြည့်ပါ။”—လော်ရက်တာနဲ့ ခင်ပွန်း ဒေးဗစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ