ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၂၂
  • ယောသပ်ထောင်ကျတဲ့ အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောသပ်ထောင်ကျတဲ့ အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားစကားနားထောင်တဲ့ ကျွန်တစ်ယောက်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အိပ်မက်အနက်ကို ဘုရားသခင် ရှင်းပြနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • “အပြစ်ကြီးသော ဤအမှုကို” ဘယ်လိုလုပ် ကျူးလွန်နိုင်မှာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီနေ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၂၂
ထောင်ကျနေတဲ့ယောသပ်

ပုံပြင် ၂၂

ယောသပ်ထောင်ကျတဲ့ အကြောင်း

ယောသပ်အီဂျစ်ပြည်ကိုရောက်သွားတဲ့အခါ အသက် ၁၇ နှစ်ပဲရှိသေးတယ်။ အီဂျစ်ပြည်မှာ ပေါတိဖာဆိုတဲ့လူဆီ ရောင်းစားခံရတယ်။ ပေါတိဖာက ဖာရောလို့ခေါ်တဲ့ အီဂျစ်ရှင်ဘုရင်အတွက် အလုပ်လုပ်တဲ့လူတစ်ယောက်ပဲ။

ယောသပ်လေးဟာ သူ့သခင်ပေါတိဖာအတွက် အလုပ်ကြိုးစားပမ်းစာလုပ်တယ်။ ဒါနဲ့ ယောသပ်ကြီးလာတဲ့အခါ ပေါတိဖာက သူ့တစ်အိမ်လုံးကို အုပ်ထိန်းဖို့ ယောသပ်ကိုအာဏာပေးလိုက်တယ်။ ဒီလိုဆိုရင် ယောသပ်ဘယ်လိုလုပ်ပြီး ထောင်ကျသွားတာလဲ။ ပေါတိဖာရဲ့ မိန်းမကြောင့်ပေါ့။

ယောသပ်ကြီးပြင်းလာတဲ့အခါ သိပ်ကိုချောတဲ့ လူချောတစ်ယောက်ဖြစ်လာတယ်။ ဒါနဲ့ ပေါတိဖာမိန်းမက သူနဲ့အိပ်စေချင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်ရင် မှားတယ်ဆိုတာကို ယောသပ်သိတယ်။ ဒါကြောင့် သူနဲ့မအိပ်ဘူးလေ။ ပေါတိဖာမိန်းမ သိပ်စိတ်ဆိုးတယ်။ ဒါကြောင့် သူ့ယောက်ျား အိမ်ပြန်ရောက်တဲ့အခါ သူက ယောက်ျားကိုလိမ်ပြီးပြောတယ်။ ‘အဲဒီလူယုတ်မာယောသပ်က ကျွန်မနဲ့အိပ်ဖို့ အတင်းကြိုးစားတယ်’ ဆိုပြီး ကုန်းတိုက်ပါလေရောကွယ်။ ပေါတိဖာလည်း သူ့မိန်းမပြောတာယုံပြီး ယောသပ်ကို ဝါးစားတော့မတတ် ဒေါသူပုန်ထပါလေရော။ ဒါနဲ့ သူ့ကိုထောင် ချလိုက်တယ်ပေါ့။

ထောင်မှူးက မကြာခင်မှာပဲ ယောသပ်ဟာ လူကောင်းမှန်းသိလာတယ်။ ဒါကြောင့် ကျန်တဲ့ထောင်သားတွေကို အုပ်ထိန်းဖို့ ယောသပ်ကို ခန့်လိုက်တယ်။ နောက်ပိုင်းမှာ ဖာရောက သူ့ဖလားတော်ဝန်နဲ့ စားတော်ဝန်ကို စိတ်ဆိုးပြီး ထောင်ချလိုက်တယ်။ တစ်ညကျတော့ သူ့တို့နှစ်ယောက်စလုံး အိပ်မက်တစ်ခုစီမက်ကြတယ်။ ဒါပေမဲ့ သူ့တို့မက်တဲ့အိပ်မက်ရဲ့အဓိပ္ပာယ်ကို မသိကြဘူး။ နောက်နေ့ကျတော့ ယောသပ်က ‘ခင်ဗျားတို့အိပ်မက် ကျုပ်ကိုပြောပြပါ’ လို့ပြောတယ်။ အဲဒီအခါ ဘုရားသခင်ရဲ့အကူအညီနဲ့ ယောသပ်က သူတို့ရဲ့အိပ်မက်အဓိပ္ပာယ်တွေကို ဖွင့်ပြတာပေါ့။

ဖလားတော်ဝန်ကို ယောသပ်ဒီလိုပြောလိုက်တယ်။ ‘သုံးရက်ကြာရင် ခင်ဗျားကို ထောင်ထဲကထုတ်မယ်။ ခင်ဗျားဟာ ဖာရောရဲ့ဖလားတော်ဝန် ပြန်ဖြစ်မယ်’ တဲ့။ ‘ခင်ဗျားအပြင်ကိုရောက်ရင် ကျုပ်အကြောင်း ဖာရောကိုပြောပြပါ၊ ကျုပ်ကိုလည်း ထောင်ထဲကထွက်အောင် ကူညီပါ’ ဆိုပြီးမှာလိုက်တယ်။ စားတော်ဝန်ကိုကျတော့ ယောသပ်က ဒီလိုပြောလိုက်တယ်လေ။ ‘သုံးရက်အတွင်းမှာ ဖာရောဟာ ခင်ဗျားခေါင်းကိုဖြတ်မယ်’ တဲ့။

သုံးရက်အတွင်း ယောသပ်ပြောသလိုဖြစ်လာကြတယ်။ ဖာရောဟာ စားတော်ဝန်ရဲ့ခေါင်းကိုဖြတ်လိုက်တယ်။ ဖလားတော်ဝန်ကျတော့ ထောင်ကထွက်ပြီး ဘုရင်ကြီးကို အရင်လိုပြန်ခစားရတယ်။ ဒါပေမဲ့ ဖလားတော်ဝန်က ယောသပ်ကို လုံးလုံးမေ့သွားတယ်။ သူ့အကြောင်းကို ဖာရောကိုပြောမပြဘူးကွဲ့။ ဒါနဲ့ ယောသပ်လေးခမျာ ထောင်ထဲမှာပဲ ဆက်နေရရှာတာပေါ့။

ကမ္ဘာဦး ၃၉:၁-၂၃; ၄၀:၁-၂၃။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ