အပိုင်း ၁
ဖန်ဆင်းခြင်းကနေပြီး ရေလွှမ်းမိုးချိန်အထိ
ကောင်းကင်နဲ့ ကမ္ဘာမြေကြီးဘယ်ကလာသလဲ။ နေ လကြယ်တွေ၊ ကမ္ဘာပေါ်မှာရှိတဲ့ အရာဝတ္ထုအများကြီးတွေ ဘယ်ကလာသလဲ။ ဘုရားသခင်ဖန်ဆင်းလို့ဖြစ်လာတယ်ဆိုပြီး ကျမ်းစာပေးတဲ့အဖြေဟာ မှန်တဲ့အဖြေပဲ။ ဒါကြောင့် တို့ရဲ့စာအုပ်မှာ စစချင်း ဖန်ဆင်းခြင်းသမိုင်းပုံပြင်တွေ ပါလာတယ်ပေါ့။
ဘုရားသခင်ဦးဦးဆုံး ဖန်ဆင်းလိုက်တာကတော့၊ ဘုရားသခင်နဲ့ ဆင်တူတဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေဖြစ်သတဲ့။ ကောင်းကင်တမန်တွေပေါ့။ ဒါပေမဲ့ ကမ္ဘာကိုကျတော့ တို့လိုလူတွေအတွက် ဖန်ဆင်းတယ်လေ။ ဒါကြောင့် အာဒံနဲ့ဧဝလို့ နာမည်ရှိတဲ့ ယောက်ျားနဲ့မိန်းမကို ဘုရားသခင်ဖန်ဆင်းပြီး သိပ်ကိုလှတဲ့ ဥယျာဉ်လေးတစ်ခုမှာထားတယ်။ ဒါပေမဲ့ သူတို့က ဘုရားသခင်ရဲ့စကားကို နားမထောင်တဲ့အတွက် အသက်ရှင်ခွင့်ဆုံးရှုံးသွားကြတယ်ပေါ့။
အာဒံကိုဖန်ဆင်းတဲ့အချိန်ကစပြီး ရေလွှမ်းမိုးတဲ့အချိန်အထိ စုစုပေါင်းအနှစ် ၁,၆၅၆ ရှိတယ်ကွဲ့။ အဲဒီအချိန်ပိုင်းအတွင်းမှာ ဆိုးတဲ့ပုဂ္ဂိုလ်တွေ တော်တော်များများရှိခဲ့ကြတယ်။ ကောင်းကင်မှာဆိုရင် တို့မျက်စိနဲ့မမြင်နိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေရှိတယ်။ စာတန်နဲ့ သူ့ရဲ့ကောင်းကင်တမန်ဆိုးတွေပဲပေါ့။ ကမ္ဘာမြေကြီးပေါ်မှာဆိုရင်လည်း ကာဣနတို့လိုလူဆိုးတွေ အများကြီးပဲရှိခဲ့တယ်။ သာမန်လူထက် ခွန်အားဗလကြီးတဲ့လူတွေလည်း ရှိခဲ့တယ်။ အာဗေလ၊ ဧနောက်၊ နောဧတို့လို လူကောင်းတွေလည်း ကမ္ဘာပေါ်မှာရှိခဲ့တယ်။ အပိုင်း တစ် မှာ ဒီလူတွေအကြောင်း၊ ဒီအဖြစ်အပျက်တွေအကြောင်း တို့တစ်တွေဖတ်ကြမယ်။