သီချင်း ၃၉
ဘုရားရှင်၏စစ်သည်များချီတက်နေ
၁။ ဘုရားရှင် စစ်သည်ချီတက်၊
ပိုင်ဆိုင်စွမ်းအား ထက်မြက်
ဂုဏ်တော်ထင်ရှား ယေဟောဝါ၊
ကြီးမြတ် နာမကွယ်ကာ
နဂါးနီတပ် စစ်ဆင်ခိုက်၊
ဘုရားတပ်ငယ် ခံတိုက်
အတောင်တော် အရိပ်အောက်တွင်၊
စောင့်ရှောက်ထား ကိုယ်တော်ရှင်
၂။ ပြင်းထန်လှ တို့စစ်ရေးပင်၊
ဤနေ့ ယေဟောဝါရှင်
ရဲရင့်စွာ နှုတ်တော်ဟောကြား၊
အဘယ်သို့ စိတ်ချောက်ချား
ဗိုလ်မှူးချုပ် သားတော်မြတ်ပေ၊
အမှန်တွက် ခုတိုက်နေ
ကိုယ်တော်ရှင် တိုက်ပွဲကြီးတွင်၊
တို့ပင် ပါဝင်စစ်ဆင်
၃။ ဘုရားနှင့် စစ်ချီတက်ရာ၊
အမှန် အောင်မြင်မည်သာ
နာမတော် ဘုန်းထင်ရှားစေ၊
အိုဇွဲထက်သန်လျက်နေ
အမှန်မုချ အောင်မြင်မှာ၊
ကတိတော် ရှိထားရာ
ညံ့မခံသစ္စာရှိများ၊
ဆုလာဘ်တော်ကို စောင့်စား