ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • rq သင်ခန်းစာ ၁၆ စာ. ၃၁
  • ဘုရားသခင့်အမှုတော်ကိုထမ်းဆောင်ရန် အသင့်ဆုံးဖြတ်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်အမှုတော်ကိုထမ်းဆောင်ရန် အသင့်ဆုံးဖြတ်ချက်
  • ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • နှစ်ခြင်းခံခြင်းနဲ့ ဘုရားသခင်နဲ့သင့်ဆက်ဆံရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ငါ့အသက်တာကို ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံသင့်သလား
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • လူငယ်တို့၊ နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
rq သင်ခန်းစာ ၁၆ စာ. ၃၁

သင်ခန်းစာ ၁၆

ဘုရားသခင့်အမှုတော်ကိုထမ်းဆောင်ရန် အသင့်ဆုံးဖြတ်ချက်

ဘုရားသခင်၏မိတ်ဆွေဖြစ်လာရန် သင်ဘာလုပ်ရမည်နည်း။ (၁၊ ၂)

ဘုရားသခင်ထံ သင်၏ဆက်ကပ်အပ်နှံမှုကို မည်သို့ ပြုလုပ်ရမည်နည်း။ (၁)

မည်သည့်အချိန်၌ သင်နှစ်ခြင်းခံသင့်သနည်း။ (၂)

ဘုရားသခင်ကို ဆက်သစ္စာရှိနေနိုင်ရန်အတွက် ခွန်အားကို သင်မည်သို့ရရှိနိုင်မည်နည်း။ (၃)

၁။ ဘုရားသခင်၏မိတ်ဆွေတစ်ဦးဖြစ်လာရန်အတွက် သင်သည် ကျမ်းစာအသိပညာ ကောင်းရှိထားရမည် (၁ တိမောသေ ၂:၃၊ ၄)၊ သင်ယူသိရှိထားပြီးရာများကို ယုံကြည်ရမည် (ဟေဗြဲ ၁၁:၆)၊ သင့်အပြစ်များကို နောင်တရရမည် (တမန်တော် ၁၇:၃၀၊ ၃၁)၊ ထို့ ပြင် သင့်ဘဝလမ်းစဉ်ကို ပြောင်းလဲရမည်။ (တမန်တော် ၃:၁၉) ထို့နောက် ဘုရားသခင်ကို သင်ချစ်မြတ်နိုးခြင်းက သင့်ကိုသင် ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံရန် သင့်ကိုလှုံ့ဆော်သင့်သည်။ ယင်းက ကိုယ်တော့်အလိုတော်ကိုထမ်းဆောင်ရန် သင့်ကိုယ်သင်ပေးလိုက်ပြီဖြစ်ကြောင်း ဘုရားသခင်ထံ ကိုယ်တိုင်သီးသန့်ဆုတောင်းပြောဆိုခြင်းကိုဆိုလိုသည်။—⁠မဿဲ ၁၆:၂၄; ၂၂:၃၇။

၂။ ဘုရားသခင်ထံ သင့်ကိုသင်ဆက်ကပ်အပ်နှံပြီးသည့်နောက် သင်သည်နှစ်ခြင်းခံသင့် ပေပြီ။ (မဿဲ ၂၈:၁၉၊ ၂၀) နှစ်ခြင်းခံခြင်းက ​ယေဟော​ဝါထံ သင့်ကိုသင်ဆက်ကပ်အပ်နှံလိုက်ပြီဖြစ်ကြောင်း အားလုံးသောသူတို့ကို အသိပေးပေမည်။ ထို့ကြောင့် နှစ်ခြင်းခံခြင်းသည် ဘုရားသခင်ထံအမှုထမ်းရန် ဆုံးဖြတ်ချက်ချနိုင်သည့် အသက်အရွယ်ရောက်ရှိပြီးသူများအတွက်သာဖြစ်သည်။ လူတစ်ဦးနှစ်ခြင်းခံသည့်အခါ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို ရေအောက်တွင် အခိုက်အတန့်အားဖြင့် နှစ်မြှုပ်သင့်၏။a—⁠မာကု ၁:၉၊ ၁၀; တမန်တော် ၈:၃၆။

၃။ ဆက်ကပ်အပ်နှံမှုကို ပြုပြီးနောက် သင့်ကတိအတိုင်း အသက်ရှင်နေထိုင်ရန် ယေဟောဝါမျှော်လင့်တော်မူပေလိမ့်မည်။ (ဆာလံ ၅၀:၁၄; ဒေသနာ ၅:၄၊ ၅) သင့်အား ယေဟောဝါ၏အမှုတော်ထမ်းခြင်းမှ ရပ်တန့်သွားစေရန် စာတန်ကြိုးစားပြုလုပ်လိမ့်မည်။ (၁ ပေတရု ၅:၈) သို့သော် ဆုတောင်းခြင်းဖြင့် ​ဘုရား​သခင်ထံသို့ ချဉ်းကပ်ပါ။ (ဖိလိပ္ပိ ၄:၆၊ ၇) ကိုယ်တော်၏နှုတ်ကပါဌ်တော်ကို နေ့စဉ်လေ့လာပါ။ (ဆာလံ ၁:၁-၃) အသင်းတော်နှင့် နီးနီးကပ်ကပ်နေပါ။ (ဟေဗြဲ ၁၃:၁၇) သင်သည် ဤအရာအားလုံးတို့ကိုလုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်အပေါ် ဆက်သစ္စာရှိနိုင်ရန်အတွက် ခွန်အားရရှိပါလိမ့်မည်။ ဤနည်းအားဖြင့် သင်သည်ဘုရားသခင်တောင်းဆိုတော်မူရာများကို ထာဝစဉ်လုပ်ဆောင်သွားနိုင်ပါမည်တည်း!

[အောက်ခြေမှတ်ချက်များ]

a နှစ်ခြင်းခံရန်အတွက် ပြင်ဆင်ရာတွင် ထာဝရအသက်ရရှိစေသော အသိပညာ သို့မဟုတ် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေသော ထပ်တူစာအုပ်မျိုးကို လေ့လာရန် အကြံပြုပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ