ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • rq သင်ခန်းစာ ၄ စာ. ၈-၉
  • မာရ်နတ်ကား မည်သူနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မာရ်နတ်ကား မည်သူနည်း
  • ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ထာဝရအသက်၏ ရန်သူတစ်ပါး
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • စာတန်
    နိုးလော့!—၂၀၁၃
  • သင့်ရန်သူကို သိပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
rq သင်ခန်းစာ ၄ စာ. ၈-၉

သင်ခန်းစာ ၄

မာရ်နတ်ကား မည်သူနည်း

စာတန်မာရ်နတ်—⁠သူအဘယ်ကဖြစ်လာသနည်း။ (၁၊ ၂) လူများကို သူမည်သို့လှည့်ဖြားသနည်း။ (၃-၇) မာရ်နတ်ကို အဘယ်ကြောင့်တွန်းလှန်သင့်သနည်း။ (၇)

၁။ “မာရ်နတ်” ဟူသည့်စကားလုံး၏အဓိပ္ပာယ်မှာ အခြားသူတစ်ဦးအကြောင်း လိမ်လည်၍မကောင်းပြောသည့်သူတစ်ဦးကို ဆိုလို၏။ “စာတန်” မူကား ရန်သူ သို့မဟုတ် ဆန့်ကျင်သူတစ်ဦးကို ဆိုလို၏။ ၎င်းတို့မှာ ဘုရားသခင်၏အဓိကရန်သူတော်ကြီးကို ပေးထားသော အမည်နာမများဖြစ်ကြ၏။ ပထမ၌ သူသည် စုံလင်သောကောင်းကင်တမန်တစ်ပါးအဖြစ် ဘုရားသခင်နှင့်အတူ ကောင်းကင်တွင်ရှိခဲ့၏။ သို့သော်လည်း နောက်ပိုင်း သူ့ကိုယ်သူအထင်ကြီးကာ ဘုရားသခင်သာပိုင်ထိုက်သော ဝတ်ပြုကိုးကွယ်မှုကိုရလိုခဲ့သည်။—⁠မဿဲ ၄:၈-၁၀။

၂။ စာတန်ဖြစ်သောဤကောင်းကင်တမန်သည် မြွေတစ်ကောင်မှတစ်ဆင့် ဧဝကိုစကားပြောဆိုခဲ့၏။ သူမကို လိမ်လည်ပြောဆိုခြင်းအားဖြင့် ဘုရားသခင်အားမနာခံရန် လုပ်နိုင်ခဲ့သည်။ သို့ ဖြင့် စာတန်သည် ဘုရားသခင်၏ “ပိုင်သအုပ်စိုးမှု” သို့မဟုတ် အမြင့်ဆုံးသောအရှင်အဖြစ်ရာထူးကို တိုက်ခိုက်ခဲ့သည်။ ဘုရားသခင်၏အုပ်ချုပ်မှုသည် ထိုက်သင့်ပြီး ကိုယ်တော့်လက်အောက်ခံများ၏ အကောင်းဆုံးသောအကျိုးအတွက်ဖြစ်မဖြစ် စာတန်သံသယဖြစ်စေခဲ့၏။ လူသားတိုင်း ဘုရားသခင်ကို သစ္စာစောင့်သိမည် မသိမည်ကိုလည်း သံသယဖြစ်စေခဲ့၏။ ဤသို့ ပြုခြင်းအားဖြင့် စာတန်သည် မိမိကိုယ်ကိုမိမိ ဘုရားသခင်၏ရန်သူဖြစ်စေခဲ့သည်။ ထိုအကြောင်းကြောင့် စာတန်မာရ်နတ်ဟု သူအမည်တွင်လာခြင်းဖြစ်၏။—⁠ကမ္ဘာဦး ၃:၁-၅; ယောဘ ၁:၈-၁၁; ဗျာဒိတ် ၁၂:၉။

၃။ လူများ မိမိကိုဝတ်ပြုလာကြရန် စာတန် ကြိုးစားလှည့်ဖြား၏။ (၂ ကောရိန္သု ၁၁:၃၊ ၁၄) လူတို့ကို သူလှည့်ဖြားသည့်နည်းတစ်နည်းမှာ မှောက်မှားသောဘာသာအားဖြင့်ဖြစ်သည်။ ဘာသာတစ်ခုသည် ဘုရားသခင်နှင့်ပတ်သက်၍ လိမ်လည်ကာသွန်သင်ပေးမည်ဆိုလျှင် စာတန်၏ရည်ရွယ်ချက်ကို အမှန်ပင်အထမြောက်စေ၏။ (ယောဟန် ၈:၄၄) မှောက်မှားသောဘာသာများ၏ ဘာသာဝင်များသည် စစ်မှန်သောဘုရားကို မိမိတို့ကိုးကွယ်နေကြသည်ဟု စိတ်ရင်းမှန်ဖြင့် ယုံကြည်ကြပေမည်။ သို့သော် အမှန်တကယ်၌ သူတို့သည် စာတန်ကို ဝတ်ပြုနေကြခြင်းဖြစ်၏။ သူသည် ‘ဤလောကကို အစိုးရသောဘုရားဖြစ်သည်။’—⁠၂ ကောရိန္သု ၄:၄။

၄။ နတ်ဝိဇ္ဇာအတတ် သည် လူများကို မိမိဩဇာအောက်သို့သိမ်းသွင်းရန် စာတန်အသုံးပြုသော နောက်ထပ်နည်းတစ်နည်းဖြစ်၏။ သူတို့သည် ဝိညာဉ်များကိုခေါ်ယူ၍ မိမိတို့ကို ကာကွယ်ရန်သော်လည်းကောင်း၊ အခြားသူများကို ဒုက္ခပေးရန်သော်လည်းကောင်း၊ အနာဂတ်ကို ကြိုဟောရန်သော်လည်းကောင်း၊ အံ့ဖွယ်အမှုများကို ပြုလုပ်ရန်သော်လည်းကောင်း ခိုင်းစေကြ၏။ စာတန်သည် ဤလုပ်ရပ်အားလုံးတို့၏နောက်ကွယ်ရှိ ဆိုးသွမ်းသောအင်အားစုပင်ဖြစ်သည်။ ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် ကျွန်ုပ်တို့သည် နတ်ဝိဇ္ဇာအတတ်နှင့်လုံးဝမပတ်သက်ရပါ။—⁠တရားဟောရာ ၁၈:၁၀-၁၂; တမန်တော် ၁၉:၁၈၊ ၁၉။

၅။ စာတန်သည် အလွန်အကျွံ လူမျိုးဂုဏ်တက်ခြင်း နှင့် နိုင်ငံရေးအဖွဲ့အစည်းများကို အလေးအမြတ်ထားခြင်း တို့အားဖြင့်လည်း လူတို့ကိုလှည့်ဖြားသေး၏။ အချို့တို့က မိမိနိုင်ငံ သို့မဟုတ် မိမိလူမျိုးသည် အခြားသောသူတို့၏နိုင်ငံ၊ သို့မဟုတ် လူမျိုးထက်သာသည်ဟု ထင်မှတ်ကြ၏။ သို့သော် ယင်းသည်မမှန်ကန်ချေ။ (တမန်တော် ၁၀:၃၄၊ ၃၅) အခြားသူများကမူ လူတို့၏ပြဿနာများကိုဖြေရှင်းပေးရန် နိုင်ငံရေးအဖွဲ့အစည်းများကို အားထားကြသည်။ ယင်းသို့ ပြုခြင်းအားဖြင့် ဘုရားသခင့်နိုင်ငံတော်ကို သူတို့ ငြင်းဆန်နေကြ၏။ ၎င်းသည် ကျွန်ုပ်တို့၏ပြဿနာများအတွက် တစ်ခုတည်းသောဖြေရှင်းနည်းဖြစ်သည်။—⁠ဒံယေလ ၂:၄၄။

၆။ လူသားများကို စာတန်လှည့်ဖြားသည့် နောက်နည်းတစ်နည်းမှာ အပြစ်နှင့်ဆိုင်သောအလိုဆန္ဒများနှင့် သူတို့ကိုစုံစမ်းခြင်းဖြင့်ဖြစ်သည်။ အပြစ်နှင့်ဆိုင်သောအကျင့်အကြံများသည် ကျွန်ုပ်တို့အတွက် အန္တရာယ်ရှိကြောင်း သိထားတော်မူသောကြောင့် ယင်းတို့ကိုကြဉ်ရှောင်ရန် ကျွန်ုပ်တို့အား ယေဟောဝါမိန့်မှာထားတော်မူ၏။ (ဂလာတိ ၆:၇၊ ၈) အချို့သူများက ဤကဲ့သို့သောအကျင့်အကြံများတွင် သူတို့နှင့်အတူ သင့်အားပါဝင်စေလိုမည်။ သို့သော် ထိုအရာများကိုသင့်အားပြုလုပ်စေလိုသူမှာ စာတန်ပင်ဖြစ်ကြောင်း သတိရပါ။—⁠၁ ကောရိန္သု ၆:၉၊ ၁၀; ၁၅:၃၃။

၇။ စာတန်သည် ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် ဆန့်ကျင်မှု ကိုအသုံးပြု၍ ယေဟောဝါအားစွန့်ခွာသွားရန် သင့်ကိုတိုက်တွန်းပေမည်။ သင်ကျမ်းစာလေ့လာနေသောကြောင့် သင်ချစ်မြတ်နိုးရသူတစ်ဦးသည် အလွန်အမျက်ထွက်ပေမည်။ အခြားသူများက သင့်ကိုလှောင်ပြောင်ကြပေလိမ့်မည်။ သို့သော် သင့်အသက်အတွက် မည်သူ့ထံကြွေးတင်သနည်း။ ​ယေဟော​ဝါအကြောင်း ဆက်၍မလေ့လာဖြစ်တော့ရန် သင့်ကိုစာတန်ခြောက်လှန့်လိုသည်။ စာတန်ကို အနိုင်မပေးလိုက်လေနှင့်! (မဿဲ ၁၀:၃၄-၃၉; ၁ ပေတရု ၅:၈၊ ၉) သင်သည် မာရ်နတ်ကို တွန်းလှန်ခြင်းအားဖြင့် ယေဟောဝါကို ရွှင်လန်းစေနိုင်ပြီး ကိုယ်တော်၏ပိုင်သအုပ်စိုးခွင့်ကို ထောက်ခံကြောင်း ပြသနိုင်ပေသည်။—သု. ၂၇:၁၁။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မှောက်မှားသောဘာသာ၊ နတ်ဝိဇ္ဇာအတတ်နှင့် မျိုးချစ်စိတ်တို့သည် လူများကိုလှည့်ဖြား၏

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ယေဟောဝါအကြောင်း ဆက်လက်လေ့လာခြင်းအားဖြင့် စာတန်ကိုတွန်းလှန်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ