သီချင်း ၁၄၉
“ဘုရားရှင်သည်မုသာမသုံးနိုင်ပေ”
၁။ ကတိပေးခဲ့ အာဗြဟံကောင်းချီးရစေ၊
ထိုအာဗြဟံ စုံစမ်းခြင်းအောင်မြင်ခဲ့လေ
ကောင်းချီး ကြိုတင်သိမြင် ယုံကြည်ခြင်းကြောင့်သာ၊
ဘုရား မုသာ မပြောကြောင်း နားလည်ထားပါ
၂။ နှုတ်ကပါဌ်တော်မပြောင်းလဲကြောင်းပြဖို့ရာ၊
ကျိန်ဆိုပြောထား ကောင်းချီးအာဗြဟံရမှာ
ဘုန်းတော်ချီးမွမ်း မျှော်လင့်ခြင်း ခိုင်လုံ၍သာ၊
ဘုရားရှင် မုသာ မပြောနိုင်ကြောင်းသိပါ
၃။ ယုံကြည်ချက် ခိုင်လုံ ကျောက်ဆူးချထားပမာ၊
ကတိတော် ကျိန်ဆိုချက်ဖြင့် ပိုခိုင်လုံလာ
စုံစမ်းခြင်းခံရငြား တွန်းလှန်အောင်နိုင်မှာ၊
ဘုရားရှင်မုသာ မပြောနိုင်ကြောင်းသိပါ
၄။ ယေဟောဝါ မြင့်မြတ်ဆုံးရှင် စောင့်ထိန်းသစ္စာ၊
ထံတော် ဆည်းကပ် သူစွန့်ပယ်မထား ဘယ်ခါ
နှုတ်ကပါဌ်တော် ကျိန်ဆိုချက် မှီဝဲနေပါ၊
ဘုရားရှင် မုသာမပြောနိုင်ကြောင်းသိပါ