ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၇၅
  • ဗာဗုလုန်က ယောက်ျားကလေး လေးယောက်အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗာဗုလုန်က ယောက်ျားကလေး လေးယောက်အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါစကားကို နားထောင်တဲ့ လူငယ်လေးယောက်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • စမ်းသပ်ခံရသော်လည်း ယေဟောဝါအပေါ် ဆက်၍သစ္စာစောင့်သိခြင်း!
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • သူတို့၏ယုံကြည်ခြင်းသည် အပြင်းအထန် စမ်းသပ်ခြင်းကို ခံနိုင်၏
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဒံယေလကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၇၅
ဒံယေလ၊ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ဟာ ဘုရင်နေဗုခခ်နေဇာကျွေးတဲ့ အစားအစာတွေနဲ့ ဝိုင်ကို မစားမသောက်တဲ့အကြောင်း ပြောနေ

ပုံပြင် ၇၅

ဗာဗုလုန်က ယောက်ျားကလေး လေးယောက်အကြောင်း

နေဗုခဒ်နေဇာဘုရင်ကြီးက ပညာအတော်ဆုံးဣသရေလလူတွေကို ဗာဗုလုန်ကိုဖမ်းခေါ်သွားတယ်။ ပြီးနောက် ရုပ်အဖြောင့်ဆုံး၊ ဉာဏ်အချွန်ဆုံးလူငယ်လေးတွေကို ရွေးချယ်တယ်။ သူတို့ထဲက လေးယောက်ကို ဒီပုံမှာတွေ့နိုင်တယ်။ တစ်ယောက်က ဒံယေလ၊ ကျန်တဲ့သုံးယောက်ကိုကျတော့ ဗာဗုလုန်လူတွေက ရှာဒရက်၊ မေရှက်နဲ့အဗေဒနေဂေါလို့ခေါ်ကြတယ်။

နေဗုခဒ်နေဇာက ဒီလူငယ်တွေကို နန်းတော်မှာအမှုထမ်းဖို့ လေ့ကျင့်ပေးချင်တဲ့အစီအစဉ်ရှိတယ်။ သုံးနှစ်လေ့ကျင့်ပြီးတဲ့နောက် အဲဒီထဲကဉာဏ်အကောင်းဆုံးတစ်ယောက်ကိုရွေးပြီး သူ့ရဲ့မင်းရေးမင်းရာပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အသုံးချမယ်လေ။ လေ့ကျင့်နေတုန်းအချိန်တစ်လျှောက်မှာ ဒီကသူငယ်လေးတွေ ကျန်းမာသန်စွမ်းတာကိုသူမြင်ချင်တယ်။ ဒါကြောင့် သူနဲ့သူ့နန်းတွင်းသားတွေစားသောက်တဲ့ အစားအသောက်တွေကိုကျွေးဖို့ သူ့ကျွန်တွေကိုအမိန့်ပေးထားတယ်။

လူငယ်လေးဒံယေလကို ကြည့်လိုက်စမ်း။ နေဗုခဒ်နေဇာရဲ့ကျွန်အုပ် အာရှပေနတ်ကို သူဘာပြောနေသလဲသိလား။ ဘုရင့်စားတော်က အဆီအဆိမ့်တွေမစားချင်ဘူးဆိုပြီး ပြောနေတယ်လေ။ ဒါပေမဲ့ အာရှပေနတ်က စိတ်ပူတယ်။ ‘မင်းတို့ဘာစားရမယ်ဆိုတာ ဘုရင်ကပိုင်းဖြတ်ပြီးသား။ မင်းတို့က တခြားလူငယ်တွေလောက် ကျန်းမာတဲ့ရုပ် မထွက်ဘူးဆိုရင် သူငါ့ကိုသတ်ပစ်မှာ’ ဆိုပြီးပြောတယ်။

ဒါနဲ့ဒံယေလက သူနဲ့သူ့သူငယ်ချင်းသုံးယောက်ကို စောင့်ရှောက်ကျွေးမွေးဖို့ အာရှပေနတ်ခန့်ထားတဲ့အထိန်းဆီကိုသွားတယ်။ ‘ကျွန်တော်တို့ကို ၁၀ ရက်သာစမ်းကြည့်ပါ။ စားဖို့ဟင်းသီးဟင်းရွက်တွေနဲ့ သောက်ဖို့ရေကိုပေးပါ။ ပြီးတော့ ဘုရင့်စားတော်ကိုစားကြတဲ့ တခြားလူငယ်တွေနဲ့ ကျွန်တော်တို့ကို ဘယ်သူပိုကျန်းမာသလဲဆိုတာ ယှဉ်ကြည့်ပါ’ ဆိုပြီးပြောလိုက်တယ်။

အထိန်းကသဘောတူလိုက်တယ်။ ဒါနဲ့ ၁၀ ရက်လွန်တော့ ဒံယေလနဲ့ သူ့သူငယ်ချင်းသုံးယောက်က ကျန်တဲ့လူငယ်တွေထက် ပိုတောင်ကြည့်လို့ကောင်းလာတယ်။ ဒါနဲ့ အထိန်းက ဘုရင့်စားတော်အစား ဟင်းသီးဟင်းရွက်တွေကိုပဲ ဆက်စားဖို့အခွင့်ပေးလိုက်တယ်။

သုံးနှစ်ကြာတော့ လူငယ်တွေအားလုံးကို နေဗုခဒ်နေဇာရှေ့တော်ကိုသွင်းကြတယ်။ သူတို့နဲ့စကားပြောစမ်းပြီးတဲ့အခါ ဒံယေလနဲ့ သူ့အဖော်သုံးယောက်ဟာ ဉာဏ်အထက်ဆုံးဖြစ်မှန်း ဘုရင်ကြီးသိသွားတယ်။ ဒါကြောင့် ဘုရင်ကြီးက သူတို့ကို နန်းတော်ထဲမှာဝိုင်းကူညီဖို့ ခေါ်ထားလိုက်တယ်။ ဘုရင်ကြီးက ဒံယေလ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို မေးခွန်းတွေ၊ ပုစ္ဆာတွေမေးတိုင်း သူတို့လေးတွေဟာ သူ့ယဇ်ပုရောဟိတ်နဲ့ ပညာရှိတွေထက် ၁၀ ဆသာတာကို တွေ့ရတယ်။

ဒံယေလ ၁:၁-၂၁။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ