သီချင်း ၁၆၃
ဝိညာဉ်တော်အသီး
၁။ သန့်ရှင်းဝိညာဉ်တော်အသီးများသည်၊
သီး၍ ရတတ်လျက်နေကြမည်
သို့ဖြင့် နာမတော်ဘုန်း ထင်ရှားစေ၊
စီစဉ်သစ်တွင် အသက်ရပေ
ထို့ကြောင့် မြဲအစဉ် ချစ်ခြင်းတင်ပြ၊
ဘုရားသို့ သန့်ရှင်းစင်ကြယ်ရ
ဝမ်းမြောက်ခြင်းရှိနေဖို့ မြဲကြိုးစား၊
ခံနိုင်စွမ်းရည် မြဲမွေးယူထား
၂။ စိတ်ဝမ်းမကွဲ တိုးတက်နေဖို့ရာ၊
ငြိမ်သက်ခြင်း ဂုဏ်ရည်ပိုင်စေပါ
စိတ်ရှည်လျက်နေဖို့လည်းရေးကြီးလှ၊
သည်းခံတရားအားလုံးကိုပြ
အိုဘယ်မျှသော ကျိုးကျေးဇူးခံရ၊
ကြင်နာခြင်းမှာ နားထောင်ချင်ကြ
ကူညီပေး ကောင်းမြတ်ခြင်း သီလပင်၊
နိုင်ငံတော် သတင်းဝေငှစဉ်
၃။ ယုံကြည်ခြင်းဖြင့် ရဲရင့်စိတ် မွေးလျက်၊
ထက်သန်စေ ဘဝရည်ရွယ်ချက်
နူးညံ့သိမ်မွေ့ ခြင်းမြတ်လှတကား၊
တွန်းလှန်ပစ် အငြင်းပွားမှုများ
စွန့်ပယ်ခြင်းကို မခံလိုပါက၊
စိတ်ချုပ်တည်းခြင်းရှိဖို့လိုလှ
အသီးများသီး၍ စိတ်တော်တွေ့ဖို့၊
နေ့စဉ် ကြိုးစားလျက်သီးကြစို့