သီချင်း ၁၉၉
“ဤလောကရှုခင်း ပြောင်းလဲနေခြင်း”
၁။ ဘုရားလှပရာလက်ရာအား၊
ဤကမ္ဘာလူ ဖျက်ဆီးသော်ငြား
ဆက်သက်ရှင်ဖို့တို့မျှော်လင့်တာ၊
ဆိုးယုတ်မှု ဘုရားကုမှာ
(ထပ်ဆိုရန်)
၂။ ခွေးတူ ရန်သူစဉ်ရန်မူနေ၊
တို့စွမ်းအားများစဉ်ဆုတ်ယုတ်စေ
သို့ငြားဝမ်းသာ ဩဘာပေးကာ၊
သိထားအောင်မှာ လွန်သေချာ
(ထပ်ဆိုရန်)
၃။ ရန်သူသွင်ပြင် ပေါ်လွင်သော်ငြား၊
နှောင့်ယှက်ဖျက်ဆီးမှုသာကြိုးစား
ဘုရားမိန့်တော် စိတ်တွင်းမြဲစွာ
နှလုံးစင်ကြယ်စေဖို့ရှာ
(ထပ်ဆိုရန်)
၄။ မာရ်နတ်၏စနစ်ကုန်ဆုံးနေ၊
ထိန်းချုပ်ချိန်ခါတိုင်ရောက်လာလေ
ထိုသော သတင်းကောင်း ကွယ်ကာမည်၊
ဘုရားကူညီခံနိုင်ရည်
(ထပ်ဆိုရန်)
လောကရှုခင်းများ၊
ပြောင်းလဲသွားသော်ငြား ဘုရားမေတ္တာတော်စီမံထား၊
လုံးစုံလုံခြုံကွယ်ကာထား