ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၁၀၈
  • ဒမာသက်မြို့သွားတဲ့လမ်းပေါ်မှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒမာသက်မြို့သွားတဲ့လမ်းပေါ်မှာ
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုက ရှောလုကို ရွေးချယ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ညှဉ်းပန်းနှိပ်စက်သူ—ကြီးစွာသောအလင်းမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • မကောင်းတာ လုပ်တဲ့သူတွေ ပြောင်းလဲနိုင်သလား
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ရှောလု၏ဟောပြောခြင်းက ရန်လိုမှုကိုနှိုးဆွပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၁၀၈
ဒမာသက်မြို့ သွားတဲ့လမ်းပေါ်မှာ တောက်ပတဲ့အလင်းတန်းပေါ်လာပြီး ရှောလု လဲကျသွား

ပုံပြင် ၁၀၈

ဒမာသက်မြို့သွားတဲ့လမ်းပေါ်မှာ

မြေကြီးပေါ်မှာလဲနေတဲ့လူ ဘယ်သူလဲမင်းတို့သိကြလား။ ရှောလုပဲကွဲ့။ မှတ်မိရဲ့လား။ သတေဖန်ကိုခဲနဲ့ပေါက်သတ်တဲ့လူတွေရဲ့ အဝတ်ကိုကြည့်ပေးတာ သူပဲလေ။ တောက်ပတဲ့အလင်းတန်းကြီးကို ကြည့်လိုက်ဦး။ ဘာဖြစ်နေတာလဲ။

သတေဖန်အသတ်ခံရတဲ့နောက် ရှောလုကခေါင်းဆောင်ပြီး ယေရှုနောက်လိုက်တွေကိုရှာပြီးဒုက္ခပေးတယ်။ တစ်အိမ်ပြီးတစ်အိမ်သွားပြီး သူတို့ကိုအိမ်ပြင်ဆွဲထုတ်တယ်၊ ထောင်ချတယ်။ တပည့်တော် တော်တော်များများ တခြားမြို့ရွာကိုပြေးကြတယ်။ ပြီးတော့ “သတင်းကောင်း” ကိုရောက်တဲ့နေရာမှာကြေညာကြတယ်။ ဒါပေမဲ့ ရှောလုက တခြားမြို့တွေကိုလည်းသွားပြီး ယေရှုနောက်လိုက်တွေကိုလိုက်ရှာတယ်။ ခုသူ ဒမာသက်မြို့ကိုသွားနေတာလေ။ ဒါပေမဲ့ လမ်းခုလတ်မှာ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့တိုးတယ်။

အလင်းရောင်တစ်ခုက ရှောလုအနီးတစ်ဝိုက်မှာ ဖြတ်ကနဲလက်သွားတယ်။ ရှောလု မြေပေါ်လဲကျသွားတယ်။ ပုံမှာပါတဲ့ အတိုင်းပဲပေါ့။ ပြီးတော့ အသံတစ်ခုပေါ်လာတယ်။ ‘ရှောလု၊ ရှောလု၊ ငါ့ကိုဘာဖြစ်လို့ ဒုက္ခပေးရတာလဲ’ ဆိုပြီးမေးတယ်။ ရှောလုနားမှာရှိတဲ့လူတွေ အလင်းကိုလည်းမြင်၊ အသံကိုလည်းကြားကြပေမဲ့ ဘာကိုပြောနေမှန်းကိုတော့မသိကြဘူး။

ရှောလုက ‘ကိုယ်တော်ဘယ်သူလဲ’ ဆိုပြီးပြန်မေးတယ်။

‘ငါဟာ မင်းနှိပ်စက်နေတဲ့ယေရှုပဲ’ ဆိုပြီး အသံရှင်က ပြန်ဖြေတယ်။ ယေရှုဘာဖြစ်လို့ ဒီလိုပြောရတဲ့အကြောင်းကတော့၊ ရှောလုက ယေရှုရဲ့နောက်လိုက်တွေကိုနှိပ်စက်တာဟာ သူ့ကိုနှိပ်စက်သလို ယေရှုခံစားရလို့ပဲကွဲ့။

‘ကျွန်တော်ဘာလုပ်ရမလဲ၊ သခင်’ ဆိုပြီးရှောလုကမေးတယ်။

‘ထပြီး ဒမာသက်မြို့ကိုသွားပါ၊ ဘာလုပ်ရမလဲဆိုတာ ဟိုကျသိရလိမ့်မယ်’ ဆိုပြီး ယေရှုကပြောလိုက်တယ်။ ရှောလုကထပြီး မျက်စိကိုဖွင့်ကြည့်တော့ ဘာကိုမှမမြင်ရတော့ဘူး။ သူမျက်စိကန်းသွားပြီကွဲ့။ ဒါနဲ့ သူ့ဘေးကလူတွေက သူ့လက်တွဲပြီး ဒမာသက်မြို့ကိုပို့လိုက်တယ်။

အဲဒီအချိန်မှာ ယေရှုက ဒမာသက်မြို့မှာရှိတဲ့ တပည့်တော်တစ်ယောက်ကိုပြောတယ်။ ‘ထပါ၊ အာနနိ။ လမ်းဖြောင့် လို့ခေါ်တဲ့ လမ်းကိုသွားပါ။ ယုဒရဲ့အိမ်ရောက်ရင် ရှောလုဆိုတဲ့လူတစ်ယောက်ကိုရှာပါ။ သူ့ကိုငါ့ရဲ့အထူးကျေးကျွန်တစ်အဦးအနေနဲ့ ငါရွေးကောက်လိုက်ပြီ’ တဲ့။

အာနနိက မှာတဲ့အတိုင်းလုပ်တယ်။ ရှောလုကိုသူတွေ့တဲ့အခါ သူ့အပေါ်မှာလက်တင်ပြီး ‘မင်းမျက်စိပြန်မြင်အောင်၊ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်အောင်လုပ်ဖို့ ငါ့ကိုသခင်ဘုရားလွှတ်လိုက်တယ်’ ဆိုပြီးပြောတယ်။ ချက်ချင်းပဲ ငါးအကြေးခွံလိုလိုဟာတွေ ရှောလုမျက်စိကကွာကျလာတာနဲ့ ရှောလုမျက်စိပြန်မြင်လာတယ်။

လူအမျိုးမျိုးကိုဟောပြောတဲ့နေရာမှာ ရှောလုကို တွင်တွင်ကြီးသုံးတော့တယ်။ ရှောလုဟာ တမန်တော်ပေါလုဖြစ်လာတယ်။ သူ့အကြောင်း အများကြီးသိရဦးမယ်။ ဒါပေမဲ့ ဦးဦးဆုံး ဘုရားသခင် ပေတရုကိုလွှတ်ပြီး ဘာလုပ်ခိုင်းသလဲဆိုတာကို ကြည့်ရအောင်။

တမန်တော် ၈:၁-၄; ၉:၁-၂၀; ၂၂:၆-၁၆; ၂၆:၈-၂၀။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ