ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • dg အပိုင်း ၂ စာ. ၃
  • ဒုက္ခဆင်းရဲကင်းမဲ့သည့် ကမ္ဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒုက္ခဆင်းရဲကင်းမဲ့သည့် ကမ္ဘာ
  • ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
  • ဆင်းရဲခက်ခဲမှုအားလုံး အဆုံးတိုင်လုနီးပြီ
    ဆင်းရဲခက်ခဲမှုအားလုံး အဆုံးတိုင်လုနီးပြီ
  • ဆင်းရဲခက်ခဲမှုကို ခံရပ်ခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ထာဝစဉ်အသက်ရှင်ခြင်းသည် အိပ်မက်မျှသာမဟုတ်
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
dg အပိုင်း ၂ စာ. ၃

အပိုင်း ၂

ဒုက္ခဆင်းရဲကင်းမဲ့သည့် ကမ္ဘာ

၁၊ ၂။ အများသည် မည်သည့်ခြားနားသောအမြင် ရှိကြသနည်း။

သို့သော် ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသည် လုံးဝကွာခြားသောအမြင်ရှိကြသည်။ သူတို့သည်လူသားများအတွက် ထူးခြားလှသောအနာဂတ်ကို တင်ကြိုမြင်ကြသည်။ သူတို့ကမကြာမီ ဤမြေကြီးကိုယ်နှိုက်တွင် ဆိုးသွမ်းမှုနှင့်ဒုက္ခလုံးဝကင်းဝေးမည့် ကမ္ဘာတစ်ခု ဖြစ်လာမည်ဟု ဆိုကြသည်။ ဆိုးသွမ်းမှုသည်မကြာမီပျောက်ကွယ်သွားပြီး လုံးဝကမ္ဘာသစ်တစ်ခုပေါ်ထွန်းလာမည်ဟု သူတို့ယုံကြည်စိတ်ချသည်။ ယခုလောလောဆယ်ပင် ထိုကမ္ဘာသစ်အုတ်မြစ်ကိုချလျက်ရှိပြီဟု သူတို့ဆိုကြသည်။

၂ ကမ္ဘာသစ်သည် စစ်၊ ရက်စက်မှု၊ ရာဇဝတ်မှု၊ မတရားမှု၊ ဆင်းရဲခြင်းနှင့်ကင်းမည်ဟု ဤသူများယုံကြည်ကြသည်။ ယင်းသည်ဖျားနာခြင်း၊ ပူဆွေးခြင်း၊ မျက်ရည်ကျခြင်းနှင့် သေခြင်းပင်မရှိတော့မည့်ကမ္ဘာဖြစ်မည်။ ထိုအခါ လူများသည် စုံလင်ခြင်းသို့တက်လှမ်းပြီး မြေကြီးပရဒိသုတွင် ပျော်ရွှင်စွာ ထာဝစဉ်နေကြမည်။ သေဆုံးခဲ့သူများပင်ထမြောက်ပြီး ထာဝစဉ်နေရန်အခွင့်အရေးရပါမည်တကား။

၃၊ ၄။ ထိုသို့သောသူများသည် သူတို့၏အမြင်နှင့်စပ်လျဉ်း၍ အဘယ်ကြောင့်ယုံကြည်စိတ်ချသနည်း။

၃ ထိုအနာဂတ်မြင်ကွင်းသည် အိပ်မက်မျှသာလော၊ ဆန္ဒအတွေးမျှသာလော။ လုံးဝမဟုတ်ပါလေ။ ဤလာလတ္တံ့သောပရဒိသုသည် မလွဲဧကန်ဖြစ်မည်ဟူသည့် အခိုင်အမာအခြေခံထားသည့် ယုံကြည်ခြင်းအပေါ် အခြေပြုထားသည်။ (ဟေဗြဲ ၁၁:၁) အဘယ်ကြောင့် သူတို့သည် ဤမျှလောက် သေချာရသနည်း။ အကြောင်းမှာ စကြဝဠာ၏ အနန္တတန်ခိုးပိုင်သသူဖန်ဆင်းရှင်က ကတိပြုခဲ့သောကြောင့်ဖြစ်သည်။

၄ ဘုရားသခင့်ကတိတော်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သင်တို့၏ဘုရားသခင်ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံ . . . ကြ၏။” “ဘုရားသခင်သည် မုသာစကားကိုပြောအံ့သောငှာ လူဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ စကားတော်အတိုင်း မပြုဘဲနေတော်မူမည်လော။” “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည်ကျိန်ဆို၍ မိန့်တော်မူသည်ကား၊ ‘ငါကြံစည်သည်အတိုင်းဖြစ်၍ ငါစီရင်ချက်လည်း တည်ရလိမ့်မည်။’”​—ယောရှု ၂၃:၁၄; တောလည်ရာ ၂၃:၁၉; ဟေရှာယ ၁၄:၂၄-၂၅။

၅။ မည်သည့်မေးခွန်းများကို ဖြေဆိုရန်လိုအပ်သနည်း။

၅ သို့သော်၊ ဘုရားသခင်၏ရည်ရွယ်ချက်သည် ဒုက္ခကင်းသောမြေကြီးပရဒိသုကို တည်ထောင်ရန်ဖြစ်လျှင် ကိုယ်တော်သည် ဆိုးသွမ်းမှုများဖြစ်ပေါ်ရန် အစကတည်းမှ အဘယ်ကြောင့်ခွင့်ပြုခဲ့ရသနည်း။ ကိုယ်တော်သည် မှားယွင်းမှုကိုပြုပြင်ရန် ယခုတိုင်နှစ်ပေါင်းခြောက်ထောင် အဘယ်ကြောင့်စောင့်ဆိုင်းရသနည်း။ ထိုရာစုများတစ်လျှောက် ဒုက္ခခံရခြင်းက ဘုရားရှင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုမစိုက်ကြောင်း သို့မဟုတ် ဘုရားပင်မရှိကြောင်းကို မတင်ပြပေလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ