သီချင်း ၃၅
မေတ္တာ၏ သာ၍မြတ်သောလမ်းစဉ်
၁။ မေတ္တာရှင်ကားဘုရားသခင်၊
လိုက်လျှောက်ရာ မေတ္တာလမ်းစဉ်
ဘုရားနှင့် အိမ်နီးချင်းချစ်ပါ၊
လုပ်ကိုင်ပုံကိုထိန်းစေပါ
ယုံကြည်ခြင်းအသိပညာများ၊
နှုတ်နှင့် ပရောဖက်ပြုကြား
မေတ္တာမဲ့၍နေကြပါက၊
ကျွန်တော်များဖို့ကျိုးမရ
၂။ အချိန်များစွာမှုဆောင်၍ရ၊
နှိပ်စက်ညှဉ်းပန်းလည်းခံရ
ရည်ရွယ်ချက်မဖြောင့်စင်းပါက၊
တို့အကျိုးမခံစားရ
မေတ္တာသည်ကြင်နာသနား၏၊
ရိုင်းပျလုပ်ကိုင်ခြင်းမရှိ
ကြွားဝါမနာလိုစိတ်ကင်းပြီး၊
သုံးပြုသီအိုကရက်တစ်နည်း
၃။ ဘယ်ခါမှမခက်ထန်မေတ္တာ၊
ဆိုးသွမ်းမှုကြောင့် မပျော်ပါ
ရာခပ်သိမ်း၌ခိုင်မြဲတည်ကြည်၊
မှန်ရာမြတ်နိုးစိတ် ရှိသည်
ထက်ဘုရားအား ဝတ်ပြုလျှင်ကား၊
ယုံကြည်မေတ္တာ မျှော်လင့်ပွား
အကောင်းဆုံးသော နည်းလမ်းမျိုးမှာ၊
ဘုရားကျင့်သုံး နည်းလမ်းသာ