ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၃ အမှတ် ၁ စာ. ၉-၁၁
  • သစ်တော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သစ်တော
  • နိုးလော့!—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သစ်တောတွေရဲ့ ရင်လေးစရာ အနာဂတ်
  • ကမ္ဘာမြေကို ဆက်ရှင်သန်နိုင်အောင် ပုံစံပြုထား
  • လူ့ကြိုးပမ်းအားထုတ်မှုများ
  • ကမ္ဘာမြေအတွက် မျှော်လင့်ချက်—ကျမ်းစာအဆို
  • မိုးသစ်တောများ—ယင်းတို့ကို မည်သူ ကယ်တင်မည်နည်း
    နိုးလော့!—၂၀၀၄
  • မိုးသစ်တောများ—ယင်းတို့ကို ကယ်တင်နိုင်သလော
    နိုးလော့!—၂၀၀၄
  • သစ်တောအကျိုးဆောင်လုပ်ငန်းများ—မည်မျှ အကျိုးရှိသနည်း
    နိုးလော့!—၂၀၀၄
  • မာတိကာ
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၃
န၂၃ အမှတ် ၁ စာ. ၉-၁၁
မိုးသစ်တောထဲက ကြိုးတံတားတစ်ခုပေါ် အမျိုးသမီးတစ်ဦး လမ်းလျှောက်နေစဉ်။

ကမ္ဘာမြေ ဆက်ရှင်သန်နိုင်မလား

သစ်တော

သစ်တောတွေကို ကမ္ဘာ့အဆုတ်လို့ တင်စားကြတာ မဆန်းပါဘူး။ ဘာလို့လဲဆိုတော့ သစ်ပင်တွေက ကျွန်တော်တို့ကို အန္တရာယ်ပြုတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူပေးပြီး ကျွန်တော်တို့ ရှူသွင်းတဲ့ အောက်စီဂျင်ဓာတ်ငွေ့ကို ထုတ်ပေးကြလို့ပါ။ ကမ္ဘာပေါ်က ကုန်းနေသတ္တဝါနဲ့ အပင် ၈၀ ရာခိုင်နှုန်းလောက်ဟာ သစ်တောထဲမှာ ရှင်သန်ကြတာပါ။ သစ်တောတွေသာမရှိရင် ကျွန်တော်တို့လည်း ဆက်ရှင်သန်နိုင်မှာ မဟုတ်ဘူး။

သစ်တောတွေရဲ့ ရင်လေးစရာ အနာဂတ်

နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးရေးအတွက် အပင်သန်းထောင်ချီကို ခုတ်လှဲကြလို့ ၁၉၅၀ မတိုင်ခင်အချိန်က ကမ္ဘာ့မိုးသစ်တောနဲ့ နှိုင်းယှဉ်ကြည့်ရင် အခုဆို တစ်ဝက်ပဲ ကျန်တော့တယ်။

သစ်တောတစ်တော ပြုန်းသွားရင် သစ်တောကို မှီခိုနေတဲ့ တိရစ္ဆာန်တွေနဲ့ သစ်တောဂေဟစနစ် ပျောက်ကွယ်ပျက်စီးသွားတယ်။

ကမ္ဘာမြေကို ဆက်ရှင်သန်နိုင်အောင် ပုံစံပြုထား

ပြုန်းတီးသွားတဲ့ သစ်တောမြေတချို့မှာ အပင်တွေ ပြန်ပေါက်လာပြီး အရင်ကထက်တောင် ပိုများလာတာကို တွေ့ရတာ အံ့ဩစရာပါပဲ။ သစ်တောပြုန်းသွားတဲ့ ဒေသတွေမှာ အပင်တွေ မြန်မြန်ဆန်ဆန် ပြန်ပေါက်လာပြီး စိမ်းစိုလှပတဲ့ တောအုပ်ပြန်ဖြစ်လာတာကို မကြာသေးခင်က ဂေဟဗေဒပညာရှင်တွေ တွေ့ရှိခဲ့ကြတယ်။ အောက်ပါသာဓကတချို့ကို သုံးသပ်ကြည့်ပါ–

  • သစ်တောမြေတချို့ကို စိုက်ပျိုးရေးအတွက် ခုတ်လှဲပြီး နောက်ပိုင်း မသုံးဘဲ ပစ်ထားလိုက်ကြတယ်။ အမေရိကတိုက်နဲ့ အနောက်အာဖရိကမှာရှိတဲ့ အဲဒီလိုမြေအကွက်ပေါင်း ၂,၂၀၀ လောက်ကို သုတေသီတွေ စောင့်ကြည့်လေ့လာတဲ့အခါ မြေသားဟာ ဆယ်နှစ်အတွင်း အရင်လို ပြန်ကောင်းလာတယ်ဆိုတာ တွေ့ရှိခဲ့တယ်။

  • အနှစ် ၁၀၀ အတွင်း မျိုးပေါင်းစုံလင်တဲ့ အပင်တွေ၊ တိရစ္ဆာန်တွေ ရှင်သန်ကျက်စားရာ သစ်တောကြီးတစ်ခု အလိုလို ပြန်ဖြစ်လာနိုင်တယ်ဆိုပြီး သိပ္ပံမဂ္ဂဇင်း ဆောင်းပါးတစ်ခုမှာ သုတေသီတွေ ဖော်ပြကြတယ်။

  • လူတွေ အားကြိုးမာန်တက် စိုက်ပျိုးထားတဲ့ မြေကွက်ရဲ့ အပင်ပေါက်နှုန်းနဲ့ ဒီအတိုင်း ပစ်ထားတဲ့ မြေကွက်ရဲ့ အပင်ပေါက်နှုန်းကို ဘရာဇီး သိပ္ပံပညာရှင်တွေ မကြာသေးခင်က နှိုင်းယှဉ်လေ့လာကြည့်ခဲ့ကြတယ်။

  • အဲဒီလို လေ့လာကြည့်တဲ့အခါ ‘ထွေထွေထူးထူး အပင် စိုက်နေစရာ မလိုမှန်း တွေ့ရှိခဲ့တယ်။ ပစ်ထားတဲ့ မြေကွက်ဟာ ငါးနှစ်အတွင်း ဒေသပေါက်ပင် မျိုးစုံနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပြန်ဖြစ်လာတယ်” လို့ မဂ္ဂဇင်းတစ်စောင် (National Geographic) မှာ ဖတ်ရတယ်။

    သင်သိပါသလား

    ပြုန်းတီးခြင်းမှ ပြန်လည်ရှင်သန်ခြင်းသို့

    စိုက်ပျိုးရေးလုပ်ဖို့ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းပြီး နောက်ပိုင်း ပစ်ထား။ ၁၀ နှစ်ကြာပြီးနောက် မြေသားပြန်ကောင်းလာ။ အနှစ် ၁၀၀ ကျော်ကြာပြီးနောက် သစ်တောပြန်ဖြစ်လာ။

    စိုက်ပျိုးရေးလုပ်ဖို့ သစ်ပင်တွေကို ခုတ်လှဲပြီး နောက်ပိုင်းမှာ ပစ်ထားလိုက်ပေမဲ့ အပင်တွေက အံ့ဩစရာကောင်းလောက်အောင် သဘာဝအလျောက် ပြန်ပေါက်နိုင်ကြတယ်။ တခြားအကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးသွားတဲ့ သစ်တောတွေလည်း အလားတူ ပြန်လည်ရှင်သန်နိုင်စွမ်း ရှိကြတယ်။

လူ့ကြိုးပမ်းအားထုတ်မှုများ

ရှိနှင့်ပြီးသား သစ်တောတွေကို ဆက်လက်ထိန်းသိမ်းဖို့၊ ပြုန်းတီးသွားတဲ့ သစ်တောတွေကို ပြန်လည်ကုစားဖို့ ကမ္ဘာတစ်ဝန်း ဆက်လက်ကြိုးပမ်းနေပါတယ်။ ရလဒ်အနေနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်အတွင်း “ကမ္ဘာတစ်ဝန်း သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်းကျော် လျော့ကျသွားတယ်” လို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သတင်းတစ်ခုက ဆိုတယ်။

ဒါပေမဲ့ သစ်တောတွေကို ကာကွယ်ဖို့ ဒီထက်မက လုပ်ရဦးမယ်။ ကမ္ဘာ့သစ်တောစောင့်ကြည့်ရေး အဖွဲ့အစည်းရဲ့ ကြေညာချက်အရ “အပူပိုင်းသစ်တောတွေ ဆက်လက်ပြုန်းတီးနေဆဲပါ။”

ဒေါ်လာသန်းချီ အကျိုးအမြတ်ရနေတဲ့ တရားမဝင် သစ်ခုတ်လုပ်ငန်းတွေကြောင့်လည်း အပူပိုင်းသစ်တောတွေ ဆက်လက်ပြုန်းတီးနေတာပါ။

သစ်တောအမှုထမ်းတစ်ဦးက သစ်တောထဲက သစ်ပင်တွေကို မှတ်တမ်းပြုစုနေစဉ်။

သစ်တောစီမံထိန်းသိမ်းရေးအဖွဲ့တွေက အပင်တွေကို စနစ်တကျ ခုတ်လှဲပြီး အပင်သစ်တွေ ပြန်လည်စိုက်ပျိုးဖို့ လုပ်ဆောင်ကြ

ကမ္ဘာမြေအတွက် မျှော်လင့်ချက်—ကျမ်းစာအဆို

“ယေဟောဝါa ဘုရားက စားချင်စရာကောင်းပြီး လှပတဲ့အပင်အမျိုးမျိုးကို မြေပေါ်မှာ ပေါက်စေတယ်။”—ကမ္ဘာဦး ၂:၉။

သစ်တောတွေကနေ လူသားတွေ အကျိုးရနိုင်အောင်၊ သစ်ပင်တွေ သဘာဝအလျောက် ပြန်လည်ပေါက်ရောက်နိုင်အောင် ပုံစံပြုထားသူဟာ ဖန်ဆင်းရှင်ပါ။ ဘုရားသခင်က သစ်တောတွေနဲ့ သစ်တောဂေဟစနစ်ကို ဆက်လက်တည်တံ့စေချင်တယ်။

ဒါ့အပြင် ကမ္ဘာမြေနဲ့ သက်ရှိတွေကို ဆက်ရှင်သန်စေချင်တယ်။ ဒါကြောင့် သယံဇာတ အလွဲသုံးစားလုပ်မှုတွေကို ဆုံးခန်းတိုင်စေပါတော့မယ်။ စာမျက်နှာ ၁၅ ရှိ “ကမ္ဘာမြေ ဆက်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြု” ဆောင်းပါးကို ကြည့်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈။

ထပ်လေ့လာကြည့်ပါ

မြေကြီးပရဒိသုရဲ့ အလှကို ကြည်နူးခံစားနေတဲ့ မောင်နှံတစ်စုံ။

ကမ္ဘာ့သယံဇာတတွေကို လူတွေ လောဘတကြီး အမြတ်ထုတ်နေပေမဲ့ ကမ္ဘာကြီး ပျက်စီးသွားမှာမဟုတ်ဘူးဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။ ကမ္ဘာကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့တာလဲ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ