သီချင်း ၄၉
ကြီးမြတ်ယေဟောဝါ!
၁။ ကြီးမြတ်ယေဟောဝါ၊ ထွတ်မြတ်ထာဝရ
ချီးမွမ်းသီဆို တို့ဝမ်းမြောက်၊ သင့် လမ်းမှန်ပေါ် နှိမ့်ချလျှောက်
သင်ကား တို့ဖခင်၊ တရားမင်းပညတ်ရှင်
ကိုယ်တော်ပေါ် စဉ်သာ တို့တာဝန် မကင်းပါ
အိုကောင်းမြတ်ဘုရား ကိုယ်တော်ကောင်းလှတကား
ကူပါ သင့်ဝန်ထမ်း၊ ဆောင်ရွက်အပ်သောလမ်း
နာမတော်တို့လေးစား သင့်သိုးများကိုကျွေး
မှုဆောင်ရောင့်ရဲစွာ ထိုလိုအပ်သောနေရာ
တို့ကို ဖန်ဆင်းသူ၊ အသက်ရှင်စေသူ
ထံတော်မှ ကျေးဇူးများရ
၂။ ကြီးမြတ်ယေဟောဝါ၊ အနန္တတန်ခိုးရှင်
မှုတော်တွင်တွေ့ရှိပျော်ရွှင်၊ တာဝန်ကျရာမှုဆောင်စဉ်
သင်ကားရဲတိုက်အိုး၊ မူလစွမ်းတန်ခိုး
ကိုယ်တော်အား မှီခိုထား တို့စိတ်နှလုံးသား
အိုအားကြီးဘုရား တူညီမေတ္တာခွန်အား
ကူညီရာလက်များ ဘယ်ခါမျှမမှား
သင့်လမ်းစဉ် တို့မှီတွယ် ကြံစည်သိထားဖွယ်
ကိုယ်တော်အတွက်မှုဆောင် တစ်ပါးတည်းတွက်သာ
သင်ကား ခိုလှုံရာ၊ ဒိုင်းလွှားကူညီရာ
တို့စဉ်မြဲ ကိုးစားနိုင်ပါ
၃။ ကြီးမြတ်ယေဟောဝါ၊ သိုးထိန်းနည်းပြဆရာ
စောင့်ရှောက်ကွယ်ကာသော ဘုရား၊ တို့ရေးရာတွင် စိတ်ဝင်စား
သင်အား ကယ်တင်ရှင်၊ ကျောက်နှင့်ရွေးနုတ်ရှင်
ကိုယ်တော်ထံ စဉ်လာနိုင်ရာ ဆုပတ္ထနာ
အိုကရုဏာဘုရား လွန်ရက်ရောလျက် သနား
ထံတော်ချဉ်းကပ်ကြ နှစ်သိမ့်မှုကိုရ
နာမတော်ကို လေးစား မကြာမီတွေ့ထား
ကိုယ်တော်ကြံစည်ထားရာ မည်ပုံပြည့်စုံလာ
အိုရှင်ယေဟောဝါ၊ မွန်မြတ်လှဘုရား
ဘုရားမရှိ ကိုယ်တော်သာ