ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gf သင်ခန်းစာ ၁၁ စာ. ၁၈-၁၉
  • အယူမှားဘာသာကို ငြင်းပယ်လော့!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အယူမှားဘာသာကို ငြင်းပယ်လော့!
  • သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ဆင်တူတဲ့ အကြောင်းအရာ
  • မှားယွင်းတဲ့ဘာသာက ဘုရားကို ဂုဏ်ဖျက်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဘာသာရေးအမည်ခံပြီး ကျူးလွန်သော မကောင်းမှုများ အဆုံးတိုင်မည်လော
    ဘာသာရေးအမည်ခံပြီး ကျူးလွန်သောမကောင်းမှုများ အဆုံးတိုင်မည်လော
  • ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • မဟာဗာဗုလုန်နှင့်ကင်းကင်းရှင်းရှင်းနေလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
gf သင်ခန်းစာ ၁၁ စာ. ၁၈-၁၉

အခန်း ၁၁

အယူမှားဘာသာကို ငြင်းပယ်လော့!

ဘုရားသခင်အား သင်ဝတ်ပြုသည်ကို စာတန်နှင့်သူ၏နတ်ဆိုးတို့ မလိုလားကြပါ။ တတ်နိုင်မည်ဆိုလျှင် လူတိုင်းကို ဘုရားသခင့်ထံတော်မှ လှည့်သွားစေလိုကြသည်။ ယင်းကိုသူတို့ မည်သို့ကြိုးစားပြုလုပ်ကြသနည်း။ တစ်နည်းမှာ အယူမှားဘာသာအားဖြင့်ဖြစ်၏။ (၂ ကောရိန္သု ၁၁:၁၃-၁၅) ဘာသာတရားတစ်ခုသည် ကျမ်းစာမှအမှန်တရားကို သွန်သင်မပေးလျှင် မှား၏။ အယူမှားဘာသာသည် ငွေစက္ကူအတုကဲ့သို့ဖြစ်သည်—အစစ်ဟုထင်ရသော်လည်း တန်ဖိုးမရှိချေ။ အခက်အခဲများစွာဖြစ်ပေါ်စေနိုင်၏။

စုံတွဲတစ်တွဲ ချာ့ခ်ျတွင် ဆုတောင်းနေကြ

ဘာသာရေးမှောက်မှားမှုသည် အမှန်တရား၏ဘုရားသခင် ယေဟောဝါ၏အလိုတော်နှင့် ဘယ်သောအခါမျှတွေ့နိုင်မည်မဟုတ်ပါ။ ယေရှုမြေကြီးပေါ်ရှိစဉ်အခါက ကိုယ်တော်အားသတ်ပစ်လိုသော ဘာသာရေးအုပ်စုတစ်စုရှိခဲ့သည်။ သူတို့၏ဝတ်ပြုနည်းသည် နည်းမှန်ဖြစ်သည်ဟု သူတို့ယူဆခဲ့ကြ၏။ သူတို့က “ဘုရားသခင်တည်းဟူသော ငါတို့အဘ တစ်ပါးတည်းရှိတော်မူသည်” ဟုဆိုခဲ့ကြသည်။ ယေရှုသဘောတူခဲ့သလော။ မတူခဲ့ပါ! ကိုယ်တော်က “သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏” ဟုသူတို့အားမိန့်ဆိုခဲ့သည်။ (ယောဟန် ၈:၄၁၊ ၄၄) ဘုရားသခင်အား မိမိတို့ဝတ်ပြုနေကြသည်ဟု ယနေ့လူအများယူဆကြသော်လည်း အမှန်အားဖြင့် သူတို့သည် စာတန်နှင့်သူ၏နတ်ဆိုးများကို ဝတ်ပြုနေကြခြင်းတည်း!—၁ ကောရိန္သု ၁၀:၂၀။

မကောင်းသောအပင်သည် မကောင်းသောအသီးများကိုသီးတတ်သကဲ့သို့ အယူမှားဘာသာသည် ဆိုးသွမ်းမှုပြုသူများကို ဖြစ်ပေါ်စေသည်။ လူတို့ပြုလုပ်ကြသောဆိုးသွမ်းရာများကြောင့် မြေကြီးသည် ခက်ခဲဆင်းရဲမှုများနှင့်ပြည့်နှက်လျက်ရှိ၏။ အကျင့်ယိုယွင်းမှု၊ ခိုက်ရန်ဖြစ်မှု၊ ခိုးမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ လူသတ်မှုနှင့် မုဒိမ်းမှုစသည်တို့ရှိသည်။ ဤဆိုးသွမ်းမှုများကို ပြုလုပ်ကြသူများစွာ၌ ကိုးကွယ်သည့်ဘာသာတစ်ခုရှိသော်လည်း သူတို့၏ဘာသာသည် ကောင်းမွန်ရာကိုပြုကျင့်ရန် မလှုံ့ဆော်ပေးပါ။ ဆိုးသွမ်းမှုများပြုလုပ်ခြင်းကို မရပ်စဲပါက သူတို့သည် ဘုရားသခင့်မိတ်ဆွေများမဖြစ်နိုင်ကြပါ။—မဿဲ ၇:၁၇၊ ၁၈။

ရုပ်တုများထံဆုတောင်းဖို့ အယူမှားဘာသာက သွန်သင်ပေးသည်။ ဘုရားသခင်က ရုပ်တုများထံဆုမတောင်းဖို့ မိန့်ဆိုသည်။ ယင်းသည်ကျိုးကြောင်းဆီလျော်၏။ တစ်ဦးဦးက သင့်အားဘယ်သောအခါမျှ စကားမပြောဘဲ သင်၏ရုပ်တုနှင့်သာ စကားပြောဆိုလျှင် သင်နှစ်သက်မည်လော။ ထိုသူသည် သင့်မိတ်ဆွေစစ်ဖြစ်နိုင်မည်လော။ ဖြစ်နိုင်မည်မဟုတ်ပါ။ ယေဟောဝါသည် လူတို့ကို သက်မဲ့ဖြစ်သော အရုပ် သို့မဟုတ် ရုပ်တုထံမဟုတ်ဘဲ ကိုယ်တော့်ထံစကားပြောစေလိုသည်။—ထွက်မြောက်ရာ ၂၀:၄၊ ၅။

သေနတ်ကိုင်ထားသော စစ်သားများ

အယူမှားဘာသာက စစ်ဖြစ်ချိန်တွင် သူတစ်ပါးကိုသတ်၍ရသည်ဟု သွန်သင်ပေးသည်။ ယေရှုက ဘုရားသခင့်မိတ်ဆွေများသည် အချင်းချင်းမေတ္တာထားကြမည်ဟုမိန့်ဆိုခဲ့၏။ ကျွန်ုပ်တို့မေတ္တာရှိသူကို ကျွန်ုပ်တို့မသတ်ကြပါ။ (ယောဟန် ၁၃:၃၅) လူဆိုးများကိုသတ်ခြင်းပင် မှား၏။ ယေရှု၏ရန်သူများက ကိုယ်တော်အားဖမ်းဆီးဖို့လာသောအခါ မိမိအားကာကွယ်ဖို့ တပည့်တော်များကို တိုက်ခိုက်ခွင့်မပေးခဲ့ပါ။—မဿဲ ၂၆:၅၁၊ ၅၂။

အယူမှားဘာသာက လူဆိုးများသည် မီးငရဲတွင်ဝေဒနာခံရမည်ဟု သွန်သင်ပေးသည်။ သို့သော် သမ္မာကျမ်းစာက အပြစ်တရားသည် သေခြင်းသို့ပို့ဆောင်သည်ဟု သွန်သင်၏။ (ရောမ ၆:၂၃) ယေဟောဝါသည် မေတ္တာရှင်ဘုရားသခင်ဖြစ်တော်မူ၏။ မေတ္တာရှင်ဘုရားသခင်သည် လူတို့ကို ထာဝစဉ်နှိပ်စက်ညှဉ်းပန်းပါမည်လော။ လုံးဝနှိပ်စက်မည်မဟုတ်! ပရဒိသုတွင် ယေဟောဝါနှစ်သက်လက်ခံသော ဘာသာတစ်မျိုးတည်းသာရှိလိမ့်မည်။ (ဗျာဒိတ် ၁၅:၄) စာတန်၏မုသာပေါ်အခြေပြုသော ဘာသာတရားအားလုံး ပျောက်ကွယ်သွားပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ