သီချင်း ၁၀၃
သင်၏ဝန်ကိုယေဟောဝါအားလွှဲအပ်လော့
၁။ အရှင်မြတ်နားညောင်းတော်မူပါ၊
မလွှဲရှောင်တော်မူစေရာ
နားညောင်းလျက်သာထူးတော်မူပါ၊
စိုးရိမ်မှုမရှိစေရာ
(ထပ်ဆိုရန်)
၂။ ချိုးငှက်ကဲ့သို့အတောင်ရှိက၊
ရပ်ဝေးပျံသွားနားနေရ
ဆိုးယုတ်သူထံပါးမှဝေးကွာ၊
ဆိုးသွမ်းလျှာများလွဲစေပါ
(ထပ်ဆိုရန်)
၃။ ပတ္ထနာပြုရာယေဟောဝါ၊
ထက်ရပ်မြင့်မြတ်ပလ္လင်မှာ
တိုက်လှန်မှုကြား ငြိမ်သက်စေသည်၊
ငါ့အသက်ကိုရွေးနုတ်ပြီ
(ထပ်ဆိုရန်)
ဝန်ကိုလွှဲအပ် ယေဟောဝါအား၊
ထောက်မမှုများ ပေးသနား
သင့်ကိုဘယ်တော့မယိမ်းယိုင်စေ၊
တည်တံ့နေဖို့ ကူညီပေ