သီချင်း ၁၅၅
“အချင်းချင်းကြိုဆိုပါ”!
၁။ အို၊ တစ်ဦးကိုတစ်ဦးကြို၊ ဆိုခရစ်ယေရှုနည်းတူကြို
ရှင်ခရစ်သင့်ညီကိုတွက်သေ၊ သူ့ကိုလည်းကြိုဆိုလျက်ပေ
ထို့ကြောင့် သန်မာကြီးရင့်သူ၊ အားနည်းသူတို့အားထောက်ကူ
သူတို့မျှော်လင့်လုံခြုံရာ၊ ဖြောင့်မှန်စွာကူညီဖွေရှာ
တို့ဘုရားပရောဖက်များဖြစ်စဉ် ကြိုတင်ရေးသားထား
သည်းခံမြဲမြံ နိုင်မှုအား တို့နှစ်သိမ့် မျှော်လင့်ရာပွား
စဉ်အမြဲနှစ်သက်ဖွယ်ရာ ကြိုးစားကာ ကိုယ်တွက်မရှာ
သို့ဖြစ်ရာ ကိုယ်ကျိုးတမျှ ညီအစ်ကိုကျိုး ရှုမြင်ရ
၂။ ယေဟောဝါလူများစုရာ၊ စစ်ပညာ မကျင့်တော့ပါ
ချစ်သားတော် ချိန်ခါတိုင်လာ ငြိမ်သက်ပြန်ရ နှံ့ကမ္ဘာ
လူမျိုးတကာ နွယ်ဘာသာ၊ လူမျိုးပေါင်းစုံခေါ်ဆောင်လာ
သူတို့စိတ်နှလုံးတွင်းမှာ၊ ပညတ်ပျိုး ပျော်ရွှင်မြူးရာ
တိုးချဲ့ကြိုဆိုနော်၊ ဦးထိပ်ထားမျှော်၊ တို့ဘုရားဂုဏ်တော်
ဘုန်းတောက်ဘုရား မျက်မှောက်ထား ကြိုဆိုမှုကိုတိုးချဲ့သွား
အဆင့်အတန်းမခွဲခြား၊ မိတ်သဟာယ ဖွဲ့စည်းထား
တုယူဘုရားသဘောထား၊ ဤသည်ခမ်းနားခွင့်ထူးခြား
၃။ တိုက်တွန်းပြောကြားလူအများ၊ ချီးမွမ်းဘုရင်ဂျားမြတ်အား
လူမျိုးတော်နှင့်တူပျော်ရွှင်၊ တစ်ဦးတည်းသို့ချီးမွမ်းစဉ်
ဆုံးတိုင်ခါ စဉ်မြဲကြေညာ၊ အိမ်များနှင့်လမ်းများပေါ်မှာ
ထင်ပေါ်စဉ် ယေဟောဝါရှင်၊ ကြုံသမျှ လူများနှင့်ပင်
ဤသို့ဂုဏ်တော် ချီးမွမ်းပါ၊ နောက်တစ်ဖန် ဘယ်ခါမလာ
စင်စစ်ဤဆုံးရက်များမှာ၊ တရားမဲ့သူများတွက်သာ
သို့ချစ်ပါညီအစ်ကိုများ၊ မှန်သစ္စာ တည်ကြည်ဘုရား
မှန်လက်ခံအချင်းချင်းကြို၊ ဤမိန့်တော်တို့ကိုမိန့်ဆို