ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • rq သင်ခန်းစာ ၁၂ စာ. ၂၄-၂၅
  • အသက်နှင့် အသွေးအပေါ် လေးမြတ်မှုတင်ပြခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်နှင့် အသွေးအပေါ် လေးမြတ်မှုတင်ပြခြင်း
  • ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသက်ဆုလက်ဆောင်ကို တန်ဖိုးထားလေးမြတ်ပါ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • အသက်နဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • သွေးဖြင့်အသက်ကယ်ခြင်း—အဘယ်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • အသက်ကို ဘုရားသခင်နည်းတူ တန်ဖိုးထားသလား
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
rq သင်ခန်းစာ ၁၂ စာ. ၂၄-၂၅

သင်ခန်းစာ ၁၂

အသက်နှင့် အသွေးအပေါ် လေးမြတ်မှုတင်ပြခြင်း

အသက်ကို ကျွန်ုပ်တို့ မည်သို့ ရှုမြင်သင့်သနည်း။ (၁) ကိုယ်ဝန်ဖျက်ချခြင်းကိုကော မည်သို့ရှုမြင်သင့်သနည်း။ (၁)

ဩတ္တပ္ပစိတ်ကြည်လင်ကြောင်း ခရစ်ယာန်များမည်သို့တင်ပြသနည်း။ (၂)

တိရစ္ဆာန်များကိုသတ်ဖြတ်ခြင်းသည် မှားပါသလော။ (၃)

အသက်အပေါ် လေးမြတ်မှုမတင်ပြသော အကျင့်အကြံအချို့ကား အဘယ်နည်း။ (၄)

အသွေးနှင့်ပတ်သက်သော ဘုရားသခင့်ပညတ်ချက်ကား အဘယ်နည်း။ (၅)

ယင်း၌ သွေးသွင်းခြင်းပါဝင်သလော။ (၆)

၁။ ယေဟောဝါသည် အသက်၏ပင်ရင်းအမြစ်ဖြစ်တော်မူ၏။ သက်ရှိအားလုံးတို့သည် ဘုရားသခင်ထံမှ အသက်ရခဲ့ကြ၏။ (ဆာလံ ၃၆:၉) အသက်သည် ဘုရားသခင်အတွက် မြင့်မြတ်တော်မူ၏။ မိခင်၏ဝမ်းရှိ မမွေးသေးသောကလေး၏အသက်သည်ပင် ယေဟောဝါအတွက် တန်ဖိုးရှိတော်မူ၏။ ဤကြီးထွားလျက်ရှိသောကလေးငယ်ကို တမင်တကာသတ်ဖြတ်ခြင်းသည် ဘုရားသခင်၏အမြင်၌ မှားလှပေသည်။—⁠ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃; ဆာလံ ၁၂၇:၃။

၂။ စစ်မှန်သောခရစ်ယာန်များသည် ဘေးအန္တရာယ်ကင်းရှင်းရေးကို ဂရုစိုက်ကြ၏။ သူတို့၏ကားများနှင့် အိမ်များကို ဘေးကင်းမှုရှိရန်အသေအချာစစ်ဆေးကြ၏။ (တရားဟောရာ ၂၂:၈) ဘုရားသခင့်ကျေးကျွန်များသည် ပျော်ရွှင်မှု သို့မဟုတ် စိတ်လှုပ်ရှားမှုရရှိရန်အတွက် မလိုအပ်သောစွန့်စားမှုများကို ပြုလုပ်ကြမည်မဟုတ်ချေ။ ထို့ကြောင့် အခြားသူများကို တမင်တကာထိခိုက်စေသော ကြမ်းတမ်းသည့်အားကစားပွဲများတွင် မပါဝင်ကြချေ။ အကြမ်းဖက်မှုကိုအားပေးသော ဖျော်ဖြေရေးကို သူတို့ရှောင်ကြဉ်ကြ၏။—⁠ဆာလံ ၁၁:၅; ယောဟန် ၁၃:၃၅။

၃။ တိရစ္ဆာန်၏အသက်သည်လည်း ဖန်ဆင်းရှင်အတွက် မြင့်မြတ်လှ၏။ ခရစ်ယာန်တစ်ဦးသည် အစားအသောက်နှင့် အဝတ်အထည်ရရှိရန် သို့မဟုတ် ဖျားနာမှုနှင့် အန္တရာယ်မှ မိမိကိုယ်ကိုကာကွယ်ရန် တိရစ္ဆာန်များကို သတ်ဖြတ်နိုင်၏။ (ကမ္ဘာဦး ၃:၂၁; ၉:၃; ထွက်မြောက်ရာ ၂၁:၂၈) သို့သော် တိရစ္ဆာန်များကို မတော်မတရားပြုကျင့်ခြင်း သို့မဟုတ် အပျော်သက်သက်အတွက် ၎င်းတို့ကို သတ်ဖြတ်ခြင်းသည် မှား၏။—⁠သု. ၁၂:၁၀။

၄။ အပျော်သဘောဖြင့် ဆေးလိပ်သောက်ခြင်း၊ ကွမ်းဝါးခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းသည် ခရစ်ယာန်များအတွက် မဟုတ်ပေ။ ဤအကျင့်အကြံများသည် မှား၏၊ အကြောင်းမှာ (၁) ကျွန်ုပ်တို့ကို ၎င်းတို့၏ကျွန်ဖြစ်စေပြီး၊ (၂) ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ဘေးဖြစ်စေကာ၊ (၃) ၎င်းတို့သည်ညစ်ညမ်းသောကြောင့်ဖြစ်၏။ (ရောမ ၆:၁၉; ၁၂:၁; ၂ ကောရိန္သု ၇:၁) ဤအလေ့အထများကို ဖြတ်ပစ်ရန် အလွန်ခက်ခဲနိုင်ပေသည်။ သို့သော် ယေဟောဝါ၏အလိုတော်နှင့်တွေ့ရန် ယင်းတို့ကိုကျွန်ုပ်တို့ ဖြတ်ပစ်ရမည်။

၅။ အသွေးသည်လည်း ဘုရားသခင်၏အမြင်တွင် မြင့်မြတ်လှ၏။ ဘုရားသခင်က စိုးလ် သို့မဟုတ် အသက်သည်အသွေး၌တည်၏ဟု မိန့်တော်မူခဲ့သည်။ ထို့ကြောင့်အသွေးကို စားသုံးခြင်းသည် မှား၏။ အသွေးကောင်းစွာမသွန်းထားသော တိရစ္ဆာန်တစ်ကောင်၏အသားကို စားသုံးခြင်းသည်လည်း မှား၏။ တိရစ္ဆာန်တစ်ကောင်သည် လည်ညှစ်သတ်ခံရမည် သို့မဟုတ် ထောင်ချောက်ထဲ၌ သေသွားမည်ဆိုလျှင် ယင်းကို မစားသုံးသင့်ပေ။ လှံနှင့်ထိုးမည် သို့မဟုတ် သေနတ်နှင့်ပစ်သတ်မည်ဆိုလျှင် စားသောက်ဖို့ဖြစ်ပါက အလျင်အမြန်သွေးထုတ်ပစ်ရမည်။—⁠ကမ္ဘာဦး ၉:၃၊ ၄; ဝတ်ပြုရာ ၁၇:၁၃၊ ၁၄; တမန်တော် ၁၅:၂၈၊ ၂၉။

၆။ သွေးသွင်းခြင်းကို လက်ခံခြင်းသည် မှားပါသလော။ ယေဟောဝါက အသွေးကို ကြဉ်ရှောင်ရမည်ဟု တောင်းဆိုကြောင်း သတိရပါ။ ယင်းကြောင့် အခြားသူတစ်ဦး၏အသွေးကိုလည်းကောင်း၊ မိမိကိုယ်ထဲက ထုတ်၍သိုထားသောအသွေးကိုလည်းကောင်း ကျွန်ုပ်တို့၏ကိုယ်ခန္ဓာထဲသို့ အဘယ်နည်းဖြင့်မျှပြန်မသွင်းရပါ။ (တမန်တော် ၂၁:၂၅) ထို့ကြောင့် စစ်မှန်သောခရစ်ယာန်များသည် သွေးသွင်းခြင်းကို လက်ခံကြမည်မဟုတ်ပေ။ သူတို့သည် အသွေးမပါသောအရည်သွင်းခြင်း အစရှိသည့်အခြားဆေးကုသနည်းများကိုမူ လက်ခံကြပါသည်။ သူတို့သည် အသက်ရှင်လိုကြသော်လည်း ဘုရားသခင်၏ပညတ်တော်များကို ချိုးဖောက်ခြင်းအားဖြင့် မိမိ၏အသက်ကိုကယ်ရန် ကြိုးစားကြမည်မဟုတ်ပါ။—⁠မဿဲ ၁၆:၂၅။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့သည် ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် သွေးသွင်းခြင်း၊ ညစ်ညမ်းသောအလေ့အထများနှင့် မလိုအပ်သောစွန့်စားမှုများကို ကြဉ်ရှောင်ကြရမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ