ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၆၃
  • ပညာရှိ ရှောလမုန်မင်းကြီးအကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပညာရှိ ရှောလမုန်မင်းကြီးအကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပညာရှိဘုရင် ရှောလမုန်
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • သူက သင့်အတွက် စံနမူနာလား၊ သတိပေးချက်လား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေဟောဝါကို ဝတ်ပြုဖို့ ဗိမာန်တော်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ရှောလမုန် ဗိမာန်တော်ဆောက်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၆၃
ပလ္လင်ပေါ်မှာထိုင်နေတဲ့ ဘုရင်ရှောလမုန်

ပုံပြင် ၆၃

ပညာရှိ ရှောလမုန်မင်းကြီးအကြောင်း

ရှောလမုန်နန်းတက်တဲ့အခါ အသက်ငယ်ငယ်လေးပဲရှိသေးတယ်။ သူဟာ ယေဟောဝါကိုချစ်တယ်။ သူ့ ခမည်းတော်ဒါဝိဒ်ပေးတဲ့ မွန်မြတ်တဲ့ဆုံးမစကားကိုလည်း သူနားထောင်တယ်။ ယေဟောဝါလည်း ရှောလမုန်ကိုသဘောကျတယ်။ ဒါနဲ့ တစ်ညကျတော့ သူ့ကိုအိပ်မက်ပေးပြီး ‘ရှောလမုန်၊ မင်းကိုငါဘာပေးရမလဲ’ ဆိုပြီးမေးတယ်။

ရှောလမုန်က ‘ကျွန်တော်ရဲ့ဘုရားသခင်ယေဟောဝါ၊ ကျွန်တော်အင်မတန်အသက်ငယ်ပါတယ်။ အုပ်လည်းမအုပ်ချုပ်တတ်ဘူး။ ဒါကြောင့် ကိုယ်တော်ရဲ့လူမျိုးတော်ကို မှန်မှန်ကန်ကန်အုပ်စိုးနိုင်တဲ့ဉာဏ်ကို ပေးသနားတော်မူပါ’ ဆိုပြီးတောင်းလိုက်တယ်။

ရှောလမုန်တောင်းတဲ့ဆုကို ယေဟောဝါသဘောကျတယ်။ ဒါကြောင့် ‘မင်းဟာအသက်ရှည်ရှည်နေဖို့၊ စည်းစိမ်ပေါဖို့မတောင်းပဲ ဉာဏ်ကိုတောင်းတဲ့အတွက် ကမ္ဘာပေါ်မှာရှိခဲ့တဲ့လူအားလုံးထက် ဉာဏ်ရှိအောင် မင်းကိုငါဉာဏ်ပညာပေးမယ်။ ပြီးတော့ မင်းမတောင်းတဲ့စည်းစိမ်နဲ့ဘုန်းကိုလည်း ငါပေးဦးမယ်’ ဆိုပြီးမိန့်တော်မူတယ်။

အဲဒီနောက်မကြာခင် အမျိုးသမီးနှစ်ယောက် ပြဿနာအခက်ကြီးတစ်ခုနဲ့ ပတ်သက်ပြီး ရှောလမုန်ဆီကိုလာကြတယ်။ တစ်ယောက်က ‘ဒီမိန်းမနဲ့ကျွန်မ တစ်အိမ်ထဲမှာအတူနေကြတယ်။ ကျွန်မသားတစ်ယောက်မွေးတယ်။ နောက်နှစ်ရက်ကြာတော့ သူလည်းယောက်ျားလေးတစ်ယောက်မွေးလာတယ်။ တစ်ညမှာ သူ့ကလေးလေးသေသွားတယ်။ ကျွန်မအိပ်ပျော်နေတဲ့အခါ သေနေတဲ့သူ့ကလေးကို ကျွန်မဆီလာထားပြီး ကျွန်မရဲ့ကလေးလေးကိုယူသွားတယ်။ ကျွန်မနိုးလာတော့ သေနေတဲ့ကလေးကိုတွေ့တယ်။ ကျွန်မရဲ့ကလေး မဟုတ်မှန်းလည်းသိသွားတယ်’ ဆိုပြီးတိုင်ပြောတယ်။

အဲဒီအခါမှာ ကျန်တဲ့အမျိုးသမီးက ‘မဟုတ်ပါဘူး၊ အသက်ရှင်နေတဲ့ကလေးဟာ ကျွန်မရဲ့ကလေးပါ။ သေသွားတဲ့ကလေးဟာ သူ့ကလေး’ ဆိုပြီးပြောတယ်။ ပထမမိန်းမက ‘မဟုတ်ပါဘူး။ သေတဲ့ကလေးဟာ ရှင့်ကလေး၊ ရှင်နေတဲ့ကလေးက ကျွန်မကလေး’ ဆိုပြီးပြန်ပြောတယ်။ အဲဒီလိုနဲ့ မိန်းမနှစ်ယောက်က ငြင်းနေကြတယ်။ ရှောလမုန်ဘာလုပ်မလဲ။

ဓားတစ်ချောင်းယူလာခိုင်းလိုက်တယ်။ ဓားယူလာတဲ့အခါ သူက ‘ကလေးကိုနှစ်ပိုင်းပိုင်းလိုက်၊ ဒီမိန်းမတွေကို တစ်ပိုင်းစီပေးလိုက်’ ဆိုပြီးပြောတယ်။

ကလေးနဲ့ဓားကို ကိုင်ထားတဲ့ ရှောလမုန်ရဲ့ လူနားမှာ အမျိုးသမီးနှစ်ယောက် ဘေးချင်းယှဉ်ရပ်နေ

‘မလုပ်ကြပါနဲ့’ လို့ မအေအစစ်ကအော်တယ်။ ‘ကလေးလေးကို မသတ်လိုက်ပါနဲ့ရှင်၊ သူ့ကိုပဲပေးလိုက်ပါတော့’ ဆိုပြီးပြောတယ်။ ဒါပေမဲ့ ကျန်တဲ့အမျိုးသမီးက ‘ဘယ်သူ့ကိုမှမပေးနဲ့၊ နှစ်ပိုင်းသာပိုင်းလိုက်’ ဆိုပြီးပြောတယ်။

နောက်ဆုံးရှောလမုန်က ‘ကလေးကိုမသတ်နဲ့၊ ပထမမိန်းမကိုပေးလိုက်။ သူဟာမအေအစစ်ပဲ’ ဆိုပြီးပြောတယ်။ မအေအစစ်ဟာကလေးကိုချစ်တော့ မသေစေချင်ဘူး။ ဒါကြောင့် နောက်မိန်းမကိုပေးဖို့ မနှမြောဘူးဆိုတာကို ရှောလမုန်သိလို့ပေါ့။ ဒီပြဿနာကိုရှောလမုန် ဒီလိုဖြေရှင်းလိုက်တဲ့အကြောင်း လူတွေကြားရတဲ့အခါ ဒီလိုပညာရှိတဲ့ဘုရင်ကြောင့် သိပ်ဝမ်းသာကြတာပေါ့။

ရှောလမုန်အုပ်ချုပ်တဲ့အချိန်အတွင်း ဘုရားသခင်က ဂျုံ၊ မုယော၊ စပျစ်သီး၊ သဖန်းသီးနဲ့တခြားအစားအသောက်တွေ သိပ်ပေါအောင်လုပ်ပေးခြင်းအားဖြင့် လူတွေကိုကောင်းချီးပေးခဲ့တယ်။ လူတွေဟာ အဝတ်အကောင်းစားဝတ်ပြီး အိမ်အကောင်းစားထဲမှာနေရတယ်။ ကောင်းတာတွေ လူတိုင်းမှာ ပိုပိုလျှံလျှံရှိကြတယ်။

၃ ဓမ္မရာဇဝင် ၃:၃-၂၈; ၄:၂၉-၃၄။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ