ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၁၁၅
  • ကမ္ဘာပေါ်က ပရဒိသုအသစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာပေါ်က ပရဒိသုအသစ်
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘယ်သူတွေ ရှင်ပြန်ထမြောက်လာကြမလဲ၊ ဘယ်မှာ နေထိုင်ကြမလဲ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • “ပရဒိသုမှာ ပြန်တွေ့မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • အာမဂေဒုန်အပြီး၊ ပရဒိသု မြေကြီးတစ်ခု
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၁၁၅
ကမ္ဘာ့ပရဒိသုမှာ လူတွေနဲ့ တိရစ္ဆာန်တွေ ပျော်ရွှင်နေကြ

ပုံပြင် ၁၁၅

ကမ္ဘာပေါ်က ပရဒိသုအသစ်

အဲဒီ သစ်ပင်ကြီးတွေ၊ ပန်းလှလှလေးတွေ၊ တောင်မြင့်မြင့်ကြီးတွေကို ကြည့်လိုက်စမ်း။ မလှဘူးလား။ ကလေးလေးက လက်နဲ့ကျွေးတာကို သမင်လေးစားနေတာကိုလည်း ကြည့်ဦး။ ပြီးတော့ ကွင်းပြင်ထဲမှာ ခြင်္သေ့ကြီးနဲ့ရပ်နေတဲ့ မြင်းတွေကိုလည်းကြည့်လိုက်ဦး။ အဲဒီလိုနေရာမျိုးမှာ ဆောက်ထားတဲ့အိမ်ဆိုရင် မနေချင်ဘူးလား။

ဘုရားသခင်ဟာ မင်းတို့တစ်တွေကို ပရဒိသုမှာ ထာဝစဉ်အသက်ရှင်ပြီး နေစေချင်တယ်။ ပြီးတော့ ဒီကနေ့ လူတွေခံစားနေရတဲ့ အဖျားအနာ အကိုက်အခဲတွေလုံးဝမခံစားစေချင်ဘူး။ ပရဒိသုအသစ်မှာနေမယ့်လူတွေ အဲဒီလိုဖြစ်မယ်ဆိုပြီးကျမ်းစာက ကတိပေးထားတယ်။ ‘ဘုရားသခင်သူတို့နဲ့အတူနေမယ်။ သေခြင်း၊ ငိုခြင်း၊ နာကျင်ခြင်း မရှိရတော့ဘူး။ ရှေးအဖြစ်တွေကုန်လွန်သွားမယ်’ တဲ့။

ပရဒိသုမှာ ခူးထားတဲ့ပန်းလေးနဲ့ ပျော်ရွှင်နေတဲ့ မိန်းကလေး

ဒီလောက်ကောင်းတဲ့ဟာတွေဖြစ်ကိုဖြစ်လာအောင် ယေရှုကကြပ်မတ်မယ်။ ဘယ်တော့လဲသိလား။ အေးဟုတ်တယ်။ အဆိုးတွေ၊ လူဆိုးတွေအားလုံးကို ကမ္ဘာပေါ်က အကုန်လုံးရှင်းပစ်ပြီးတဲ့နောက်ပဲ။ မှတ်မိလား၊ ယေရှုကမ္ဘာပေါ်မှာရှိတုန်းက လူတွေခံစားရတဲ့ရောဂါအမျိုးမျိုးကို ကုပေးတယ်။ သေတဲ့လူတွေကိုတောင်မှ ပြန်ရှင်အောင်လုပ်ပေးခဲ့တယ်လေ။ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်ဖြစ်လာတဲ့အခါ တစ်ကမ္ဘာလုံးမှာ သူဘာလုပ်မလဲဆိုတာကို နမူနာပြခဲ့တယ်။

ကမ္ဘာပေါ်ကပရဒိသုအသစ်မှာ ဘယ်လောက်ပျော်မလဲ စဉ်းစားကြည့်တော့။ ယေရှုဟာ သူ့လက်ရွေးစင်တွေနဲ့တွဲဖက်ပြီး ကောင်းကင်ကနေ ကမ္ဘာကိုအုပ်ချုပ်မယ်။ အဲဒီဘုရင်တွေဟာ ကမ္ဘာပေါ်က လူတစ်ယောက်မကျန်ကို ဂရုစိုက်မယ်၊ ပျော်အောင်ထားမယ်။ ဒီပရဒိသုထဲမှာ ထာဝရအသက်ရနိုင်တဲ့အခွင့်ကို ဘုရားသခင်ဆီက မလွဲတမ်းရအောင် တို့တစ်တွေ ဘာလုပ်ရမလဲဆိုတာကို ဆက်ကြည့်ရအောင်။

ဗျာဒိတ် ၂၁:⁠၃၊ ၄; ၅:⁠၉၊ ၁၀; ၁၄:၁-၃။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ