ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gm အခန်း ၁၄ စာ. ၁၈၄-၁၈၉
  • သမ္မာကျမ်းစာနှင့်အသင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာနှင့်အသင်
  • သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကူအညီကို လက်ခံပါ
  • သမ္မာကျမ်းစာ အကြံပြုချက်ကို ကျင့်သုံးပါ
  • ယင်း၏ အခွင့်အာဏာကို လက်ခံပါ
  • မည်သူမျှမစုံလင်
  • ဘုရားသခင့်နှုတ်မြွက်စကားတော်အတိုင်း အသက်ရှင်ပါ
  • ဘုရားသခင့် နှုတ်ကပါဌ်တော်ကို ခိုင်မြဲစွာ ဆုပ်ကိုင်လော့
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းမှ အကျိုးခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဉာဏ်ပညာ၏ သာ၍မြင့်မားသောဇာစ်မြစ်
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • သမ္မာကျမ်းစာကို အကျိုးရှိရှိဖတ်ရှုနိုင်ရန် အဆင့်ခုနစ်ဆင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
gm အခန်း ၁၄ စာ. ၁၈၄-၁၈၉

အခန်း ၁၄

သမ္မာကျမ်းစာနှင့်အသင်

ခေတ်သစ်ဝေဖန်ရေးသမားများက သမ္မာကျမ်းစာသည် သိပ္ပံနည်းမကျ၊ အတွင်းသဘောချင်းမညီ၊ ဒဏ္ဍာရီပေါင်းချုပ်မျှသာဖြစ်သည်ဟုဆိုကြသည်။ တစ်ဖက်တွင် ယေရှုက “ကိုယ်တော် [ဘုရားသခင်] ၏နှုတ်[မြွက်]သည် [အမှန်]တရားဖြစ်ပါ၏” ဟုဆိုသည်။ (ယောဟန် ၁၇:၁၇) အထောက်အထားများက ဝေဖန်ရေးသမားများကိုမဟုတ်ဘဲ ယေရှုကို ထောက်ခံသည်။ ဖြစ်ရပ်မှန်များက သမ္မာကျမ်းစာသည် သမိုင်းအရမှန်ကန်ကြောင်း ပြဆိုသည်။ ထို့အပြင် သမ္မာကျမ်းစာ၏ မှတ်သားလောက်ဖွယ် ဆီလျော်ညီညွတ်မှု၊ မှန်ကန်သော ပရောဖက်ပြုချက်များ၊ နက်နဲသောဉာဏ်ပညာနှင့် လူတို့၏အသက်တာအပေါ် သက်ရောက်သည့် ကောင်းကျိုးဖြစ်ထွန်းသောတန်ခိုး အားလုံးတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ရေးသားစေသည့် နှုတ်မြွက်စကားတော်ဖြစ်ကြောင်း သက်သေထူသည်။ တမန်တော်ပေါလု ရေးသားသည့်အတိုင်းပင် “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်” သည်။—၂ တိမောသေ ၃:၁၆။

၁။ (နိဒါန်းအပါအဝင်။) (က) ဖြစ်ရပ်မှန်များက သမ္မာကျမ်းစာနှင့်ပတ်သက်ပြီး အဘယ်အရာကို ပြသနည်း။ (ခ) သမ္မာကျမ်းစာသည် မှုတ်သွင်းခံ ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်သည် ဟူသည့်အချက်မှ ဆင်ခြင်တွေးဆစရာများကား အဘယ်နည်း။

သမ္မာကျမ်းစာသည် လူ့နှုတ်ထွက်စကားမဟုတ်ဘဲ ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်သည် ဟူသည့်အချက်တွင် နက်နဲသော ဆင်ခြင်တွေးဆစရာများစွာ ပါရှိသည်။ ဘုရားသခင်သည် လူသားတို့နှင့် အမှန်ပင် အဆက်အသွယ်ပြုတော်မူခဲ့ကြောင်း အဓိပ္ပာယ်သက်ရောက်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏မေးခွန်းပေါင်းများစွာကို အဖြေပေးသည့်အပြင် ကျွန်ုပ်တို့၏ ပြဿနာများစွာအတွက် ဖြေရှင်းနည်းကို ပြသပေးတော်မူသည်။ သမ္မာကျမ်းစာတွင်ဖော်ပြထားသည့် အနာဂတ်အလားအလာများသည် အစစ်အမှန်ဖြစ်သည်ဟုလည်း ဆိုလိုသည်။ ဘုရားသခင့်နိုင်ငံတော်သည် အမှန်ပင် အုပ်စိုးနေပြီး အချိန်တန်လျှင် ဤကမ္ဘာပေါ်မှ မတရားမှု၊ ဖိနှိပ်မှုနှင့် ဆင်းရဲမှုမှန်သမျှကို ဖယ်ရှားရန် အရေးယူလုပ်ဆောင်မည်ဖြစ်သည်။

၂။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်မြွက်စကားတော်ဖြစ်ကြောင်း သိရှိခြင်းက အသင့်အား အဘယ်အရာလုပ်ရန် လှုံ့ဆော်ပေးသင့်သနည်း။

၂ ယခု မေးရမည့်မေးခွန်းမှာ ဤအချက်အလက်များကိုသိရှိပြီးနောက် သင်ဘာလုပ်မည်နည်း ဟူ၍ဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်ကြောင်း သိရှိခြင်းက ယုတ်စွအဆုံး ကျမ်းစာကို စူးစမ်းရန် သင့်အား တိုက်တွန်းပေးသင့်သည်။ ဤသို့ပြုသူများသည် ပျော်ရွှင်မှုရမည်ဖြစ်ကြောင်း ဆာလံဆရာက ကတိပြုကာ ဤသို့ရေးသားခဲ့သည်– “မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ . . . ထာဝရဘုရား၏ တရားတော်၌မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။”—ဆာလံ ၁:၁၊ ၂။

အကူအညီကို လက်ခံပါ

၃၊ ၄။ (က) သမ္မာကျမ်းစာကိုယ်နှိုက်တင်ပြသည့်အတိုင်း သမ္မာကျမ်းစာထဲတွင် ကျွန်ုပ်တို့နားမလည်သည့်အရာများတွေ့ရှိသည့်အခါ အဘယ်အရာလုပ်သင့်သနည်း။ (ခ) လူတို့အား သမ္မာကျမ်းစာအကြောင်း ပို၍နားလည်စေရန် မည်သူများသည် တလိုတလား ကူညီပေးလိုကြသနည်း။

၃ သမ္မာကျမ်းစာကို ဖတ်ရှုရာတွင် နားမလည်သည့်အရာများရှိသည်ကို သင်တွေ့ရဖွယ်ရှိသည်။ (၂ ပေတရု ၃:၁၆) တမန်တော်ဝတ္ထုတွင် မှတ်တမ်းတင်ထားသည့် အဖြစ်အပျက်တစ်ခုက ဤသို့ပင် မျှော်လင့်သင့်ကြောင်း ဖော်ပြသည်။ ယေရှုသေဆုံးပြီးမကြာမီတွင် အီသီယိုးပီးယားလူမျိုးတစ်ဦးသည် ဟေရှာယကျမ်းမှ ပရောဖက်ပြုချက်များကို ဖတ်နေသည်။ ခရစ်ယာန်ဧဝံဂေလိတရားဟောသူ ဖိလိပ္ပုက ထိုသူနှင့်တွေ့ဆုံပြီး “ဖတ်သောအရာကိုနားလည်ပါ၏လော” ဟု မေး၏။ ထိုအီသီယိုးပီးယားလူသည် နားမလည်သဖြင့် ရှင်းပြရန် ဖိလိပ္ပုအား အကူအညီတောင်း၏။—တမန်တော် ၈:၃၀၊ ၃၁။

၄ အမေရိကန်ပြည်ထောင်စုမှ အမျိုးသမီးတစ်ဦးလည်း အလားတူအခြေအနေမျိုး၌ရှိခဲ့သည်။ ဤအမျိုးသမီးသည် သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုသူဖြစ်သော်လည်း ကျမ်းစာထဲတွင် သူ့ဘာသာဖတ်ပြီး နားမလည်နိုင်သည့် အရေးကြီးသောသွန်သင်ချက် များစွာပါရှိသည်။ ယေဟောဝါသက်သေတို့နှင့် ဆွေးနွေးလိုက်သည့်အခါမှသာ ဘုရားသခင့်နိုင်ငံတော်၏အရေးပါမှု၊ ထိုနိုင်ငံတော်က လူသားများအတွက် ဆောင်ကြဉ်းပေးမည့် ကောင်းချီးများစွာအပါအဝင် အခြေခံကျမ်းစာအမှန်တရားများကို သိရှိလာခဲ့သည်။ သင့်အနေဖြင့် ယေဟောဝါသက်သေတို့အား ခေါ်ဖိတ်မည်ဆိုလျှင် သမ္မာကျမ်းစာတွင် သင်ဖတ်ရှုရသည့်အရာများကို ပို၍နားလည်လာအောင် သင့်အားလည်း ဝမ်းမြောက်ဝမ်းသာစွာ အကူအညီပေးပါလိမ့်မည်။

သမ္မာကျမ်းစာ အကြံပြုချက်ကို ကျင့်သုံးပါ

၅။ သမ္မာကျမ်းစာအရ အဘယ်လမ်းစဉ်သည် ပျော်ရွှင်မှုကိုပေးသနည်း။

၅ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ဖတ်ရန်သာမဟုတ်ဘဲ ဖတ်သမျှကို ကျင့်ဆောင်ရန်ပါ တိုက်တွန်းခံရသည်။ (ဆာလံ ၁၁၉:၂) ထို့အပြင် သမ္မာကျမ်းစာက ဤသို့တိုက်တွန်းသည်– “ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ ကိုယ်တော်ကိုခိုလှုံသောသူသည် မင်္ဂလာရှိ၏။” (ဆာလံ ၃၄:၈) အမှန်မှာ ဘုရားသခင်အား စမ်းသပ်ရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေခြင်းဖြစ်သည်။ ဘုရားသခင့် အခြေခံမူများအတိုင်း အသက်ရှင်ရန် ကြိုးစားခြင်းအားဖြင့် သင့်အတွက် အကောင်းဆုံးအရာကို ဘုရားသခင်သိရှိတော်မူသည်ဟု စိတ်ချယုံကြည်ကြောင်း တင်ပြပါ။ သို့မှသာ ယင်းသည် မှန်ကန်သည့်လမ်းစဉ်ဖြစ်ကြောင်း သင်သိမြင်လာမည်။ ဘုရားသခင်ကို ဤသို့ယုံကြည်ကိုးစားသူများသည် အမှန်ပင် ပျော်ရွှင်ကြသည်။

၆။ သမ္မာကျမ်းစာ၏ စံနှုန်းများအတိုင်းနေထိုင်ခြင်းသည် ယနေ့လက်တွေ့ကျပါသလော။ ရှင်းပြပါ။

၆ မရိုးသားသော၊ အကျင့်ပျက်သော၊ ရမ်းကားသော ဤလောကကြီးတွင် သမ္မာကျမ်းစာ အခြေခံမူများအတိုင်း အသက်ရှင်နေထိုင်ရန် မဖြစ်နိုင်ဟု အချို့ကဆိုကြသည်။ သို့သော် အမှန်ဆိုလျှင် ဤသို့နေထိုင်ကြသူ များစွာရှိနေပါသည်။ မည်သူများနည်း။ အာဖရိကမှ လူငယ်တစ်ဦးသည် ဤကဲ့သို့သောလူစုတစ်စုကို တွေ့ရှိခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “ဇင်ဘာဘွေနိုင်ငံမှာရှိတဲ့ အသင်တို့ ယေဟောဝါသက်သေတွေဟာ ခရစ်တော်ရဲ့ စံနမူနာအတိုင်းလိုက်ဖို့ အမှန်ကြိုးစားနေတဲ့သူဖြစ်တာကို လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက ကျွန်တော်သတိထားမိတယ်။ . . . အခုအချိန်အထိ သင်တို့ရဲ့ အပြောအဆို၊ အရေးအသားတွေနဲ့သာမကဘဲ နေပုံထိုင်ပုံအားဖြင့်ပါ ဘုရားသခင်ရဲ့ မေတ္တာတော်အကြောင်း၊ ဝမ်းမြောက်ဖွယ်သတင်းရဲ့ အစွမ်းတန်ခိုးအကြောင်း ကျွန်တော့်ကို ယုံကြည်သွားစေတဲ့ တစ်ခုတည်းသောအဖွဲ့ဟာ အသင်တို့ပါပဲ။ လူအများဟာ ဝမ်းမြောက်ဖွယ်သတင်းကို ဟောရုံသာဟောပြီး အဲ့ဒီအတိုင်း မနေထိုင်ကြပေမဲ့လည်း သင်တို့ကျတော့ ဝမ်းမြောက်ဖွယ်သတင်းဟောပြီး ဟောတဲ့အတိုင်းလည်း နေထိုင်ကြတယ်။”

ယင်း၏ အခွင့်အာဏာကို လက်ခံပါ

၇။ ယနေ့ပြုနေကျ အဘယ်အကျင့်ဓလေ့များသည် သမ္မာကျမ်းစာမိန့်မှာချက်နှင့် ဖီလာဆန့်ကျင်သနည်း။

၇ တမန်တော်ပေါလုက သမ္မာကျမ်းစာသည် “သင်ကြားခြင်း၊ အပြစ်ဖော်ပြခြင်း၊ ဖြောင့်မတ်အောင်ပဲ့ပြင်ခြင်း၌ အကျိုးရှိ၏” ဟုဆိုသည်။ (၂ တိမောသေ ၃:၁၆၊ ကဘ) သို့သော် တစ်ခါတစ်ရံတွင် သမ္မာကျမ်းစာပြောဆိုသည့်အရာကို လူတို့မကြိုက်ကြချေ။ ဥပမာ၊ လိင်တူဆက်ဆံခြင်းကို သမ္မာကျမ်းစာက ရှုတ်ချထားသော်လည်း လိင်တူဆက်ဆံခြင်းကို လက်ခံဖွယ်ရာ ဘဝပုံစံတစ်ရပ်အဖြစ် အများက ရှုမြင်ထားကြသည်။ (ရောမ ၁:၂၄-၂၇; ၁ ကောရိန္သု ၆:၉-၁၁; ၁ တိမောသေ ၁:၉-၁၁) သမ္မာကျမ်းစာက မမွေးသေးသောကလေး၏ အသက်ပင် အရေးကြီးသဖြင့် တမင်တကာ မဖျက်ဆီးသင့်ကြောင်း မိန့်မှာထားသော်လည်း ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် သန်းပေါင်း ၅၀ ခန့်ကိုယ်ဝန်ဖျက်ချနေကြသည်။ (ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃; ဆာလံ ၃၆:၉; ၁၃၉:၁၄-၁၆; ယေရမိ ၁:၅) ဤကဲ့သို့သောကိစ္စများနှင့်ပတ်သက်ပြီး သမ္မာကျမ်းစာမိန့်မှာချက်ကို လက်ခံဖို့ ကျွန်ုပ်တို့ကိုယ်တိုင် အခက်တွေ့ရလျှင် မည်သို့ပြုမည်နည်း။

၈၊ ၉။ အစတွင် သမ္မာကျမ်းစာမှအချက်တစ်ခုခုကို လက်ခံဖို့ခက်ကြောင်း တွေ့ရှိသည့်အခါ အဘယ်အရာကို သတိရသင့်သနည်း၊ မည်သူ၏စံနှုန်းများကို ကျွန်ုပ်တို့အမြဲလက်ခံသင့်သနည်း။

၈ ဘုရားသခင့်နှုတ်မြွက်စကားတော်အတိုင်းလိုက်ခြင်းသည် အမြဲပင် ပညာရှိရာရောက်ကြောင်း ခရစ်ယာန်များ သိရှိထားသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ရေရှည်တွင် သမ္မာကျမ်းစာမိန့်မှာသည့်အတိုင်း လိုက်နာခြင်းသည် အမြဲပင် လူတိုင်းအတွက် အကျိုးအရှိဆုံးဖြစ်သောကြောင့်တည်း။ (သု. ၂:၁-၁၁) အမှန်မှာ လူသားတို့၏ဉာဏ်ပညာသည် အလွန်ကျဉ်းမြောင်းလှသည်။ မိမိတို့အပြုအမူ၏ နောက်ဆုံးအကျိုးဆက်များကို ကြို၍သိမြင်နိုင်သူရှားသည်။ ပရောဖက်ယေရမိက ဤသို့ဝန်ခံသည်– “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။”—ယေရမိ ၁၀:၂၃။

၉ ဤအကဲဖြတ်ချက် မည်မျှမှန်ကန်ကြောင်း ကျွန်ုပ်တို့ဝန်းကျင်ကို ကြည့်လိုက်ရုံနှင့် သိနိုင်သည်။ ဤကမ္ဘာကို ဒုက္ခပေးနေသည့် ပြဿနာအများစုမှာ ဘုရားသခင့်နှုတ်မြွက်စကားတော်မှ အကြံပြုချက်ကို လူတို့မလိုက်နာခြင်း၏ တိုက်ရိုက်ရလဒ်များဖြစ်သည်။ ကြာပြီဖြစ်သော ဆင်းရဲခက်ခဲသည့်လူ့သမိုင်းက လူသားတို့သည် ကိုယ်ကျင့်တရားဘက်တွင် မိမိတို့ဘာသာ ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်ကြောင်း ပြနေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ထက် ဉာဏ်ပညာအရာတွင် လိုက်မမီအောင်သာသည်။ ကိုယ့်ဉာဏ်ကို အမှီပြုမည့်အစား ကိုယ်တော့်မိန့်တော်မူချက်ကို အဘယ်ကြောင့် လက်မခံဘဲနေမည်နည်း။—သု. ၂၈:၂၆; ယေရမိ ၁၇:၉။

မည်သူမျှမစုံလင်

၁၀၊ ၁၁။ (က) ကျွန်ုပ်တို့၏ ပင်ကိုစရိုက်နှင့် ကျွန်ုပ်တို့မှီတင်းနေထိုင်ရာ ကမ္ဘာနှင့်ပတ်သက်သည့် အဘယ်အချက်က သမ္မာကျမ်းစာစံနှုန်းများအတိုင်း နေထိုင်ရန် ကျွန်ုပ်တို့ကြိုးစားသည့်အခါ အခက်တွေ့စေသနည်း။ (ခ) အဘယ်အပေါင်းအသင်းမျိုးကို ရှာဖွေရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို တိုက်တွန်းထားသနည်း၊ ထိုသို့သောအပေါင်းအသင်းမျိုးကို အဘယ်တွင် ကျွန်ုပ်တို့ရှာတွေ့နိုင်သနည်း။

၁၀ ကျွန်ုပ်တို့ အကူအညီရဖို့လိုသည့် နောက်ကဏ္ဍတစ်ခုကို သမ္မာကျမ်းစာက သတိပေးထားသည်။ ကျွန်ုပ်တို့အားလုံးတွင် အပြစ်ပြုလိုသည့်သဘော အမွေရရှိလာကြသည်။ “လူတို့သည် ငယ်သောအရွယ်မှစ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။” (ကမ္ဘာဦး ၈:၂၁; ရောမ ၇:၂၁) သမ္မာကျမ်းစာ အခြေခံမူများအတိုင်း မလိုက်လျှောက်သည့် ဤလောကတွင် ကျွန်ုပ်တို့အသက်ရှင်နေရသည့်အချက်က ဤပြဿနာကို ပို၍ဆိုးစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို နားလည်ရန်အတွက်သာမက သိရှိထားသည့်အရာကို ကျင့်သုံးရန်အတွက်ပါ အကူအညီလိုအပ်သည်။ ယင်းကြောင့်ပင် သမ္မာကျမ်းစာက ဘုရားရေးရာစံနှုန်းများအတိုင်း အသက်ရှင်လိုသည့်ဆန္ဒ ရှိသူများနှင့်ပေါင်းသင်းရန် ကျွန်ုပ်တို့ကို တိုက်တွန်းထားခြင်းဖြစ်သည်။ ဆာလံဆရာက ဤသို့ရေးသားခဲ့သည်– “မတရားသောသူတို့၏စည်းဝေးခြင်းကို မုန်းပါ၏။ ဆိုးသွမ်းသောသူတို့နှင့် အတူမထိုင်ပါ။ . . . ပရိသတ်အလယ်မှာ ထာဝရဘုရားကို ကောင်းချီးပေးပါမည်။” နောက်ဆာလံကျမ်းတစ်ချက်က ဤသို့ဆိုသည်– “ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ်လျောက်ပတ်ပေ၏။”—ဆာလံ ၂၆:၅၊ ၁၂; ၁၃၃:၁။

၁၁ အတူတကွပေါင်းသင်းခြင်းသည် ယေဟောဝါသက်သေများအတွက် ကိုးကွယ်ဝတ်ပြုရေး၏ အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ သူတို့သည် အပတ်စဉ် အစည်းအဝေးများ ကျင်းပသည့်အပြင် စည်းဝေးကြီးများကိုလည်း အခါအားလျော်စွာ ကျင်းပကြသည်။ ၎င်းအစည်းအဝေးများတွင် သမ္မာကျမ်းစာကို အတူတကွလေ့လာပြီး ကျမ်းစာအခြေခံမူများကို ဘဝအသက်တာတွင် မည်သို့ကျင့်သုံးနိုင်ကြောင်း ဆွေးနွေးကြသည်။ သူတို့သည် တစ်ဦးချင်းအနေနှင့် သမ္မာကျမ်းစာ၏ မြင့်မားသောစံနှုန်းများကို ထိန်းသိမ်းရန် အားပေးကူညီသည့် ကမ္ဘာချီ “ညီအစ်ကို အသင်းအပင်း” အဖြစ်ဖွဲ့စည်းထားသည်။ (၁ ပေတရု ၂:၁၇၊ ကဘ) သူတို့ကျင်းပသည့် အစည်းအဝေးတစ်ခုခုကို တက်ရောက်ပြီး ဤကဲ့သို့သော အဖွဲ့အစည်းက သင့်အားလည်း မည်သို့အကူအညီပေးနိုင်သည်ကို ကြည့်ပါလေ။—ဟေဗြဲ ၁၀:၂၄၊ ၂၅။

ဘုရားသခင့်နှုတ်မြွက်စကားတော်အတိုင်း အသက်ရှင်ပါ

၁၂။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်မြွက်စကားတော်ဖြစ်ကြောင်း သိရှိခြင်းမှ အဘယ်ကောင်းချီးများရရှိလာသနည်း။

၁၂ ထို့ကြောင့် သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်ကြောင်း သိရှိခြင်းက ကောင်းချီးများအပြင် တာဝန်များပါ ရရှိလာစေသည်။ ကျွန်ုပ်တို့သည် နေ့စဉ်အကျင့်အကြံအတွက် အခြားမည်သည့်နေရာတွင်မှ မရနိုင်သည့် လမ်းညွှန်ချက်ကိုရရှိသောကြောင့် ကောင်းချီးခံစားကြရသည်။ ထို့ပြင် ထာဝရအသက်မျှော်လင့်ချက်ရှိစေရန် ကျွန်ုပ်တို့အား ရွေးနုတ်ဖို့ မိမိ၏သားတော်ရင်းကို ပေးအပ်ခြင်းတွင် ဘုရားသခင်၏မေတ္တာတော်ကို ကျွန်ုပ်တို့သိရှိရသည်။ (ယောဟန် ၃:၁၆) ယေရှုသည် ဘုရင်အဖြစ် ယခု အုပ်စိုးနေပြီဖြစ်ကြောင်း၊ မကြာမီ ကမ္ဘာပေါ်မှ ဆိုးယုတ်မှုကို ဖယ်ရှားရန် အရေးယူလုပ်ဆောင်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိကြသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ဘုရားသခင်ကိုယ်တော်တိုင် ကတိပြုထားသည့် ဖြောင့်မတ်သော “မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်” ကိုယုံကြည်စိတ်ချစွာ စောင့်မျှော်ကြသည်။—၂ ပေတရု ၃:၁၃။

၁၃။ သမ္မာကျမ်းစာကို ဘုရားသခင်၏စကားတော်အဖြစ် လက်ခံလိုက်သောအခါ ကျွန်ုပ်တို့ အဘယ်တာဝန်များ ရှိလာသနည်း။

၁၃ သို့သော် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာလေ့လာခြင်းအပြင် ကျမ်းစာမိန့်မှာထားသည့်အရာများကို နှလုံးသွင်းရန် တာဝန်ရှိကြကြောင်း စိတ်စွဲမှတ်ထားပါလေ။ ဘုရားသခင်ကိုယ်တော်တိုင်က ဤသို့တိုက်တွန်းထားသည်– “ငါ့သား ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံး စောင့်ရှောက်ပါစေ။” (သု. ၃:၁) လူအများစုက သမ္မာကျမ်းစာကို လူ့နှုတ်ထွက်စကားမျှသာဖြစ်သည်ဟု ယူမှတ်ကြစေကာမူ ကျွန်ုပ်တို့မူကား “လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏သစ္စာတော်သည် တည်” ကြောင်းကို သတ္တိရှိရှိ ယုံကြည်သင့်သည်။ (ရောမ ၃:၄) သင့်အသက်တာတို ဘုရားသခင်၏ဉာဏ်ပညာတော် လမ်းညွှန်ပါစေ။ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့ . . . သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။” (သု. ၃:၅၊ ၆) ဤနည်းအတိုင်း ဘုရားသခင်၏ နှုတ်မြွက်စကားတော်ကို ပညာရှိစွာလိုက်နာခြင်းဖြင့် သင့်အသက်တာအပေါ် ယခုအတွက်ကော ထာဝစဉ်အတွက်ပါ ကောင်းကျိုးဖြစ်ထွန်းစေမည်တည်း။

[စာမျက်နှာ ၁၈၇ ပါ အကျဉ်းဖော်ပြချက်]

ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ဖတ်ရုံသာမက ဖတ်သည့်အရာကိုပါ ကျင့်ဆောင်သင့်သည်

[စာမျက်နှာ ၁၈၈ ပါ အကျဉ်းဖော်ပြချက်]

သမ္မာကျမ်းစာ မိန့်မှာသည့်အတိုင်းလိုက်ခြင်းသည် အမြဲပင် အကောင်းဆုံးအကျိုး ဖြစ်ထွန်းသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ