ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gf သင်ခန်းစာ ၁၂ စာ. ၂၀
  • သေသောအခါ မည်သို့ဖြစ်သွားသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေသောအခါ မည်သို့ဖြစ်သွားသနည်း
  • သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူသေရင် ဘာဖြစ်သွားသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • သမ္မာကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • သေလွန်သူကို ကြောက်ရွံ့သင့်သလော
    နိုးလော့!—၂၀၀၉
  • သေဆုံးသွားတဲ့သူတွေ ဘယ်နေရာမှာ ရှိနေကြသလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
gf သင်ခန်းစာ ၁၂ စာ. ၂၀

အခန်း ၁၂

သေသောအခါ မည်သို့ ဖြစ်သွားသနည်း

သေခြင်းသည် ရှင်ခြင်း၏ဆန့်ကျင်ဘက်ဖြစ်၏။ သေခြင်းသည် နှစ်ခြိုက်စွာအိပ်ပျော်သကဲ့သို့ဖြစ်သည်။ (ယောဟန် ၁၁:၁၁-၁၄) သေလွန်သူများသည် မကြားနိုင်၊ မမြင်နိုင်၊ စကားမပြောနိုင် သို့မဟုတ် အဘယ်အရာကိုမျှမတွေးတောနိုင်ကြပါ။ (ဒေသနာ ၉:၅၊ ၁၀) သေလွန်သူများသည် သူတို့၏ဘိုးဘေးများနှင့်နေထိုင်ရန် နာမ်ဝိညာဉ်ဘုံသို့သွားကြသည်ဟု ဗာဗုလုန်ဘာသာက သွန်သင်ပေးသည်။ သမ္မာကျမ်းစာက ထိုသို့မသွန်သင်ပါ။

ယာအိရု၏သမီးကို ယေရှု အသက် ပြန်ရှင်အောင်လုပ်ပေး

သေလွန်သူများသည် ကျွန်ုပ်တို့ကိုအကူအညီမပေးနိုင်သည့်အပြင် အန္တရာယ်လည်းမပေးနိုင်ပါ။ လူတို့သည် သေလွန်သူများနှစ်သက်မည်ဟု ယူဆသည့် အခမ်းအနားများနှင့် ယဇ်ပူဇော်သကာများကို ပြုလုပ်လေ့ရှိကြသည်။ ၎င်းသည် စာတန်၏မုသာဝါဒပေါ်အခြေပြုသောကြောင့် ဘုရားသခင်မနှစ်သက်ပါ။ သေလွန်သူများလည်း နှစ်သက်နိုင်မည်မဟုတ်၊ အကြောင်းမှာ သူတို့သည် သက်မဲ့များဖြစ်ကြ၏။ သေလွန်သူများကို ကျွန်ုပ်တို့ကြောက်ရွံ့ခြင်း သို့မဟုတ် ဝတ်ပြုကိုးကွယ်ခြင်း မပြုသင့်ပါ။ ဘုရားသခင်ကိုသာ ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်သင့်သည်။—မဿဲ ၄:၁၀။

သေလွန်သူများ တစ်ဖန်အသက်ရှင်ကြလိမ့်မည်။ ယေဟောဝါသည် မြေကြီးပရဒိသုပေါ်သို့ သေလွန်သူများကို ပြန်နိုးထလာစေမည်။ ထိုအချိန်မှာ အနာဂတ်တွင်ဖြစ်သည်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) အိပ်ပျော်နေသူတစ်ဦးကို သင်နိုးထစေနိုင်သကဲ့သို့ ဘုရားသခင်သည် သေလွန်သူများကို ပြန်နိုးထစေနိုင်၏။—မာကု ၅:၂၂၊ ၂၃၊ ၄၁၊ ၄၂။

ကျွန်ုပ်တို့မသေဟူသော အယူအဆမှာ စာတန်ပျံ့နှံ့စေသောမုသာဖြစ်သည်။ သေလွန်သူများ၏ဝိညာဉ်များသည် အသက်ရှင်ပြီး ဖျားနာမှုနှင့်အခြားအခက်အခဲများကိုဖြစ်ပေါ်စေသည်ဟု စာတန်နှင့်သူ၏နတ်ဆိုးများက လူတို့ကိုယူဆစေသည်။ စာတန်သည် တစ်ခါတစ်ရံ အိပ်မက်များနှင့် ရူပါရုံများအားဖြင့် လူတို့ကိုလှည့်ဖြားတတ်သည်။ လူသေနှင့်စကားပြောဖို့ ကြိုးစားသူများကို ယေဟောဝါရှုတ်ချ၏။—တရားဟောရာ ၁၈:၁၀-၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ