ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၄၄
  • ရာခပ်က သူလျှိုတွေကိုဝှက်တဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရာခပ်က သူလျှိုတွေကိုဝှက်တဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါဘုရားကို ယုံကြည်တဲ့ ရာခပ်
    ကလေးတွေကို သင်ပေးပါ
  • သတင်းတွေကို ရာခပ် နားထောင်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သူလျှိုတွေကို ရာခပ် ဝှက်ထား
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “အကျင့်အားဖြင့် ဖြောင့်မတ်” တဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၄၄
ပြတင်းပေါက်မှာ ကြိုးနီကိုင်ထားတဲ့ သူလျှိုတစ်ယောက်နဲ့ ရာခပ်

ပုံပြင် ၄၄

ရာခပ်က သူလျှိုတွေကိုဝှက်တဲ့အကြောင်း

ဒီလူတွေ ဒုက္ခရောက်နေကြတယ်။ အဲဒီကထွက်မပြေးရင် အသေပဲ။ သူတို့က ဣသရေလသူလျှိုတွေ။ သူတို့ကိုအကူအညီပေးနေတဲ့ အမျိုးသမီးက ရာခပ်လို့ခေါ်တယ်။ ရာခပ်ဟာ ယေရိခေါမြို့ရိုးအပေါ်ဆောက်ထားတဲ့ အိမ်မှာနေတယ်။ ဒီလူတွေ ဘာကြောင့်ဒုက္ခတွေ့နေရသလဲဆိုတာကို ကြည့်ရအောင်။

ဣသရေလလူတွေဟာ ယော်ဒန်မြစ်ကိုဖြတ်ပြီး ခါနာန်ပြည်ထဲဝင်လုဆဲဆဲအချိန်မှာပေါ့။ သူတို့မဝင်ခင် ယောရှုက သူလျှိုနှစ်ယောက်လွှတ်လိုက်တယ်။ ‘ပြည်တော်နဲ့ယေရိခေါမြို့ကို သွားထောက်လှမ်းချေ’ ဆိုပြီးမှာလိုက်တယ်။

ရာခပ်ရဲ့ကြိုးနီကို သုံးပြီး သူလျှိုတစ်ယောက် နံရံကနေ အောက်ကိုဆင်းနေ

သူလျှိုတွေ ယေရိခေါမြို့ကိုရောက်တော့ ရာခပ်ရဲ့အိမ်ကိုဝင်သွားကြတယ်။ ဒါပေမဲ့ လူတစ်ယောက်က ယေရိခေါဘုရင်ကို သတင်းပေးလိုက်တယ်။ ‘ဣသရေလလူနှစ်ယောက် ပြည်တော်ကိုထောက်လှမ်းဖို့ ဒီကနေ့ညဝင်လာကြတယ်’ ဆိုပြီးတော့ပေါ့။ ဘုရင်ကကြားတဲ့အခါ ရာခပ်ဆီကိုလူတွေလွှတ်လိုက်တယ်။ အဲဒီလူတွေကလည်း ‘မင်းအိမ်ထဲကလူတွေကို အပြင်ထုတ်စမ်း’ ဆိုပြီး ရာခပ်ကိုအမိန့်ပေးတယ်။ ဒါပေမဲ့ရာခပ်က သူလျှိုတွေကို ခေါင်မိုးပေါ်ဝှက်ထားလိုက်တယ်။ ဒါနဲ့သူကကျွန်မအိမ်ကို ယောက်ျားတချို့လာတာမှန်ပါတယ်။ ဒါပေမဲ့ သူတို့ဘယ်ကိုသွားပြီဆိုတာ ကျွန်မမသိဘူး။ မှောင်ခါစ မြို့တံခါးမပိတ်ခင်အချိန်ကလေးမှာပဲ ထွက်သွားကြတယ်။ အမြန်လိုက်ရင် သူတို့ကိုမီဦးမှာ’ ဆိုပြီးပြောလိုက်တယ်။ ဒါနဲ့ ဟိုလူတွေ သူလျှိုနောက်ကိုလိုက်ကြတာပေါ့။

သူတို့ထွက်သွားတဲ့နောက် ရာခပ်က ခေါင်မိုးပေါ်ကို အလောတကြီးတက်သွားတယ်။ ‘ယေဟောဝါဟာ ရှင်တို့ကိုဒီတိုင်းပြည်ပေးမယ်ဆိုတာ ကျွန်မသိတယ်။ အီဂျစ်ပြည်ကနေ ရှင်တို့ထွက်လာတုန်းက ပင်လယ်နီကို ယေဟောဝါဘယ်လိုခန်းခြောက်အောင်လုပ်ခဲ့တာတွေ၊ ရှိဟုန်နဲ့သြဃမင်းတို့ကို ဘယ်လိုသုတ်သင်ခဲ့တာတွေကို ကျွန်မတို့ကြားခဲ့ရတယ်။ ရှင်တို့ကို ကျွန်မကျေးဇူးပြုခဲ့ပြီဆိုတော့ ကျွန်မကိုလည်းရှင်တို့ကျေးဇူးပြုမယ်ဆိုတဲ့ ကတိကိုပေးပါ။ ကျွန်မရဲ့ဖေဖေ၊ မေမေ၊ အစ်ကိုမောင်နှမတွေကို အသက်ချမ်းသာပေးပါ’ ဆိုပြီး သူလျှိုတွေကိုပြောလိုက်တယ်။

သူလျှိုတွေက ချမ်းသာပေးမယ်ဆိုပြီး ကတိပေးလိုက်တယ်။ ဒါပေမဲ့ ရာခပ်လုပ်ရမယ့်အပိုင်းရှိတယ်။ ‘ဒီကြိုးနီကိုယူပြီး ခင်ဗျားပြတင်းပေါက်မှာချည်ထား။ ခင်ဗျားရဲ့သားချင်းတွေကို ခင်ဗျားအိမ်ထဲမှာစုထား။ တို့ယေရိခေါမြို့ကိုပြန်လာတဲ့အခါ ဒီကြိုးကို ခင်ဗျားပြတင်းပေါက်မှာတွေ့ပြီး ခင်ဗျားအိမ်ထဲကဘယ်သူ့ကိုမှမသတ်ဘဲနေမယ်’ ဆိုပြီး သူလျှိုတွေကပြောတယ်။ သူလျှိုတွေလည်း ယောရှုဆီပြန်ရောက်ကြတဲ့အခါ ဖြစ်ခဲ့တဲ့အကြောင်းအကုန်ပြောပြတာပေါ့။

ယောရှု ၂:၁-၂၄; ဟေဗြဲ ၁၁:⁠၃၁။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ