ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထရ အခန်း ၃၀ စာ. ၂၅၀-၂၅၅
  • ထာဝရအသက်ရှင်နိုင်ရန် သင်ဘာပြုရမည်အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထာဝရအသက်ရှင်နိုင်ရန် သင်ဘာပြုရမည်အကြောင်း
  • သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပ်နှံခြင်းနှင့် နှစ်ခြင်း
  • သင့်အား ယနေ့ ဘုရားသခင်လုပ်စေလိုသောအရာ
  • ကမ္ဘာ့ပရဒိသုတွင် ရမည့် ထာဝရအသက်ကို ရွေးပါ
  • ဘုရားသခင်အား ထာဝစဉ်ဝတ်ပြုရန် ရည်မှန်းချက်ပန်းတိုင်ထားပါ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ငါ့အသက်တာကို ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံသင့်သလား
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • နှစ်ခြင်းခံခြင်းနဲ့ ဘုရားသခင်နဲ့သင့်ဆက်ဆံရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
ထရ အခန်း ၃၀ စာ. ၂၅၀-၂၅၅

အခန်း ၃၀

ထာဝရအသက်ရှင်နိုင်ရန် သင်ဘာပြုရမည်အကြောင်း

၁။ (က) သင့်ရှေ့တွင် အဘယ်လမ်းနှစ်သွယ် ပွင့်လျက်ရှိသနည်း။ (ခ) လမ်းမှန်ကို သင်အဘယ်သို့ ရွေးယူနိုင်သနည်း။

ယေဟောဝါဘုရားသခင်သည် သင့်အား ဖြောင့်မတ်သောစနစ်သစ်တွင် ထာဝရအသက်ရှင်ခြင်းတည်းဟူသော အံ့ချီးဖွယ်ရာကို ကမ်းလှမ်းထားတော်မူ၏။ (၂ ပေတရု ၃:၁၃) သို့သော် ထိုတွင် အသက်ရှင်ရေးသည် သင်ယခု ဘုရားသခင့်အလိုတော်ဆောင်ခြင်းအပေါ် မူတည်သည်။ ဤလောက၏ အစိတ်အပိုင်းအဖြစ် နေရစ်သူများအားလုံး အပါအဝင် ဤလက်ရှိလောကဆိုးသည် မကြာမီ ပျောက်ကွယ်တော့မည်။ “ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်သူမူကား ကာလအစဉ်တည်နေ၏။” (၁ ယောဟန် ၂:၁၇၊ သမ) သို့ဖြစ်၍ လမ်းနှစ်လမ်းအနက် တစ်လမ်းကို သင်ရွေးချယ်ရတော့မည်။ တစ်လမ်းသည် သေခြင်းသို့၊ ကျန်တစ်လမ်းသည် ထာဝရအသက်သို့ ပို့ဆောင်၏။ (တရားဟောရာ ၃၀:၁၉၊ ၂၀) အသင် အဘယ်လမ်းကို ရွေးမည်နည်း။

၂။ (က) သင်၌ ယုံကြည်ခြင်းအစစ်ရှိလျှင် အဘယ်အရာကို အသင် သက်ဝင်ယုံကြည်မည်နည်း။ (ခ) မေတ္တာပြည့်ဝသော ဖခင်ကို ကလေးတစ်ယောက် အားထားသကဲ့သို့ ဘုရားသခင်ကို သင်အားထားလျှင် ကိုယ်တော်ကို ဝတ်ပြုနိုင်ရန် မည်သို့ အထောက်အကူ ရမည်နည်း။

၂ သင်သည် အသက်လမ်းကို ရွေးချယ်ကြောင်း မည်သို့တင်ပြမည်နည်း။ ဦးဦးဆုံး ယေဟောဝါနှင့် ကိုယ်တော့်ကတိများကို ယုံကြည်ရမည်။ ဘုရားသခင် တကယ်တည်ရှိကြောင်း၊ ကိုယ်တော်သည် မိမိအား “လိုက်ရှာသူတို့အား အကျိုးပေးတော်မူကြောင်း” အသင်စွဲစွဲမြဲမြဲ သက်ဝင်ယုံကြည်သလော။ (ဟေဗြဲ ၁၁:၆၊ သမ) မေတ္တာပြည့်ဝ၍ သနားတတ်သော ဖခင်တစ်ဦးပေါ် သားသမီးတစ်ယောက် ယုံကြည်အားထားသကဲ့သို့ သင် ဘုရားသခင်ကို အားထားယုံကြည်ဖို့ လိုသည်။ (ဆာလံ ၁၀၃:၁၃၊ ၁၄; သု၊ ၃:၁၁၊ ၁၂) ထိုသို့သောယုံကြည်ခြင်းရှိလျှင် သင်အပြည့်အဝ နားမလည်သည့် အခါမျိုးမှာပင် ကိုယ်တော့်သြဝါဒသည် ပညာရှိကြောင်း၊ ကိုယ်တော့်နည်းလမ်းများသည် မှန်ကန်ကြောင်းကို သံသယဖြစ်မည်မဟုတ်တော့။

၃။ (က) ယုံကြည်ခြင်းအပြင် အဘယ်အရာ လိုသေးသနည်း။ (ခ) သင်သည် အသက်ကိုရွေးနေကြောင်း အဘယ်အလုပ်များဖြင့် သက်သေပြရန် လိုသနည်း။

၃ သို့ရာတွင် ယုံကြည်ခြင်းရှိရုံနှင့် မပြီးသေးပါ။ ယေဟောဝါနှင့်ပတ်သက်သော သင်၏ တကယ့်ခံစားချက်များကို လက်တွေ့ပြရဦးမည်။ (ယာကုပ် ၂:၂၀၊ ၂၆) ယခင်က မှန်ရာကိုလုပ်ရန် ပျက်ကွက်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်း အသင် အလုပ်ဖြင့် သက်သေပြခဲ့ပြီလော။ နောင်တရ၍ သင့်အသက်တာကို ယေဟောဝါအလိုတော်နှင့် ညီညွတ်လာအောင် ပြုပြင်ပြောင်းလဲခဲ့ပြီလော။ သင်သည် လှည့်လာပြီလော။ ဆိုလိုသည်မှာ ယခင်လိုက်ခဲ့သည့်လမ်းမှားကိုပယ်လျက် ဘုရားသခင်လိုလားတောင်းဆိုရာများကို စတင်လုပ်ကိုင်လာပြီလော။ (တမန်တော် ၃:၁၉; ၁၇:၃၀) ထိုသို့ပြုလျှင် သင်သည် အသက်လမ်းကို ရွေးချယ်နေကြောင်း ပြသရာရောက်မည်။

အပ်နှံခြင်းနှင့် နှစ်ခြင်း

၄။ (က) ဘုရားသခင့်အလိုတော်ဆောင်ရန် အဘယ်အရာက သင့်ကို လှုံ့ဆော်စေအပ်သနည်း။ (ခ) ဘုရားသခင်ကို ဝတ်ပြုမည်ဟု စိတ်ပိုင်းဖြတ်လိုက်သောအခါ သင်ဘာကို လုပ်သင့်သနည်း။

၄ ဘုရားသခင့်အလိုတော်ဆောင်ခြင်းဖြင့် အသက်ကို ရွေးချယ်ရန် အဘယ်အရာက သင့်အား စေ့ဆော်သင့်သနည်း။ လေးမြတ်ခြင်းဖြစ်သည်။ စဉ်းစားကြည့်ပါ– ယေဟောဝါသည် သင့်အား အဖျားအနာနှင့် ဆင်းရဲသာမက သေခြင်းမှပင် လွတ်မြောက်နိုင်ရန် စီစဉ်တော်မူပြီ! အဖိုးများစွာထိုက်သည့် သားတော်ကိုပေးကာ မကုန်ဆုံးနိုင်သည့်အသက်ဖြင့် ပရဒိသုမြေကြီးပေါ် နေထိုင်နိုင်ရန် လမ်းဖွင့်ပေးတော်မူခဲ့ပြီ။ (၁ ကောရိန္သု ၆:၁၉၊ ၂၀; ၇:၂၃; ယောဟန် ၃:၁၆) ယေဟောဝါ၏ မေတ္တာတော်က ကိုယ်တော်အား ချစ်တုံ့ပြန်ရန် သင့်ကို လှုံ့ဆော်သောအခါ သင်မည်သို့ ပြုသင့်သနည်း။ (၁ ယောဟန် ၄:၉၊ ၁၀; ၅:၂၊ ၃) ယေရှုနာမတော်အားဖြင့် ဘုရားသခင်ထံ ချဉ်းကပ်၍ ဆုတောင်းလျက် မိမိသည် ကိုယ်တော့်ကျွန်ဖြစ်လိုကြောင်း၊ ကိုယ်တော်ပိုင်ဆိုင်ရာ ဖြစ်လိုကြောင်း ကိုယ်တော်အား လျှောက်တင်အပ်သည်။ ဤနည်းအားဖြင့် သင့်ကိုယ်သင် ဘုရားသခင်ထံ အပ်နှံ၏။ ဤကား ကိုယ်ရေးကိုယ်တာကိစ္စတစ်ရပ်ဖြစ်သည်။ သင့်အတွက် မည်သူမျှ ပြုပေး၍မရပါ။

၅။ (က) ဘုရားသခင်ထံ သင့်ကိုသင် အပ်နှံသည့်နောက် သင်မည်သို့ပြုရန် ကိုယ်တော် လိုလားတော်မူသနည်း။ (ခ) အပ်နှံခြင်းနှင့်အညီ သင်နေထိုင်သွားနိုင်ရန် အဘယ်အကူအညီ ရနိုင်သနည်း။

၅ သင့်ကိုယ်သင် ဘုရားသခင်ထံ အပ်နှံပြီးနောက်၌ ၎င်းအတိုင်း သင်နေထိုင်ရန် ကိုယ်တော်မျှော်လင့်တော်မူမည်။ သို့ဖြစ်၍ သင်သည် ကတိတည်သူတစ်ဦးဖြစ်ကြောင်း ထိုဆုံးဖြတ်ချက်၊ သို့မဟုတ် အပ်နှံခြင်းကို အသက်ရှင်နေသရွေ့ စွဲစွဲမြဲမြဲ ကိုင်ဆွဲထားခြင်းဖြင့် ပြသပါ။ (ဆာလံ ၅၀:၁၄) သင်သည် ဘုရားသခင့်မျက်မြင်ရအဖွဲ့အစည်းနှင့် ပူးပူးကပ်ကပ်နေလျှင် ခရစ်ယာန်ချင်းတို့သည် သင့်အား မေတ္တာရှေ့ထား၍ ကြည်ကြည်ဖြူဖြူ အားပေးထောက်မနိုင်ကြလိမ့်မည်။​—၁ သက်သာလောနိတ် ၅:၁၁။

၆။ (က) သင့်ဘဝကို ဘုရားသခင့်ထံ အပ်နှံပြီးဖြစ်လျှင် အဘယ်ခြေလှမ်းလှမ်းရန် လိုပြီနည်း။ (ခ) နှစ်ခြင်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။

၆ သို့ရာတွင် ကိုယ်တော်ပိုင်ဆိုင်ရာဖြစ်လိုပါသည်ဟု ယေဟောဝါအား သင်သီးသီးသန့်သန့်လျှောက်တင်ရုံနှင့် မပြီးသေးပါ။ ဘုရားသခင်ကို ဝတ်ပြုရန် သင့်ကိုယ်သင် အပ်နှံခဲ့ကြောင်း အခြားသူများရှေ့ပြသရန် လိုသေး၏။ မည်သို့ပြသမည်နည်း။ ရေ၌ နှစ်ခြင်းခံခြင်းဖြင့် ဖြစ်၏။ ထိုသို့သော ရေနှစ်ခြင်းမှာ မိမိအသက်တာကို ယေဟောဝါထံ အပ်နှံခဲ့ပြီးဖြစ်ကြောင်း အလိုတော်ဆောင်ရန် မိမိကိုယ်ကို ယခုဆက်ကပ်နေကြောင်း အများရှေ့သာဓကပြခြင်းဖြစ်သည်။

၇။ (က) ခရစ်ယာန်များအတွက် ယေရှု အဘယ်နမူနာ ထားခဲ့သနည်း။ (ခ) ယေရှုမိန့်မှာခဲ့သော နှစ်ခြင်းသည် နို့စို့ကလေးများအတွက် အဘယ်ကြောင့် မဟုတ်သနည်း။

၇ ရေနှစ်ခြင်းမှာ အရေးပါသော စည်းကမ်းချက်တစ်ခုဖြစ်ကြောင်း ယေရှု၏နမူနာကပြ၏။ အလိုတော်ဆောင်ရွက်ရန် လာပါပြီဟူ၍သာ ခမည်းတော်အား ယေရှု လျှောက်ဆိုခဲ့သည်မဟုတ်။ (ဟေဗြဲ ၁၀:၇) ဘုရားသခင့်နိုင်ငံတော် ဟောပြောသူအဖြစ် အမှုထမ်းရွက်မည်အပြုတွင် ယေရှုသည် မိမိကိုယ်ကို ယေဟောဝါထံ ဆက်ကပ်၍ ရေတွင်နှစ်ခြင်းခံတော်မူ၏။ (မဿဲ ၃:၁၃-၁၇) ယေရှုစံနမူနာပြခဲ့သောကြောင့် ယနေ့ ယေဟောဝါအလိုတော်ဆောင်ရန် မိမိတို့ကိုယ်ကို ကိုယ်တော်ထံ အပ်နှံကြသူတို့သည် နှစ်ခြင်းခံရမည်။ (၁ ပေတရု ၂:၂၁; ၃:၂၁) တကယ်ဆိုလျှင် ယေရှုက လူမျိုးတကာကို တပည့်ဖြစ်စေ၍ ထိုတပည့်သစ်လွင်များကို နှစ်ခြင်းပေးပါဟု နောက်တော်လိုက်များအား အမိန့်ပေးတော်မူခဲ့သည်။ နို့စို့သူငယ်များအား နှစ်ခြင်းပေးခြင်းမဟုတ်။ ယေဟောဝါကို ဝတ်ပြုမည်ဟု စိတ်ပိုင်းဖြတ်ပြီးသော ယုံကြည်သူများဖြစ်လာပြီးသား လူတို့အား ပေးသောနှစ်ခြင်းဖြစ်သည်။​—မဿဲ ၂၈:၁၉; တမန်တော် ၈:၁၂။

၈။ သင်နှစ်ခြင်းခံလိုလျှင် အသင်းတော်ရှိ မည်သူ့အား အကြောင်းကြားသင့်သနည်း။ အဘယ်ကြောင့်နည်း။

၈ သင်သည် ယေဟောဝါကို ဝတ်ပြုမည်ဟု စိတ်ပိုင်းဖြတ်ပြီး နှစ်ခြင်းခံလိုလျှင် မည်သို့ပြုသင့်သနည်း။ အသင်ပေါင်းသင်းနေသော ယေဟောဝါသက်သေများ၏ အသင်းတော်မှ ဦးစီးကြီးကြပ်မှူးထံ သင့်ဆန္ဒကို တင်ပြသင့်သည်။ သူသည် အသင်းတော်ရှိ အခြားအကြီးအကဲများနှင့်အတူ ဘုရားသခင်ကို လက်ခံတော်မူဖွယ်နည်းဖြင့် ဝတ်ပြုနိုင်ရန် အသင်သိအပ်သည့်အကြောင်းအရာများကို သင်နှင့်အတူ ပြန်လည်သုံးသပ်ကြလိမ့်မည်။ ၎င်းနောက် သင်နှစ်ခြင်းခံနိုင်ရန် စီစဉ်နိုင်လိမ့်မည်။

သင့်အား ယနေ့ ဘုရားသခင်လုပ်စေလိုသောအရာ

၉။ ရေလွှမ်းမိုးခြင်းမတိုင်မီ နောဧပြုခဲ့သည့် အဘယ်အမှုကို ယခု အသင်ပြုရန် ဘုရားသခင် အလိုတော်ရှိသနည်း။

၉ ရေလွှမ်းမိုးခြင်းမတိုင်မီ ယေဟောဝါသည် “ဖြောင့်မတ်ခြင်းတရားကို ဟောသော” နောဧကို သုံး၍ ပျက်စီးခြင်းရောက်မည့်အကြောင်း သတိပေးပြီး လုံခြုံရာနေရာသင်္ဘောသို့ ပြညွှန်တော်မူ၏။ (မဿဲ ၂၄:၃၇-၃၉; ၂ ပေတရု ၂:၅; ဟေဗြဲ ၁၁:၇) ဘုရားသခင်သည် အလားတူဟောပြောခြင်းလုပ်ငန်းကို သင်ယခုလုပ်ရန် အလိုတော်ရှိ၏။ ကျွန်ုပ်တို့ခေတ်နှင့်ပတ်သက်၍ ယေရှု ဤသို့တင်ကူးမိန့်တော်မူ၏– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား [သတင်းကောင်း] ကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) အခြားသူများလည်း ဤစနစ် ကုန်ဆုံးခြင်းကို ကပ်ကျော်၍ ထာဝစဉ်အသက်ရှင်နိုင်ရန် အသင် သင်အံသိရှိခဲ့သည့် ဘုရားသခင့်ရည်ရွယ်ချက်များကို သိရန်လိုသည်။ (ယောဟန် ၁၇:၃) ဤအသက်ပေးပညာကို အခြားသူများအား ဝေမျှတင်ပြလိုသောသဘော သင့်နှလုံး၌ ပေါ်ထွက်မလာပေလော။

၁၀။ (က) လူတို့ကို ချစ်လျှင် ယေရှု၏ အဘယ်နမူနာကို ကျွန်ုပ်တို့ လိုက်မည်နည်း။ (ခ) ဟောပြောခြင်းလုပ်ငန်းကို များသောအားဖြင့် မည်သို့ လုပ်ဆောင်သနည်း။

၁၀ ခရစ်တော်၏ နမူနာကို လိုက်ပါ။ ကိုယ်တော်သည် အခြားသူများ မိမိထံလာရန် မစောင့်ပါ။ နိုင်ငံတော်သတင်း နားထောင်မည့်ပုဂ္ဂိုလ်များကို သွား၍ ရှာတော်မူ၏။ မိမိ၏ နောက်တော်လိုက်အားလုံးကိုလည်း အလားတူ ပြုကြရန် မိန့်မှာခဲ့သည်။ (မဿဲ ၂၈:၁၉; တမန်တော် ၄:၁၃; ရောမ ၁၀:၁၀-၁၅) ရှေးခရစ်ယာန်များသည် ခရစ်တော် မိန့်မှာချက်နှင့် နမူနာအတိုင်းလိုက်၍ လူတို့အိမ်သို့ သွားရောက်ကြ၏။ “တစ်အိမ်မှတစ်အိမ်” နိုင်ငံတော်သတင်း ကြေညာကြ၏။ (လုကာ ၁၀:၁-၆; တမန်တော် ၂၀:၂၀၊ ကဘ) ခရစ်ယာန်စစ်များ ယနေ့ မိမိတို့ ဓမ္မအမှုတော်ဆောင်ရွက်ရာ၌ ဤနည်းကို အဓိကအသုံးပြုနေကြဆဲဖြစ်သည်။

၁၁။ (က) ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောရာ၌ အဘယ်ကြောင့် သတ္တိလိုသနည်း။ သို့သော် အဘယ်ကြောင့် ကြောက်ရန် မလိုသနည်း။ (ခ) ကျွန်ုပ်တို့ လုပ်ကိုင်သောအလုပ်ကို ယေဟောဝါ မည်သို့ရှုမှတ်တော်မူသနည်း။

၁၁ ဤလုပ်ငန်းလုပ်ကိုင်ရာ၌ သတ္တိလို၏။ စာတန်နှင့် သူ၏လောကသည် ခရစ်တော်၏ ရှေးနောက်တော်လိုက်များ မဟောမပြောရန် ကြိုးစားတားဆီးခဲ့သကဲ့သို့ သင့်ကိုလည်း တားဆီးမည်မုချ။ (တမန်တော် ၄:၁၇-၂၁; ၅:၂၇-၂၉၊ ၄၀-၄၂) သို့သော် သင်ကြောက်ရန် မလိုပါ။ ရှေးခရစ်ယာန်များအား ယေဟောဝါ ကျောထောက်နောက်ခံပြု၍ ခွန်အားပေးသကဲ့သို့ ယနေ့ သင့်အဖို့လည်း ပြုတော်မူမည်။ (၂ တိမောသေ ၄:၁၇) ထို့ကြောင့် သတ္တိမွေးပါ! အသက်ကယ်သည့် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်း၌ အပြည့်အဝ ပါဝင်ခြင်းဖြင့် ယေဟောဝါနှင့် လူသားချင်းကို တကယ်ချစ်ကြောင်း သက်သေပြပါ။ (၁ ကောရိန္သု ၉:၁၆; ၁ တိမောသေ ၄:၁၆) ယေဟောဝါသည် သင့်အလုပ်ကို မေ့မည်မဟုတ်ဘဲ သင့်အား ကြွယ်ဝစွာ ကောင်းချီးပေးတော်မူမည်။​—ဟေဗြဲ ၆:၁၀-၁၂; တိတု ၁:၂။

၁၂။ လောတမယား၏အဖြစ်မှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာ ရနိုင်သနည်း။

၁၂ ဤစနစ်ဟောင်းသည် တကယ်တန်ဖိုးရှိသော အရာတစ်ခုကိုမျှ မပေးနိုင်။ သို့ဖြစ်၍ ၎င်းကို ကျောခိုင်းမိခဲ့သည့်အတွက် အရှုံးနှင့်ရင်ဆိုင်ရသည်ဟု ဘယ်တော့မျှ မထင်ပါနှင့်။ ယေရှုက “လောတ၏မယားကို အောက်မေ့ကြလော့” ဟု မိန့်တော်မူ၏။ (လုကာ ၁၇:၃၂) သူနှင့် သူ၏ အိမ်သူအိမ်သားများ သောဒုံမြို့မှ လွတ်မြောက်လာပြီးနောက် သူသည် မိမိတို့ချန်ရစ်ခဲ့သည့်အရာများကို နှမြောတမ်းတစွာ လှည့်ကြည့်မိလေသည်။ သူ၏နှလုံး ဘယ်နေရာရောက်နေသည်ကို ဘုရားသခင် သိမြင်၍ သူသည် ဆားတိုင်ဖြစ်သွားလေသည်။ (ကမ္ဘာဦး ၁၉:၂၆) လောတ၏ မယားနည်းတူ အဖြစ်မခံလေနှင့်! ရှေ့လာမည့်အရာ၊ ဘုရားသခင့်ဖြောင့်မတ်သောအစီအစဉ်သစ်တွင်ရမည့် “အမှန်အစစ်ဖြစ်သောအသက်” ကို အာရုံစိုက်လျက်နေပါ။​—၁ တိမောသေ ၆:၁၉၊ သမ္မာ။

ကမ္ဘာ့ပရဒိသုတွင် ရမည့် ထာဝရအသက်ကို ရွေးပါ

၁၃။ ကျွန်ုပ်တို့အားလုံး ရွေးချယ်ရမည့်အရာကို ယေရှု မည်သို့တင်ပြခဲ့သနည်း။

၁၃ အမှန်တကယ်ပင် ရွေးချယ်ရန် နှစ်မျိုးသာရှိ၏။ ခရစ်တော်က ၎င်းကို လမ်းနှစ်လမ်းမှ တစ်လမ်းရွေးချယ်ခြင်းနှင့် နှိုင်းပြထားသည်။ တစ်လမ်းမှာ “ကျယ်ဝန်းသည်” ဟု မိန့်ဆို၏။ ၎င်းလမ်းပေါ်တွင် ခရီးသွားသူတို့သည် စိတ်ကြိုက်လွတ်လပ်ခွင့်ကို ရကြ၏။ သို့ရာတွင် အခြားတစ်လမ်းမှာ “ကျဉ်း” ၏။ ထိုလမ်းပေါ်မှလူတို့သည် ဘုရားသခင့်မိန့်မှာချက်များနှင့် ပညတ်တော်များကို လိုက်နာစောင့်ရှောက်ကြရ၏။ ယေရှုက အများသူငါတို့သည် လမ်းကျယ်သို့လိုက်၍ လူအနည်းငယ်သာ လမ်းကျဉ်းကို လိုက်ကြသည်ဟု ဆို၏။ အသင် အဘယ်လမ်းကို ရွေးမည်နည်း။ ရွေးချယ်စဉ် ဤအချက်ကို စွဲမှတ်ထားပါ– လမ်းကျယ်သည် သေခြင်းလမ်းဆုံး ပျက်စီးခြင်းသို့ ရုတ်တရက် ဆိုက်ရောက်သွားမည်! သို့သော် လမ်းကျဉ်းသည် သင့်အား ဘုရားသခင့်စနစ်သစ်အတွင်းသို့ တိုက်ရိုက် ပို့ဆောင်လိမ့်မည်။ ထိုတွင် ကမ္ဘာကို ပရဒိသုဖြစ်အောင် မွမ်းမံခြင်းအလုပ်တွင် အသင်ပါဝင်လုပ်ကိုင်နိုင်သည့်အပြင် ပျော်ရွှင်စွာ ထာဝစဉ်နေထိုင်သွားနိုင်လိမ့်မည်။​—မဿဲ ၇:၁၃၊ ၁၄။

၁၄။ သင်သည် ဘုရားသခင့် စနစ်သစ်အတွင်းသို့ ကပ်ကျော်ဝင်ရောက်လိုလျှင် မည်သည့်အရာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ရမည်နည်း။

၁၄ ဘုရားသခင့်စနစ်သစ်တွင် အသက်ရှင်ရန် သင်လိုက်သွားနိုင်သည့် သီးခြားလမ်း အသွယ်သွယ်ရှိသည်ဟု မထင်မှတ်ပါနှင့်။ လမ်းတစ်သွယ်တည်းသာ ရှိသည်။ ရေလွှမ်းမိုးဘေးကို ကပ်ကျော်ခဲ့သည့် သင်္ဘောတစ်စင်းသာ ရှိသည်။ လှေအမြောက်အမြား မရှိပါ။ ယခုလည်း တစ်ခုတည်းသောအဖွဲ့အစည်း​—ဘုရားသခင့်မျက်မြင်ရ အဖွဲ့အစည်း​—သာအလျင်အမြန် ချဉ်းကပ်လာနေသည့် “ကြီးစွာသောဒုက္ခ” ကို ကပ်ကျော်မည်ဖြစ်သည်။ ဘာသာအားလုံး ပန်းတိုင်တစ်ခုတည်းသို့ ပို့ဆောင်သည်ဟူသောအချက်မှာ မှားကိုမှား၏။ (မဿဲ ၇:၂၁-၂၃; ၂၄:၂၁၊ သမ္မာ) သင်သည် ယေဟောဝါပေးမည့် ထာဝရအသက်ကောင်းချီးကို ရလိုလျှင် ကိုယ်တော့်အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ရမည့်အပြင် အလိုတော်ကိုလည်း ထမ်းရွက်ရမည်ဖြစ်သည်။​—ဆာလံ ၁၃၃:၁-၃။

၁၅။ (က) ကျွန်ုပ်တို့ နေ့စဉ် အဘယ်အရာ ပြုလုပ်ရန် လိုသနည်း။ (ခ) အဘယ်မျှော်လင့်ချက်သည် အိပ်မက်တစ်ခုမျှသာ မဟုတ်သနည်း။

၁၅ သို့ဖြစ်၍ သင့်စိတ်နှင့် နှလုံးအတွင်း၌ ဘုရားသခင်ကတိထားရာ စနစ်သစ်မြင်ကွင်းကို အစဉ်ကြည်ကြည်လင်လင်ထားရှိပါ။ ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်းတည်းဟူသော ယေဟောဝါဘုရားသခင် သင့်အား ကမ်းလှမ်းတော်မူသော ဆုတော်မြတ်ကို နေ့စဉ်နေ့တိုင်း တွေးတောပါ။ ၎င်းသည် အိပ်မက်မဟုတ်။ တကယ်ဖြစ်၏! အကြောင်းမှာ ကျမ်းစာမှ အောက်ပါကတိသည် မုချပြည့်စုံလာမည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး၊ ကဘ] ကိုအပိုင်ရ၍ အစဉ်အမြဲနေထိုင်ရကြလိမ့်မည်။ . . . ဆိုးသောသူတို့ ပယ်ရှားခြင်း ခံရကြသည်ကို သင်ကြည့်မြင်ရလိမ့်မည်။”​—ဆာလံ ၃၇:၂၉၊ ၃၄၊ သမ္မာ။

[စာမျက်နှာ ၂၅၁ ပါ ရုပ်ပုံ]

သင့်ကိုသင် ယေဟောဝါထံ အပ်နှံပြီး . . .နှစ်ခြင်းခံပါ

[စာမျက်နှာ ၂၅၃ ပါ ရုပ်ပုံ]

“လောတ၏မယားကို အောက်မေ့ကြလော့”

[စာမျက်နှာ ၂၅၄ ပါ ရုပ်ပုံ]

သင့်စိတ်နှင့် နှလုံးထဲ၌ ဘုရားသခင့်စနစ်သစ်မြင်ကွင်းကို အစဉ်တောက်ပနေစေပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ