ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၅၀
  • သတ္တိကောင်းတဲ့ မိန်းမနှစ်ယောက်အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတ္တိကောင်းတဲ့ မိန်းမနှစ်ယောက်အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခေါင်းဆောင်အသစ်နဲ့ သတ္တိရှိတဲ့ အမျိုးသမီးနှစ်ယောက်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အစ္စရေးလူမျိုးရဲ့ မိခင်သဖွယ် ငါဖြစ်လာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယုံကြည်ခြင်းဖြင့် အင်အားကြီးသောစစ်တပ်ကို ဗာရက် အပြီးအပိုင်ချေမှုန်းခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • သင့်စေတနာစိတ်က ယေဟောဝါကို ချီးမွမ်းမှု ဖြစ်စေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၅၀
သိသရဟာ ယေလတဲထဲမှာ သေသွားတဲ့အကြောင်း ဗာရက်ကြားပြီး အံ့သြသွား

ပုံပြင် ၅၀

သတ္တိကောင်းတဲ့ မိန်းမနှစ်ယောက်အကြောင်း

ဣသရေလလူတွေ ဒုက္ခရောက်ကြတဲ့အခါ ယေဟောဝါကိုအော်ဟစ် အကူအညီတောင်းကြတယ်။ ယေဟောဝါကလည်း ရဲစွမ်းသတ္တိရှိတဲ့ခေါင်းဆောင်တွေကို ပေါ်ထွန်းစေပြီး သူတို့ကိုကယ်မတယ်။ ဒီခေါင်းဆောင်တွေကို တရားသူကြီးတွေဆိုပြီးကျမ်းစာကခေါ်တယ်။ ယောရှုဟာ ပထမတရားသူကြီးပေါ့။ သူ့ရဲ့နောက်ပိုင်းပေါ်လာတဲ့ တရားသူကြီးတွေက ဩသံယေလ၊ ဧဟုဒနဲ့ရှံဂါတို့ဖြစ်ကြတယ်။ ဣသရေလလူတွေကို ကယ်မခဲ့တဲ့ပုဂ္ဂိုလ်တွေထဲမှာ ဒေဗောရနဲ့ယေလဆိုတဲ့ အမျိုးသမီးနှစ်ယောက်လည်းပါတယ်။

ဒေဗောရနဲ့ ဗာရက်

ဒေဗောရဟာ ပရောဖက်မဖြစ်တယ်။ အနာဂတ်နဲ့ပတ်သက်တဲ့သတင်းတွေကို ယေဟောဝါကသူ့ကိုအသိပေးတယ်။ သူကတစ်ဆင့် ယေဟောဝါပြောတာကိုလူတွေကိုပြန်ပြောတယ်။ ဒေဗောရဟာ တရားသူကြီးလည်းဖြစ်တယ်။ သူဟာတောင်ပေါ်ဒေသ စွန်ပလွံပင်တစ်ပင်အောက်မှာထိုင်ပြီး လူတွေလည်းအမှုအခင်းစီရင်ဆုံးဖြတ်ပေးဖို့ သူ့ဆီလာကြတယ်။

အဲဒီအချိန်မှာ ယာဘိန်ဟာ ခါနာန်ပြည်ရဲ့ဘုရင်ပေါ့။ သူ့မှာစစ်ရထား ၉၀၀ ရှိတယ်။ သူ့စစ်တပ်ဟာ သိပ်အင်အားကောင်းတယ်။ ဒါကြောင့်ဣသရေလလူတော်တော်များများ ယာဘိန်ရဲ့ကျွန်ဖြစ်သွားကြတယ်။ ယာဘိန်မင်းရဲ့စစ်ဗိုလ်ချုပ်က သိသရလို့ခေါ်တယ်။

တစ်ရက်ကျတော့ ဒေဗောရကတရားသူကြီးဗာရက်ကိုလူလွှတ်ပြီး ‘လူ ၁၀,၀၀၀ ကိုခေါ်ပြီး တာဗော်တောင်ကိုသွားပါ။ သိသရကို မင်းဆီပို့ပေးမယ်။ သူနဲ့သူ့တပ်မဟာအပေါ် အောင်ပွဲခံတဲ့အခွင့်ကိုငါပေးမယ်’ လို့ယေဟောဝါအမိန့်ရှိတယ်ဆိုပြီး ဗာရက်ကိုပြောတယ်။

ဗာရက်က ‘ခင်ဗျားကျွန်တော်နဲ့လိုက်ရင် ကျွန်တော်သွားမယ်’ ဆိုပြီးဒေဗောရကိုပြန်ပြောတယ်။ ဒါနဲ့ဒေဗောရလည်းလိုက်သွားတယ်။ ဒါပေမဲ့ ဗာရက်ကို သူဒီလိုပြောတယ်။ ‘အောင်ပွဲအတွက် ခင်ဗျားနာမည်ရမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သိသရကို မိန်းမတစ်ယောက်လက်ထဲ ယေဟောဝါအပ်မယ်’ တဲ့။ ဖြစ်ပျက်လာပုံက ဒီလိုကွဲ့။

ဗာရက်က တာဗော်တောင်ပေါ်ကဆင်းပြီး သိသရစစ်သည်တွေနဲ့ရင်ဆိုင်တယ်။ ယေဟောဝါက အဲဒီနေရာကိုချက်ချင်းရေလွှမ်းမိုးအောင်လုပ်လိုက်တယ်။ ဒါနဲ့ရန်သူစစ်သားအများကြီး ရေနစ်ကုန်ကြတယ်။ ဒါပေမဲ့ သိသရကျတော့ ရထားပေါ်ကဆင်းပြီး ကိုယ်လွတ်ထွက်ပြေးသွားတယ်။

အတော်ကြာတော့ သိသရဟာယေလရဲ့တဲကိုရောက်လာတယ်။ သူမကသိသရကို တဲထဲဖိတ်ခေါ်လိုက်တယ်။ နွားနို့လည်းတိုက်လိုက်တယ်။ ဒါနဲ့သိသရအိပ်ချင်တာနဲ့ အိပ်မောကျသွားရော။ အဲဒီအခါ ယေလကတဲတံသင်တစ်ချောင်းယူပြီး လူဆိုးကြီးသိသရခေါင်းထဲရိုက်သွင်းလိုက်တယ်။ နောက်ပိုင်းဗာရက်လာတဲ့အခါ သေနေတဲ့သိသရကိုပြတယ်။ ဒီတော့၊ ဒေဗောရပြောတာ မှန်မနေဘူးလား။

နောက်ဆုံးမှာ ယာဘိန်မင်းလည်း အသတ်ခံရတယ်။ ဒါနဲ့ ဣသရေလတွေလည်း တစ်ဖြုတ်လောက် အေးအေးချမ်းချမ်းနေရကြတာပေါ့။

တရားသူကြီး ၂:၁၄-၂၂; ၄:၁-၂၄; ၅:၁-၃၁။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ