ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၅ အမှတ် ၁ စာ. ၁၄-၁၅
  • မျှော်လင့်ချက်နဲ့ အသက်ရှင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မျှော်လင့်ချက်နဲ့ အသက်ရှင်ပါ
  • နိုးလော့!—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။ ဘာတွေ လုပ်ဆောင်ပေးမလဲ
  • မျှော်လင့်ချက်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာသင်ခန်းစာ မိတ်ဆက်
  • စစ်မှန်တဲ့ အနာဂတ် မျှော်လင့်ချက်
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၅
န၂၅ အမှတ် ၁ စာ. ၁၄-၁၅
မိသားစုတစ်စု ပျော်ပွဲစားထွက်ရင်း ရှုခင်းကို ခံစားနေ။

ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အခါ

မျှော်လင့်ချက်နဲ့ အသက်ရှင်ပါ

သင့်နိုင်ငံ လူနေမှုစရိတ်ကို သင့်ဝင်ငွေနဲ့ လိုက်မမီဘဲ ဖြစ်နေသလား။ မိသားစုရပ်တည်ရေးအတွက် ရင်လေးနေသလား။ အဲဒီလိုသာဆိုရင် အနာဂတ်ဟာ ဝေဝါးနေသလို ခံစားမိမှာပဲ။ ဒါပေမဲ့ အခြေအနေတွေ ဘယ်လောက်ခက်ခက် မရှိမဖြစ် လိုအပ်တာကတော့ မျှော်လင့်ချက်ပါ။

ဘာကြောင့် အရေးကြီးသလဲ

မျှော်လင့်ချက် ရှိသူတွေဟာ ကောင်းတာတစ်ခုခု ဖြစ်လာပါစေဆိုပြီး ထိုင်စောင့်မနေကြပါဘူး။ လက်ရှိအခြေအနေမှာ အဆိုးထဲက အကောင်း ထွက်လာအောင် အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ လေ့လာတွေ့ရှိမှုတွေအရ မျှော်လင့်ချက်နဲ့ အသက်ရှင်သူတွေဟာ . . .

  • စိတ်ဓာတ်ပိုကြံ့ခိုင်ကြတယ်

  • ဒေါင်ကျကျ ပြားကျကျ နေတတ်ကြတယ်

  • ပိုပျော်ရွှင်ကျန်းမာစေမယ့် နေထိုင်မှုပုံစံကို ရွေးချယ်ကြတယ်

လုပ်ဆောင်နိုင်ရာ

ပထမ၊ လက်ရှိအချိန်မှာ ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲဆိုတာ ဆန်းစစ်ကြည့်ပါ။ ကုန်ဈေးနှုန်း မြင့်တက်တဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်စေမယ့် လက်တွေ့ကျ အကြံပြုချက်တွေ ကျမ်းစာမှာ ရှိတယ်။ အဲဒီအကြံပြုချက်တွေက ဘဝကို လက်မြှောက်အရှုံးမပေးဖို့၊ လောလောဆယ်မှာကော အနာဂတ်မှာပါ ကိုယ်လုပ်နိုင်တာတွေ ရှိပါလားဆိုတာ မြင်လာဖို့ ကူညီပေးနိုင်တယ်။

“စဉ်းစားဆင်ခြင်နိုင်စွမ်းက မင်းကို စောင့်ကြပ်ပေးလိမ့်မယ်။ ပိုင်းခြားသိမြင်နိုင်စွမ်းက ကာကွယ်ပေးလိမ့်မယ်။”—ပညာအလိမ္မာ ၂:၁၁။


ဒုတိယ၊ အနာဂတ်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲဆိုတာ ဆန်းစစ်ကြည့်ပါ။ ကျမ်းစာအကြံပြုချက်တွေ လက်တွေ့ကျမှန်း တွေ့လာတဲ့အခါ ကျမ်းစာမှာ နောက်ထပ်ကော ဘာတွေများ ဖော်ပြထားသလဲ သိချင်မိနိုင်တယ်။ အနာဂတ်အကြောင်း ဖော်ပြထားတယ်ဆိုတာ သိရင် အံ့ဩသွားမလား။ ကျွန်တော်တို့ “မျှော်လင့်တဲ့ အနာဂတ်မျိုး” ပေးမယ်လို့ ကျမ်းစာမှာ ဘုရားသခင်ကိုယ်တိုင် ကတိပေးထားတယ်။ (ယေရမိ ၂၉:၁၁) အဲဒီကတိ ဘယ်လို ပြည့်စုံလာမလဲ။ ဘုရားသခင့်နိုင်ငံတော်အားဖြင့်ပါ။

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။ ဘာတွေ လုပ်ဆောင်ပေးမလဲ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ကောင်းကင်မှာ အခြေစိုက်ပြီး ကမ္ဘာတစ်ခွင်လုံးကို အုပ်ချုပ်မယ့် အစိုးရပါ။ (ဒံယေလ ၂:၄၄။ မဿဲ ၆:၁၀) အောက်ပါကျမ်းချက်တွေမှာ ဖော်ပြထားတဲ့အတိုင်း ဆင်းရဲဒုက္ခမှန်သမျှကို အပြီးတိုင် ဖယ်ရှားပေးပြီး ငြိမ်သက်ခြင်း၊ ပြည့်စုံကုံလုံခြင်းကို ဆောင်ကြဉ်းပေးမယ်။

“ပျော်ရွှင်ပြီး ကောင်းစားလိမ့်မယ်။”—ဆာလံ ၁၂၈:၂။

“သူတို့ [လက်အောက်ခံ ပြည်သူပြည်သားတွေ] အပင်ပန်းခံခဲ့သမျှ အချည်းနှီးဖြစ်မှာ မဟုတ်ဘူး။”—ဟေရှာယ ၆၅:၂၃။

“ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။”—ဆာလံ ၇၂:၁၆။

ဘုရားသခင်ဟာ “မုသာမသုံး” လို့ အဲဒီကတိတွေကို သန်းနဲ့ချီတဲ့ လူတွေ ယုံကြည်စိတ်ချကြတယ်။ (တိတု ၁:၂) သင်လည်း ကျမ်းစာကို လေ့လာဆန်းစစ်ကြည့်ပါလား။ ကျမ်းစာမှာ ပါတဲ့ မျှော်လင့်ချက်က အကျပ်အတည်းတွေကို ရင်ဆိုင်ဖို့ ခွန်အားရှိစေနိုင်တဲ့အပြင် အနာဂတ်ကိုလည်း ယုံကြည်စိတ်ချမှုအပြည့်နဲ့ လျှောက်လှမ်းဖို့ ကူညီပေးနိုင်တယ်။

ရာမက်ဇ်။

“ကျမ်းစာမျှော်လင့်ချက် ရှိနေလို့ ဘဝပြဿနာတွေဟာ ယာယီပဲဆိုပြီး တွေးတတ်လာတယ်။ စားဝတ်နေရေး ပိုပိုခက်ခဲလာတာတောင် တည်တည်ငြိမ်ငြိမ် ရှေ့ဆက်နေနိုင်တယ်။”—ရာမက်ဇ်၊ ဂျော်ဂျီယာ။

ထပ်လေ့လာကြည့်ပါ

အနာဂတ်နဲ့ပတ်သက်ပြီး ကျမ်းစာအဆိုကို တကယ် ယုံကြည်စိတ်ချနိုင်သလား။ သမ္မာကျမ်းစာ မှန်ကန်ကြောင်း ဘယ်လို သေချာစေနိုင်မလဲ ဗီဒီယိုနဲ့ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

စာအုပ်စင်ကနေ ကျမ်းစာအုပ်ကို အမျိုးသမီးတစ်ယောက် လှမ်းယူနေ။
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ