သီချင်း ၁၇၈
ကြံ၍မမီနိုင်သော “ဘုရားသခင်၏ငြိမ်သက်ခြင်း”
၁။ ငြိမ်သက်ဘုရားထူးခြား
တန်ခိုးကြီးမားစွာဖယ်ရှား
သောကပူပြင်းစိုးရိမ်စိတ်ကင်း
ခုစိတ်တွင်းတည်ငြိမ်သက်ခြင်း
ထံတော်စိတ်တိမ်းညွတ်စေ
ဘုရားရှင့်ငြိမ်သက်ခြင်းပေ
မြဲအသင့်သာထိန်းထား
မြဲစွာနိုင်ငံတော်ဆက်သွယ်နေပါ
၂။ စိုးရိမ်ကြပ်တည်းကြောင့်ကျ၊
လူသားများ ချုပ်ချယ်ခံရ
ဆင်းရဲပေါများစိတ်မွန်ထွေပြား
လူစိတ်ခါးသီးစွာလှုပ်ရှား
သို့ငြားစိတ်ပျက်မသွား၊
ဘုရားမေ့မထားတို့အား
ငြိမ်သက်မေတ္တာ စောင့်ရှောက် ကွယ်ကာ၊
စိတ်တိုရာမလိုတော့ပါ
၃။ ဘုရားခိုကိုးနိုင်ရာ၊
လိုသမျှဖို့မံပေးပါ
ဘယ်ခါမလွဲကရုဏာစဉ်မြဲ
တစ်သက်လုံးလမ်းပြမစဲ
ငြိမ်သက်ရာနှင်းပမာ၊
များလှစွာပျော်မှုဆောင်လာ
ကောင်းချီးသွန်းကာ တိုးပွားလျက်သာ၊
ရှာဆောင်ရွက်ရာ လိုတော်သာ