ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၂၆
  • ယောဘ ဘုရားသခင်ပေါ်မှာ သစ္စာရှိတဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောဘ ဘုရားသခင်ပေါ်မှာ သစ္စာရှိတဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောဘက ဘယ်သူလဲ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယောဘသည် ယေဟောဝါ၏ နာမတော်ကို ဂုဏ်တင်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • “ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • အလွန်အရေးကြီးသော ပြဿနာတစ်ရပ်တွင် သင်ပတ်သက်နေ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၂၆
ယောဘ ကျန်းမာရေးပြန်ကောင်းလာပြီးနောက် သူ့မိန်းမ၊ ကလေးတွေ၊ မိတ်ဆွေတွေနဲ့ အတူရှိနေ

ပုံပြင် ၂၆

ယောဘ ဘုရားသခင်ပေါ်မှာ သစ္စာရှိတဲ့အကြောင်း

ဒီဝေဒနာရှင်ကို မသနားဘူးလား။ သူ့နာမည်က ယောဘတဲ့။ ဒီမိန်းမကတော့ သူ့ရဲ့မိန်းမ။ ယောဘကို သူဘာပြောနေသလဲသိလား။ ‘ဘုရားသခင်ကို ကျိန်ဆဲပြီးသေလိုက်တော့’ တဲ့။ သူဘာဖြစ်လို့ ဒီလောက်တောင်ပြောရတာလဲ၊ ပြီးတော့ ယောဘဘာဖြစ်လို့ ဒီလောက်ကြီးတောင် ဒုက္ခခံရတာလဲ၊ တို့ကြည့်ရအောင်။

ယောဘဟာ ယေဟောဝါကိုနာခံပြီး သစ္စာရှိတဲ့လူတစ်ယောက်။ ခါနာန်နဲ့သိပ်အလှမ်းမဝေးတဲ့ ဥဇဆိုတဲ့မြို့မှာနေတယ်။ ယေဟောဝါဟာ ယောဘကိုသိပ်ချစ်တယ်။ ဒါပေမဲ့ သူ့ကိုမုန်းတဲ့သူ တစ်ယောက်ရှိတယ်။ ဘယ်သူလဲ၊ မင်းတို့သိလား။

စာတန်မာရ်နတ်ပဲပေါ့။ စာတန်ဟာ ယေဟောဝါကိုမုန်းတဲ့ ကောင်းကင်တမန်ဆိုးတစ်ပါးဖြစ်တယ်ဆိုတာ မှတ်မိလား။ အာဒံနဲ့ဧဝ ယေဟောဝါစကားနားမထောင်အောင် သူလုပ်နိုင်ခဲ့တယ်။ ဘယ်သူ့ကိုမဆို ယေဟောဝါစကားနားမထောင်အောင် လုပ်နိုင်မယ်လို့လည်း သူထင်တယ်။ ဒါပေမဲ့ တကယ်လုပ်နိုင်ရဲ့လား။ မလုပ်နိုင်ပါဘူး။ တို့သင်ခဲ့တဲ့ သစ္စာရှိယောက်ျားမိန်းမအများကြီး ရှိတယ်ဆိုတာကိုပဲ ကြည့်တော့။ ဘယ်နှစ်ယောက်နာမည်ကို မှတ်မိကြသလဲ။

ယာကုပ်နဲ့ယောသပ် အီဂျစ်ပြည်မှာသေပြီးတဲ့နောက်ပိုင်း ကမ္ဘာတစ်ခွင်လုံးမှာ ယောဘဟာ ယေဟောဝါအပေါ် သစ္စာအရှိဆုံးလူတစ်ယောက်ဖြစ်ခဲ့တယ်။ လူတိုင်းဆိုးအောင် စာတန်မလုပ်နိုင်ဘူးဆိုတာ စာတန်ကို ယေဟောဝါက သိစေချင်တယ်။ ဒါကြောင့် ‘ယောဘကိုကြည့်။ ငါ့အပေါ်မှာ သူဘယ်လောက်သစ္စာရှိသလဲဆိုတာကိုကြည့်’ ဆိုပြီး စာတန်ကိုပြောတယ်။

စာတန်က ‘ယောဘသစ္စာရှိမှာပေါ့။ ခင်ဗျားကြီးက သူ့ကိုကောင်းချီးပေးထားတယ်၊ သူ့မှာ ဥစ္စာတွေအများကြီးရှိတာကိုး။ ဒါတွေကို သူ့ဆီကယူလိုက်ပါလား၊ ခင်ဗျားကိုကျိန်ဆဲလိမ့်မယ်ဗျ’ ဆိုပြီး စာတန်ကခံပြောလိုက်တယ်။

ဒါကြောင့် ယေဟောဝါက ‘လုပ်ကြည့်ပေါ့။ သူ့ဥစ္စာတွေအားလုံးယူလိုက်။ ယောဘကို မင်းကြိုက်သလို ဒုက္ခပေးကြည့်။ ငါ့ကို သူ ကျိန်ဆဲမလား ကြည့်ကြတာပေါ့။ သူ့ကိုသာ မသေစေနဲ့’ ဆိုပြီး မိန့်တော်မူတယ်။

ယောဘ ဝေဒနာ ဆိုးဆိုးဝါးဝါးခံစားနေရတာကို ကြည့်ပြီး သူ့မိန်းမစိတ်ပျက်နေ

ဦးဦးဆုံးစာတန်က ယောဘရဲ့နွားတွေ၊ ကုလားအုတ်တွေကိုလာပြီး ဓားပြတိုက်ခိုင်းလိုက်တယ်။ သိုးတွေသေကုန်တယ်။ ပြီးတော့ မုန်တိုင်းတစ်ခုနဲ့ သူ့သားသမီး ၁၀ ယောက်ကို သတ်ပစ်လိုက်တယ်။ နောက်တစ်ချီကျတော့ ယောဘကို အင်မတန်ကြောက်စရာကောင်းတဲ့ အနာနဲ့ဒုက္ခပေးတယ်။ ယောဘခမျာ အများကြီးခံရရှာတယ်။ ဒါကြောင့် ယောဘမိန်းမက ‘ဘုရားသခင်ကိုကျိန်ဆဲပြီး သေလိုက်တော့’ ဆိုပြီးပြောလိုက်တယ်လေ။ ဒါပေမဲ့ ယောဘအဲဒီလိုမလုပ်ပါဘူး။ ပြီးတော့ မိတ်ဆွေအတုသုံးယောက်ကလည်း သူ့ဆီလာပြီး မင်းဟာအရင်က မကောင်းတာလုပ်ခဲ့လို့ ဆိုပြီး သူ့ကိုစွပ်စွဲတယ်။ ဒါပေမဲ့ ယောဘဟာ သစ္စာမဖောက်ခဲ့ဘူး။

ဒါတွေကြောင့် ယေဟောဝါ သိပ်စိတ်ပျော်ခဲ့တယ်။ နောက်ပိုင်းကျတော့ ယောဘကိုကောင်းချီးပေးလိုက်တယ်။ ဒီပုံမှာတွေ့ရတဲ့ အတိုင်းပဲပေါ့။ သူ့ရောဂါကို ပျောက်အောင်ကုပေးခဲ့တယ်။ ယောဘမှာ သိပ်လှတဲ့ကလေး ၁၀ ယောက်ထပ်ရတယ်။ အရင်ထက် နွား၊ သိုးနဲ့ ကုလားအုတ်နှစ်ဆပြန်ရတယ်။

မင်းတို့ကော ယောဘလိုအမြဲပဲ ယေဟောဝါပေါ်မှာ သစ္စာရှိကြမလား။ ရှိမယ်ဆိုရင် မင်းတို့ကိုလည်း ဘုရားသခင်ကောင်းချီးပေးမှာပဲ။ တစ်ကမ္ဘာလုံး ဧဒင်ဥယျာဉ်လို လှလို့ပလို့နေတဲ့အချိန်မှာ မင်းတို့လည်း အမြဲတမ်းအသက်ရှင်ပြီး နေရလိမ့်မယ်။

ယောဘ ၁:၁-၂၂; ၂:၁-၁၃; ၄၂:၁၀-၁၇။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ