ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၅ အမှတ် ၁ စာ. ၁၀-၁၁
  • ရောင့်ရဲတင်းတိမ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရောင့်ရဲတင်းတိမ်ပါ
  • နိုးလော့!—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • “ရောင့်ရဲတတ်တဲ့ လျှို့ဝှက်ချက်ကို” သင်ယူထားသလား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ကျေနပ်ရောင့်ရဲဖို့ ဖြစ်နိုင်ပါ့မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ကျေနပ်ရောင့်ရဲနိုင်ပုံ
    နိုးလော့!—၂၀၂၁
  • တစ်ခါသုံးပစ္စည်း သုံးလေ့ရှိသည့် လူ့ဘောင်တွင် သင် အောင်မြင်နိုင်ပုံ
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၅
န၂၅ အမှတ် ၁ စာ. ၁၀-၁၁
ရုပ်ပုံ– ၁။ အလုပ်ချိန်ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ ဖခင်တစ်ယောက် ပြုံးပြီး ထွက်လာ။ ၂။ နောက်တော့ အိမ်ကုပ်ကုပ်လေးရဲ့ အပြင်ဘက်မှာ သားငယ်သမီးငယ်နဲ့အတူ သူ ဆော့ကစားနေတာကို ဇနီးဖြစ်သူ ပြုံးပြီး ကြည့်နေ။

ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အခါ

ရောင့်ရဲတင်းတိမ်ပါ

ရောင့်ရဲစိတ် ရှိသူတွေဟာ ဘဝကို ကျေကျေနပ်နပ် ဖြတ်သန်းကြတယ်။ အခြေအနေတစ်ခုခု ပြောင်းလဲသွားတဲ့အခါ နေထိုင်မှုပုံစံကိုလည်း ဝင်ငွေနဲ့အညီ ပြောင်းလဲကြတယ်။

ဘာကြောင့် အရေးကြီးသလဲ

စိတ်ပညာရှင် ဂျက်စီကာ ခိုလာရဲ့ အဆိုအရ ရောင့်ရဲတတ်သူတွေဟာ အကောင်းမြင်သဘောထား ပိုရှိကြတယ်။ မနာလိုဝန်တိုစိတ် နည်းကြတယ်။ ဒါကြောင့်လည်း ရောင့်ရဲတတ်သူတွေဟာ တခြားသူတွေထက် ပိုပျော်ရွှင်ပြီး စိတ်ဖိစီးမှု နည်းကြတာ မဆန်းပါဘူး။ တကယ်တော့ အပျော်ရွှင်ဆုံးသူတချို့ကို ကြည့်လိုက်ရင် ပိုင်ဆိုင်မှု များများစားစား ရှိကြတာ မဟုတ်ဘူး။ သူတို့ဘဝမှာ တန်ဖိုးအကြီးဆုံးအရာတွေဟာ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ အချိန်ပေးတာလိုမျိုး ငွေနဲ့ ဝယ်လို့မရတဲ့အရာတွေ ဖြစ်နေလို့ပါ။

“စားစရာ၊ ဝတ်စရာ ရှိနေတယ်ဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲနေရမယ်။”—၁ တိမောသေ ၆:၈။

လုပ်ဆောင်နိုင်ရာ

တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ လက်ဖျားငွေသီးနေပုံပေါက်သူတွေနဲ့ လိုက်ယှဉ်နေရင် ရှိတာနဲ့ မရောင့်ရဲတော့ဘဲ မနာလိုမရှုဆိတ် ဖြစ်လာနိုင်တယ်။ တကယ်တမ်း သူတို့ရဲ့ ဘဝဟာ ကိုယ်ထင်သလို ဟုတ်ချင်မှ ဟုတ်မှာ။ တချို့က ပိုင်ဆိုင်မှု များပေမဲ့ အကြွေးတွေ ပိနေနိုင်တယ်။ ဆီနီဂေါနိုင်ငံက နီကိုးလ် အခုလိုပြောတယ်– “ပျော်ရွှင်ဖို့ ကျွန်မ ပိုင်ဆိုင်မှု များများစားစား မလိုဘူး။ ရောင့်ရဲစိတ်သာ ရှိရင် တခြားသူတွေလောက် မပိုင်ဆိုင်လည်း ကိုယ့်ဘဝနဲ့ကိုယ် တင်းတိမ်ကျေနပ်နိုင်တယ်။”

အကြံပြုချက်– ဘယ်သူတွေက ဘယ်လိုမျိုး ငွေကို ရေလို သုံးနိုင်ပါတယ်ဆိုတာ စောင်းပေးပြီး တင်ဆက်တဲ့ ကြော်ငြာတွေ၊ လူမှုမီဒီယာ ပို့စ်တွေ မကြည့်ပါနဲ့။

“လူတစ်ယောက်ဟာ စည်းစိမ်ကြွယ်ဝနေရင်တောင် သူ့စည်းစိမ်က အသက်မပေးနိုင်ဘူး။”—လုကာ ၁၂:၁၅။


ကျေးဇူးတင်စိတ် ရှိပါ။ ကျေးဇူးသိတတ်သူတွေဟာ ရှိတာလေးနဲ့ ရောင့်ရဲကြတယ်။ ပိုရချင်တယ်၊ ပိုရထိုက်တယ်ဆိုတဲ့ စိတ်လည်း မရှိကြဘူး။ ဟေတီနိုင်ငံက ရောဘတ်တန် အခုလိုပြောတယ်– “ကျွန်တော်တို့မိသားစုကို တခြားသူတွေ မေတ္တာထား ကူညီပေးခဲ့တာလေးတွေ အချိန်ယူပြီး စဉ်းစားတယ်။ ပြီးရင် သူတို့ကို ကျေးဇူးတင်ကြောင်း ပြောတယ်။ ရှစ်နှစ်အရွယ် ကျွန်တော့်သားလေးကိုလည်း ဘယ်သူ့ဆီက ဘာပဲရရ ကျေးဇူးတင်စကား အမြဲပြောဖို့ သင်ပေးထားတယ်။”

အကြံပြုချက်– ဒိုင်ယာရီတစ်အုပ် ထားပြီး ကျေးဇူးတင်စရာတွေ တစ်နေ့တစ်ခု ချရေးကြည့်ပါ။ ကျန်းမာနေလို့၊ မိသားစု၊ မိတ်ဆွေကောင်းတွေ ရှိနေလို့၊ လှပတဲ့ နေဝင်ဆည်းဆာ မြင်လိုက်ရလို့ စသဖြင့်ပေါ့။

“စိတ်ရွှင်လန်းသူတွေအတွက်တော့ အချိန်တိုင်းဟာ စားသောက်ပွဲ ဖြစ်နေတယ်။”—ပညာအလိမ္မာ ၁၅:၁၅။

ရှိတာနဲ့ ရောင့်ရဲဖို့ တစ်ခါတလေ ခက်နိုင်ပါတယ်။ ဒါပေမဲ့ ရောင့်ရဲတာ အရှုံးမရှိဘူး။ ရောင့်ရဲဖို့ ရွေးချယ်တာဟာ ပျော်ရွှင်ခြင်းလမ်းကို ရွေးချယ်လိုက်တာပဲ။ နှစ်ခုစလုံးဟာ ငွေနဲ့ ဝယ်လို့မရတဲ့အရာတွေပါ။

အဲရစ်။

“ရှိတာနဲ့ ရောင့်ရဲတတ်ဖို့ ကျွန်တော်တို့မိသားစု သင်ယူထားတယ်။ သင်ယူထားရကျိုး တကယ်နပ်တယ်။ အရင်လို တစ်ချိန်လုံး အလုပ်တွေနဲ့ လုံးလည်လိုက်မနေတော့ဘဲ မိသားစုကို အချိန်ပိုပေးဖြစ်လာတယ်။ လက်ရှိမှာ ကိုယ်ပိုင်ဆိုင်ထားတာတွေကို တန်ဖိုးထားတတ်လာတယ်။”—အဲရစ်၊ ယူအက်စ်အေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ