သီချင်း ၁၁
ရှုလမိုက် အကြွင်းအကျန်
၁။ “ချစ်ရှုလမိုက်ကညာ၊ လှပချစ်ဖွယ်ရာ
သင့်ဝိညာဉ်ရေး သီလဂုဏ်များ တွေ့ခဲလှ
သင့်စကားပြေပြစ်လှ၊ သင့်မူရာရွှင်ပျ
သင့်ပေါင်းဖော်မှု ပွေ့ပိုက်ချစ်လှ ရှုလမိုက်”
၂။ သို့ပြော သိုးထိန်းကောင်းပင် ယေရှုသူ့အရှင်
သူထာဝရ ဆုလာဘ်ကို ခံစားစေလို
ချောလှသောသူကလည်း၊ နံရံသို့ခိုင်မြဲ
များတွက် စံပြအလား၊ သခင်အား ပန်ကြား
၃။ “ကြွင်းမဲ့ဝတ် လွန်ချစ်လှ၊ အငှားကြွေးမချ
ချစ်မေတ္တာတောက်လောင်ရကား၊ မီးလျှံအလား
ရှီးအိုးလ်သို့မပြောင်းလဲ၊ ချစ်သစ္စာတည်မြဲ
မီးလျှံသို့ယေဟောဝါ၊ မေတ္တာငါ့တွက်သာ”
၄။ ချစ်ရှုလမိုက် “ကြွင်းကျန်”၊ သွေးဆောင်မှု တွန်းလှန်
သတို့သားတွက်သန့်စင် ဂုဏ်မြဲမြံလျက်ပင်
သင့်ကညာပေါင်းဖော်များ၊ စီတန်းလျက်တူသွား
သင်သွားသောလမ်းပျော်ရွှင်၊ ရရှိမည်ဆုပင်