ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၁၉
  • ယာကုပ်ရဲ့အိမ်ထောင်စု သိပ်ကြီးတယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယာကုပ်ရဲ့အိမ်ထောင်စု သိပ်ကြီးတယ်
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဣသရေလအမျိုးကိုတည်ထောင်သော” စိတ်သောကရောက်ခဲ့သည့်ညီအစ်မများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ယာကုပ် ခါရန်ကိုသွားတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဝိညာဉ်ရေးဆိုင်ရာစံများကို ယာကုပ် တန်ဖိုးထားလေးစားခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယာကုပ်နဲ့ ဧသော ပြန်သင့်မြတ်သွား
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၁၉
ယာကုပ်နဲ့သူ့ရဲ့သားများ

ပုံပြင် ၁၉

ယာကုပ်ရဲ့အိမ်ထောင်စု သိပ်ကြီးတယ်

ဒီပုံမှာပါတဲ့ အိမ်ထောင်စုကြီးကို ကြည့်လိုက်ပါဦး။ ယာကုပ်ရဲ့သား ၁၂ ယောက်ပုံပေါ့။ သူ့မှာ သမီးတွေလည်းရှိတယ်။ သူ့သားသမီးတွေရဲ့ နာမည်တချို့ကို သိကြလား။ တချို့နာမည်တွေ ကြည့်ရအောင်။

လေအာက ရုဗင်၊ ရှိမောင်၊ လေဝိနဲ့ ယုဒတို့ကိုမွေးတယ်။ ရာခေလက သူ ကလေးမရတဲ့အတွက် သိပ်ကိုဝမ်းနည်းတာပေါ့။ ဒါနဲ့ သူ့ကျွန်မ ဗိလဟာကို ယာကုပ်နဲ့ပေးစားတယ်။ ဒါနဲ့ဗိလဟာက ဒန်နဲ့နဿလိဆိုတဲ့ သားနှစ်ယောက်ကိုရတယ်။ လေအာလည်း သူ့ကျွန်မ ဇိလပကို ယာကုပ်နဲ့ပေးစားတယ်။ ဇိလပကလည်း ဂဒ်နဲ့အာရှာဆိုတဲ့ သားနှစ်ယောက်ကိုမွေးတယ်။ လေအာနောက်ထပ် သားနှစ်ယောက်ရပြန်တယ်။ ဣသခါနဲ့ ဇာဗုလုန်တဲ့။

နောက်ဆုံးမှာတော့ ရာခေလလည်း ကလေးတစ်ယောက်ရတယ်။ သူက ယောသပ်လို့ နာမည်ပေးလိုက်တယ်။ နောက်ပိုင်းမှာ ယောသပ်အကြောင်း ထပ်ပြီးအများကြီး သိရဦးမယ်။ ဘာလို့လည်းဆိုတော့ ယောသပ်ဟာ အင်မတန်အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတယ်လေ။ ဒီသား ၁၁ ယောက်ကတော့ ရာခေလရဲ့ဖေဖေ လာဗန်အိမ်မှာနေတုန်းက ယာကုပ်ရတဲ့ သားတွေပေါ့။

ယာကုပ်မှာ သမီးတွေလည်းရှိတယ်။ ဒါပေမဲ့ ကျမ်းစာထဲမှာ သမီးတစ်ယောက်ရဲ့နာမည်ကိုပဲ ဆိုထားတယ်။ ဒိနတဲ့။

ယာကုပ်ဟာ လာဗန်ဆီကထွက်ပြီး၊ ခါနာန်ပြည်ကိုပြန်ရမယ့်အချိန် ရောက်လာပြီလေ။ ဒါနဲ့ သူ့ရဲ့မိသားစုကြီး၊ သူ့ရဲ့သိုး၊ နွား၊ တိရစ္ဆာန်တွေကို စုသိမ်းပြီး ရှည်လျားဝေးလံတဲ့ခရီးကို စခဲ့တာပေါ့။

ယာကုပ်နဲ့မိသားစု ခါနာန်ပြည်ကိုရောက်လို့ မကြာခင်မှာပဲ ရာခေလ သားတစ်ယောက် ထပ်မွေးတယ်။ ဖြစ်ပုံက သူတို့ခရီးလမ်းခုလတ်မှာရောက်နေတုန်း မွေးတယ်လေ။ ရာခေလမီးဖွားဖို့အခက်တွေ့ပြီး မီးဖွားရင်းသေသွားရှာတယ်။ မွေးလာတဲ့သားလေးကျတော့ ဘာမှမဖြစ်ဘူး။ ယာကုပ်က သူ့ကို ဗင်ယာမိန်လို့ နာမည်မှည့်လိုက်တယ်။

ယာကုပ်သား ၁၂ ယောက်စလုံးရဲ့နာမည်ကို တို့မှတ်ထားချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဣသရေလတစ်မျိုးလုံး သူတို့ဆီက ဆင်းသက်လာလို့ပဲ။ တကယ်ပြောရရင် ဣသရေလဆယ့်နှစ်နွယ်ကို ယာကုပ်သား ၁၀ ယောက်၊ ပြီးတော့ ယောသပ်ရဲ့သားနှစ်ယောက်တို့ရဲ့နာမည်နဲ့မှည့်ထားတယ်။ ဒီကလေးတွေအားလုံး မွေးလာပြီးတဲ့နောက် ဣဇာက်အကြာကြီးအသက်ရှင်သေးတယ်။ သူ့မှာ မြေးဒီလောက်များတဲ့အတွက် သူသိပ်ပျော်မှာပဲ။ ဒါပေမဲ့ သူ့မြေးကလေး ဒိန ဘာဖြစ်သွားတယ်ဆိုတာ ကြည့်ရအောင်။

ကမ္ဘာဦး ၂၉:၃၂-၃၅; ၃၀:၁-၂၆; ၃၅:၁၆-၁၉; ၃၇:⁠၃၅။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ