ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၁ အမှတ် ၃ စာ. ၈-၉
  • သိပ္ပံပညာရှင်တွေ မသိတဲ့အရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သိပ္ပံပညာရှင်တွေ မသိတဲ့အရာ
  • နိုးလော့!—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သန္ဓေသားလောင်းပညာရှင်တစ်ဦး ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာ
    နိုးလော့!—၂၀၁၆
  • စကြဝဠာနှင့် သက်ရှိတို့အစ ဘယ်ဆီက
    နိုးလော့!—၂၀၀၃
  • သိပ္ပံပညာက သင့်ဘဝကို အကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဖန်ဆင်းရှင်သည်သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၁
န၂၁ အမှတ် ၃ စာ. ၈-၉
သိပ္ပံဆရာနဲ့ ကျောင်းသားတချို့ ဆွေးနွေးနေကြစဉ်။

သိပ္ပံပညာရှင်တွေ မသိတဲ့အရာ

သိပ္ပံပညာရှင်တွေဟာ စကြဝဠာအကြောင်း သူတို့ လေ့လာထားသလောက်ပဲ သိရှိကြတယ်။ သူတို့ မဖြေနိုင်တဲ့ မေးခွန်းများစွာ ရှိနေသေးတယ်။

သိပ္ပံပညာရှင်တွေဟာ စကြဝဠာနဲ့ သက်ရှိတွေ ဘယ်လို စတင်ခဲ့တယ်ဆိုတာ သိသလား။ မသိပါဘူး။ စကြဝဠာအကြောင်း လေ့လာတဲ့ သိပ္ပံပညာရှင်တွေဟာ စကြဝဠာရဲ့ အစကို ရှင်းပြနိုင်တယ်လို့ တချို့က ဆိုကြတယ်။ ဒါပေမဲ့ ဒတ်မောက် ကောလိပ်ရဲ့ နက္ခတ်တာရာ ပညာရှင်၊ ဘုရားသခင် တည်ရှိတာကို သံသယဝင်သူ ပါမောက္ခ မာဆယ်လို ဂလေဆာ ဒီလိုပြောတယ်– “စကြဝဠာ ဘယ်လို စတင် ဖြစ်ပေါ်တယ်ဆိုတာ ကျွန်တော်တို့ တစ်ခါမှ မရှင်းပြဖူးဘူး။”

သက်ရှိတွေရဲ့ အစနဲ့ပတ်သက်ပြီး မဂ္ဂဇင်းတစ်စောင် (Science News) ဒီလို ဆိုတယ်– “ကမ္ဘာပေါ်မှာ သက်ရှိတွေ ဘယ်လို စတင်တယ်ဆိုတာ ပြောဖို့ မဖြစ်နိုင်ပုံပေါက်တယ်။ ကမ္ဘာမြေရဲ့ အစောပိုင်းကာလမှာ ရှိခဲ့ဖူးတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကြည့်ရင်တော့ ပြောကောင်း ပြောနိုင်မယ်။ အဲဒါတွေ ပျောက်ကွယ်သွားတာ ကြာပြီ။” အဲဒီအဆိုတွေအရ စကြဝဠာနဲ့ သက်ရှိတွေ ဘယ်က စတယ်ဆိုတဲ့ မေးခွန်းကို သိပ္ပံပညာ မဖြေနိုင်သေးဘူးဆိုတာ သိရတယ်။

ဒါပေမဲ့ ဒီလို စဉ်းစားမိမယ်။ ‘ကမ္ဘာမြေကြီးကို ဖန်တီးပြုလုပ်သူ ရှိတယ်ဆိုရင် ဖန်တီးပြုလုပ်သူက ဘယ်သူလဲ။’ ဒီမေးခွန်းတွေကိုလည်း စဉ်းစားမိမယ်။ ‘ဉာဏ်ပညာနဲ့ မေတ္တာ ရှိတဲ့ ဖန်ဆင်းရှင် ရှိတယ်ဆိုရင် လူသားတွေ ဆင်းရဲဒုက္ခ ခံရဖို့ ဘာကြောင့် ခွင့်ပြုသလဲ။ ဘာသာတရားတွေ ဘာကြောင့် ဒီလောက် များရသလဲ။ ဘုရားသခင်ကို ကိုးကွယ်သူတွေ ဘာကြောင့် မကောင်းမှု ကျူးလွန်နေကြသလဲ။’

အဲဒီမေးခွန်းတွေကို သိပ္ပံပညာက မဖြေနိုင်ဘူး။ ဒီလိုပြောလို့ အဖြေမှန် မရနိုင်ဘူးလို့ မဆိုလိုပါဘူး။ လူများစွာဟာ ကျေနပ်ဖွယ် အဖြေတွေကို သမ္မာကျမ်းစာကနေ တွေ့ရှိခဲ့ကြတယ်။

ကျမ်းစာကို အချိန်ယူ လေ့လာခဲ့ကြတဲ့ သိပ္ပံပညာရှင်တချို့ ဖန်ဆင်းရှင် ရှိတယ်ဆိုတာ ဘာကြောင့် ယုံကြည်မှန်း သိချင်တယ်ဆိုရင် jw.org/my ထဲက အသက်ရဲ့ မူလအစအပေါ် ရှုမြင်ချက်များ ဗီဒီယိုတွေ ကို ကြည့်ပါ။

သိပ္ပံပညာနဲ့ သမ္မာကျမ်းစာက ဘုရားသခင် တည်ရှိမှန်း ယုံကြည်စိတ်ချစေ

ဂျော့ဂျီ အဲန် ကွိုင်ဒန်၊ ဓာတုဗေဒ ပညာရှင်

“ကျွန်တော့်အလုပ်က မော်လီကျူးတွေကို ပေါင်းစပ်ရတာ ဖြစ်တယ်။ အဲဒါက စစ်တုရင် ကစားတာနဲ့ တူတယ်။ အကွက်တွေကို ဘယ်လို ရွှေ့မယ်ဆိုတာ ကြိုတင် စဉ်းစားရတယ်။ တစ်ကွက်လောက် ဟာသွားတာနဲ့ မော်လီကျူး ပြိုကွဲသွားတယ်။ ဒီအလုပ်က ခက်ခဲရှုပ်ထွေးတယ် ဆိုပေမဲ့ သက်ရှိ ဆဲလ်တစ်ခု မော်လီကျူးအမျိုးမျိုး ထုတ်ပေးတာနဲ့ နှိုင်းယှဉ်လိုက်ရင် ရိုးရှင်းပါတယ်။ အဲဒါကြောင့် ဓာတုဗေဒ ပညာရှင်ကြီးတစ်ယောက် ရှိရမယ်၊ သူက ဖန်ဆင်းရှင်ပဲဆိုတာ ကျွန်တော် ယုံကြည်လာတယ်။

“ကျမ်းစာကို လေ့လာတဲ့အခါ ဒါဟာ သာမန် စာအုပ် မဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ်။ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ လောက်က ရေးခဲ့တဲ့ စာအုပ် ဖြစ်ပေမဲ့ ကျမ်းစာ အကြံဉာဏ်တွေဟာ အခုချိန်ထိ လက်တွေ့ကျနေတုန်းပဲ။ မိသားစုမှာ၊ အလုပ်မှာ၊ အိမ်နီးချင်းတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ကျမ်းစာက တကယ် အထောက်အကူပြုတယ်။ ဉာဏ်ကြီးရှင်တစ်ဦးကသာ အဲဒီလိုအကြံဉာဏ်ကောင်းတွေ ပေးနိုင်တာ။”

ယန်ဒေရှု၊ သန္ဓေသားလောင်း ပညာရှင်

“သန္ဓေသားလောင်း တဖြည်းဖြည်း ကြီးထွားလာတာနဲ့အမျှ ဆဲလ်တွေဟာ ပေါင်းစည်းပြီး အာရုံကြောဆဲလ်၊ ကြွက်သားဆဲလ်၊ အရိုးဆဲလ်၊ သွေးဆဲလ်နဲ့ တခြား တစ်ရှူးတွေ ဖြစ်ပေါ်လာပြီး လူသားတစ်ယောက် ဖြစ်လာတယ်။ အဲဒီဆဲလ်တွေကနေ သန္ဓေသား ဘယ်လို ဖြစ်ပေါ်တယ်ဆိုတာ ကျွန်တော်တို့ အခုအထိ အတိအကျ နားမလည်သေးဘူး။ ဒါကြောင့် သက်ရှိတွေဟာ ဉာဏ်ကြီးရှင် ဖန်တီးပြုလုပ်သူဆီက လာတာ ဖြစ်ရမယ်။

“သိပ္ပံပညာရှင်တွေ မကြာသေးမီကမှ ရှာဖွေတွေ့ရှိခဲ့ကြတဲ့ မိခင်ဝမ်းထဲ သန္ဓေသားလောင်း ကြီးထွားလာပုံဟာ သမ္မာကျမ်းစာထဲက ဆာလံ ၁၃၉:၁၅၊ ၁၆ မှာ ဖော်ပြထားတာနဲ့ တစ်ထပ်တည်းပဲ။ ရှေးခေတ်က ကျမ်းရေးသူကို ဖန်ဆင်းရှင် မဖော်ပြရင် ဘယ်လိုလုပ် အဲဒီလောက် တိတိကျကျ ရေးနိုင်မလဲ။”

ရိုစီးယိုး ပီကားဒိုး ဟာရဲရိုး– ဓာတုဗေဒ ပညာရှင်တစ်ဦး သူ့ရဲ့ ယုံကြည်ခြင်းကို ရှင်းပြ ဗီဒီယို ကြည့်ပါ။ ဗီဒီယို ခေါင်းစဉ်ကို jw.org/my မှာ ရှာပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ