သီချင်း ၆၂
ဝမ်းမြောက်လှပေကရုဏာရှိသူများ!
(မဿဲ ၅:၇)
၁။ သနားတတ်သူများ ဝမ်းမြောက်လှ၊
ဘုရား ရှေ့တော်၌ တင့်တယ်လှ
ဖြောင့်မတ်ခြင်း နှစ်သက် သူပြောပြ၊
ဘုရား ညှာတာမှုတွင် အားရ
ကရနီ၌ ကြင်နာမှုပြ၊
တို့တွက်ရွေးဖိုး ပေးဆပ်ခဲ့ရ
နှိမ့်ချသူအားကရုဏာထား၊
ခန္ဓာအားနည်းရာသူသိထား
၂။ ဘုရားတူကြင်နာကောင်းချီးရ၊
မှားပြစ်မှ ခွင့်လွှတ်နားစက်ရ
ကြင်နာစိတ်ပြအကျိုးကိုရ၊
ရှင်ခရစ်တော်နန်းထိုင်သည့်နေ့က
ဝမ်းမြောက်စွာ သနားတတ်သူများ၊
ဟောပြော တရားအနှံ့အပြား
“ပြောပါလေ စိတ်အားမငယ်ဖို့၊
နိုင်ငံတော်ခုပင်တည်ရှိနေ”
၃။ ကြင်နာသူ ကြောက်ရန်မလိုပါ၊
တရား ပလ္လင်ရှေ့ ရောက်သောခါ
ကရုဏာတရားသင်ကြားပြ၊
ကိုယ်တော်နည်းတူ ကရုဏာပြ
အိုကရုဏာမြဲပြအတူ၊
နူးညံ့စိတ်ထားကိုလည်းမွေးမြူ
အချိန်အခွင့်ကိုအသုံးပြု၊
ငါတို့ဘုရား နည်းလမ်းကိုတု
(အပိုဒ် ၃ အဆုံး) ဆက်ဆိုရန်
သနားတတ်သူများဝမ်းမြောက်လှ၊
ဘုရား ရှေ့တော်၌ တင့်တယ်လှ