ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၇၆
  • ယေရုရှလင်မြို့ ဖျက်ဆီးခံရတဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရုရှလင်မြို့ ဖျက်ဆီးခံရတဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—⁠၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—⁠၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • “ဗိမာန်တော်ရဲ့ ပုံစံအကြောင်း ပြောပြလိုက်ပါ”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • “အခု မင်းရဲ့ အဆုံး ရောက်လာပြီ”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၇၆
ဗာဗုလုန်စစ်သားတွေက ဣသရေလလူမျိုးကို သုံ့ပန်းတွေအဖြစ် ခေါ်ဆောင်သွား

ပုံပြင် ၇၆

ယေရုရှလင်မြို့ ဖျက်ဆီးခံရတဲ့အကြောင်း

အတော်ဆုံး ဣသရေလပညာသည်တွေကို နေဗုခဒ်နေဇာ ဗာဗုလုန်ကိုဖမ်းဆီးခေါ်သွားတာခုနဲ့ဆိုရင် ၁၀ နှစ်ရှိသွားပြီ။ အခုကြည့်လိုက်စမ်း၊ ဘယ်လိုဖြစ်နေပြီလဲ။ ယေရုရှလင်မြို့ မီးလောင်တိုက်သွင်းခံနေရပြီ။ အသတ်မခံရတဲ့ ဣသရေလလူတွေဆိုရင်လည်း သုံ့ပန်းအဖြစ်နဲ့ ဗာဗုလုန်မြို့ကိုဖမ်းသွားခံနေရတယ်။

လူတွေဆိုးတဲ့လမ်းစဉ်ကို မပြောင်းဘူးဆိုရင် ဒီလိုပဲဖြစ်မယ်ဆိုပြီး ယေဟောဝါရဲ့ပရောဖက်တွေပြောခဲ့တယ်ဆိုတာ မှတ်မိကြလား။ ဣသရေလလူတွေ ပရောဖက်တွေရဲ့စကားကို နားကိုမထောင်ကြဘူး။ ယေဟောဝါအစား မှောက်မှားတဲ့ဘုရားကိုပဲဆက်ပြီးကိုးကွယ်ကြတယ်။ ဒါကြောင့် ဒဏ်ခတ်လိုက်တာပေါ့။ ဘာဖြစ်လို့ပြောနိုင်သလဲဆိုတော့ ဘုရားသခင်ရဲ့ပရောဖက်ယေဇကျေလက ဣသရေလလူတွေ ဘယ်လိုမကောင်းမှုတွေကို လုပ်ခဲ့ကြတယ်ဆိုတာကို ပြောပြတယ်လေ။

ယေဇကျေလဟာ ဘယ်သူလဲသိလား။ ယေရုရှလင်မြို့ကြီးခုလို အကြီးအကျယ်မပျက်စီးခင် ၁၀ နှစ်အလိုမှာ ဘုရင်နေဗုခဒ်နေဇာ ဗာဗုလုန်ကိုဖမ်းသွားတဲ့လူငယ်တွေထဲက တစ်ယောက်ပဲ။ ဒံယေလနဲ့ သူ့သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့လည်း အဲဒီအချိန်မှာ ဗာဗုလုန်ကိုဖမ်းသွားခံရတယ်။

ယေဇကျေလ ဗာဗုလုန်မှာရှိနေတုန်း ယေရုရှလင်မြို့ဗိမာန်တော်ထဲမှာ ဘယ်လောက်ဆိုးတဲ့အလုပ်တွေ လုပ်နေကြသလဲဆိုတာကို ယေဟောဝါကသူ့ကိုပြခဲ့တယ်။ ယေဟောဝါ သူ့ကိုတန်ခိုးနဲ့ပြတယ်။ ယေဇကျေလက ဗာဗုလုန်မှာပဲရှိနေတယ်။ ဒါပေမဲ့ ဗိမာန်တော်ထဲကအဖြစ်အပျက်အားလုံးကိုမြင်အောင် သူ့အတွက်ယေဟောဝါက ဖန်တီးလိုက်တယ်။ ယေဇကျေလမြင်လိုက်တဲ့ အဖြစ်အပျက်တွေဟာလည်း ရင်ထိတ်စရာကောင်းလိုက်တာ။

‘ဗိမာန်တော်ထဲမှာ လူတွေလုပ်နေကြတဲ့ ရွံစရာအလုပ်တွေကိုကြည့်လိုက်စမ်း။ နံရံတွေပေါ်မှာ မြွေရုပ်၊ တိရစ္ဆာန်အရုပ်တွေ ရေးဆွဲထားတာကိုကြည့်လိုက်စမ်း။ ဣသရေလလူတွေ ဒါတွေကိုရှိခိုးနေကြတာကြည့်လိုက်စမ်း’ ဆိုပြီး ယေဟောဝါက ယေဇကျေလကိုပြောတယ်။ ယေဇကျေလ ဒါတွေကိုမြင်နိုင်ပြီးတော့ ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို ရေးမှတ်ထားလိုက်တယ်။

‘ဣသရေလလူမျိုးတွေရဲ့ခေါင်းဆောင်တွေ နောက်ကွယ်ရာမှာ ဘာတွေလုပ်နေကြသလဲမြင်သလား’ ဆိုပြီးယေဟောဝါက ယေဇကျေလကိုမေးတယ်။ ဟုတ်တယ်၊ ဒါကိုလည်း ယေဇကျေလမြင်တယ်။ လူ ၇၀ ရှိတယ်။ သူတို့အားလုံး မှောက်မှားတဲ့ဘုရားတွေကိုကိုးကွယ်နေကြတယ်လေ။ ပြီးတော့ ‘ယေဟောဝါတို့ကိုမမြင်ဘူး။ တို့ပြည်ကိုသူစွန့်သွားပြီ’ ဆိုပြီးတော့လည်း ပြောနေကြလေရဲ့။

ပြီးတော့ ယေဟောဝါက ဗိမာန်တော်မြောက်ဘက်တံခါးက အမျိုးသမီးတချို့ကို ပြပြန်တယ်။ အဲဒီအမျိုးသမီးတွေဟာ ထိုင်ပြီးတော့မှောက်မှားတဲ့ တမ္မုဇဘုရားကိုကိုးကွယ်နေကြတယ်။ ယေဟောဝါရဲ့ဗိမာန်တော်အဝင်ဝမှာရှိတဲ့ ဟိုယောက်ျားတွေကိုလည်းကြည့်လိုက်ဦး။ ၂၅ ယောက်ရှိတယ်။ ယေဇကျေလ သူတို့ကိုမြင်တယ်။ သူတို့တစ်တွေဟာ အရှေ့ဘက်ကိုဦးညွှတ်ပြီး နေကိုကိုးကွယ်နေကြတယ်။

‘ဒီလူတွေ ငါ့ကိုခန့်ညားရိုသေမှုမရှိဘူး။ မကောင်းတာတွေလုပ်ရုံမက၊ ငါ့ဗိမာန်တော်ထဲအထိလာပြီး ဒီဒုစရိုက်တွေကိုလုပ်ကြတယ်’ ဆိုပြီးယေဟောဝါကပြောတယ်။ ဒါကြောင့် ယေဟောဝါက ‘သူတို့ဟာ ငါ့အမျက်ရှိန်ကိုခံရလိမ့်မယ်။ သူတို့ဖျက်ဆီးခံရတဲ့အခါ ငါသူတို့ကိုသနားမှာမဟုတ်ဘူး’ ဆိုပြီး အခိုင်အမာဆိုလိုက်တယ်။

မီးလောင်နေတဲ့ ယေရုရှလင်မြို့ရိုး

ယေဇကျေလကို ယေဟောဝါဒါတွေပြပြီးလို့ သုံးနှစ်လောက်အကြာမှာပဲ ဣသရေလလူတွေဟာ နေဗုခဒ်နေဇာကိုပုန်ကန်ကြတယ်။ ဒါကြောင့်သူက သူတို့ကိုသွားပြီးနှိမ်နင်းတယ်။ တစ်နှစ်ခွဲလောက်ကြာတဲ့အခါ၊ ဗာဗုလုန်လူတွေဟာ ယေရုရှလင်မြို့ရိုးကိုဖောက်ပြီး မြို့ကိုပြာချလိုက်တယ်။ လူအများထုအသတ်ခံရတယ်။ တချို့လည်း သုံ့ပန်းအဖြစ်ဗာဗုလုန်ကို ဖမ်းသွားခံရတယ်။

ဣသရေလလူတွေပေါ်မှာ ဒီလောက်ကြောက်စရာကောင်းတဲ့အဖြစ်ဆိုး ဘာကြောင့်ယေဟောဝါဖြစ်ခွင့်ပေးခဲ့ရတာလဲ။ ဟုတ်တယ်။ ယေဟောဝါအမိန့်တော်ကိုဖီဆန်ခဲ့လို့။ ပညတ်တော်ကိုလည်း မစောင့်ရှောက်ခဲ့ကြလို့ပဲ။ ဒီအဖြစ်ကဘုရားသခင်ပြောတာကိုအမြဲလုပ်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာကိုပြနေတယ်။

အစပိုင်းမှာ ဣသရေလပြည်မှာ လူဦးရေနည်းနည်းလေးကို နေခွင့်ပေးထားတယ်။ အဲဒီလူတွေကိုအုပ်ထိန်းဖို့ နေဗုခဒ်နေဇာက ဂေဒလိဆိုတဲ့ဂျူးတစ်ယောက်ကို ခန့်ထားလိုက်တယ်။ ဒါပေမဲ့ နောက်တော့ဣသရေလလူတချို့က ဂေဒလိကိုလုပ်ကြံလိုက်တယ်။ ခုတော့ သူတို့ခုလိုဆိုးတဲ့အလုပ်မျိုးကိုလုပ်ခဲ့ကြတဲ့အတွက် ဗာဗုလုန်လူတွေလာပြီး သူတို့အားလုံးကိုရှင်းပစ်မှာကို ကြောက်နေကြပြီ။ ဒါကြောင့် ယေရမိကိုသူတို့နဲ့အတင်းခေါ်ပြီး အီဂျစ်ပြည်ကိုထွက်ပြေးကြတယ်။

ဒါကြောင့်ဣသရေလပြည်မှာ လူလုံးဝမနေကြတော့ဘူး။ အနှစ် ၇၀ တိုင်တိုင် လူမနေဘဲ လုံးလုံးကိုဟင်းလင်းကြီးဖြစ်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါကအနှစ် ၇၀ လွန်ရင် သူ့လူတွေကိုနေပြည်တော် ပြန်ပို့မယ်ဆိုပြီးကတိပြုထားတယ် အဲဒီအချိန်မတိုင်ခင် ဘုရားသခင်ရဲ့လူတွေ ဖမ်းသွားခံရတဲ့ဗာဗုလုန်ပြည်မှာ ဘယ်လိုနေကြသလဲ။ ကြည့်ရအောင်။

၄ ဓမ္မရာဇဝင် ၂၅:၁-၂၆; ယေရမိ ၂၉:၁၀; ယေဇကျေလ ၁:၁-၃; ၈:၁-၁၈။။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ